Microcontroller
တွေဟာပုံစံအမျိုးမျိုးနဲ့
မတူကွဲပြားတဲ့နေရာတွေကနေ
ထုတ်လုပ်မှုကြောင့်
အမျိုးအစားများစွာ ကွဲပြားနေသလိုတူညီသောနေရာတစ်ခုတည်းကနေထုတ်လုပ်ခြင်းတောင်မှ
မတူကွဲပြားတဲ့ပုံစံတွေ
လုပ်ဆောင်နိုင်မှုတွေကွဲပြားပြီး များစွာပေါ်ထွက်လာပါတယ်။ နေရာတစ်ခုတည်းကနေထုတ်လုပ်လိုက်တဲ့ Controller Board တွေ Module တွေ ဟာဆိုရင်ဖြင့် များပြားစွာကွဲပြားနေပါတယ်။ Arduino ဆိုရင် Controller Board တွေ အမျိုးအစားများစွာပေါ်ထွက်နေသလို Module တွေ Shield တွေဆိုတာဟာလဲအများကြီးပါပဲ….. အမျိုးအစားများစွာရှိတဲ့အထဲကမှ ကျွန်တော်သိသလောက်သော Board တွေ Module တွေ Shield တွေကို ဖော်ပြပေးပါမယ် အားလုံးက ပြည့်စုံချင်မှပြည့်စုံပါ့မယ် အခုဖော်ပြမယ့် အကြောင်းအရာနဲ့ အချက်အလက်တွေကို ကျွန်တော် Arduino
Website
ကနေတိုက်ရိုက်ယူသုံးထားတာပါ
လိုအပ်ချက်များနဲ့
အမှားအယွင်းများရှိခဲ့ပါက
ခွင့်လွှတ်ပေးကြဖို့ လေးစားစွာတောင်းဆိုအပ်ပါတယ်…၊
ပထမဆုံးကတော့ Arduino Board တွေကို ပုံနှင့်တကွဖော်ပြပေးပါ့မယ်..
Arduino Website မှာကတော့ Boards, Modules, Shields တွေကို Level ခွဲပြီးဖော်ပြထားပါတယ် ကျွန်တော်ကတော့ အားလုံးကို level မခွဲတော့ပဲ သီးသန့်ပဲဖော်ပြပေးပါတော့မယ်.. ကျေးဇူးတင်ပါတယ်
ARDUINO UNO
ဒါကတော့
Arduino
Uno
ဖြစ်ပါတယ်
လူသိအများဆုံးနဲ့လူသုံးအများဆုံးဖြစ်ပြီးတော့
သုံးရတဲ့အထဲမှာ အဆင်ပြေဆုံးသောတစ်ခုဖြစ်ပါတယ် တော်ရုံProjectတွေမှာ အသုံးများပါတယ် Arduino ဆိုရင် လူတော်တော်များများ Uno ကိုတန်းမြင်မှာတော့သေခြာပါတယ် ကျွန်တော်တို့လဲ Arduino ကိုစမြင်ဖူးတာ ဒီ Uno နဲ့ပါပဲ
ARDUINO MEGA
ဒါကတော့
Project
အကြီးတွေလုပ်တဲ့နေရာမှာ
အသုံးပြုကြပါတယ်၊
သူလည်းပဲလူတော်တော်များများရင်းနှီး ကြားဖူးကြမယ်လို့ထင်ပါတယ် Pin Port တွေအများကြီးပါပြီး Project အကြီးကြီးတွေလုပ်ရင် အသုံးများပါတယ် Arduino Uno လိုပဲ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်
ARDUINO ZERO
ဒီအမျိုးအစားကတော့ ကျွန်တော်လဲခုမှမြင်ဖူးတာပါ သုံးလဲမသုံးဖူးပါဘူးနောက်ထပ်ဖော်ပြပေးမှာတွေကလဲ ကျွန်တော်သုံးဖူးတာတွေမဟုတ်ပါဘူး မြင်ဖူးကြားဖူးတာတွေကို ကူးယူဖော်ပြပေးတာပါ ……