Programming
Programming ရေးသားရန် သင်ယူခြင်းသည် Ethical Hacker တစ်ဦးအတွက် အရေးပါသောလိုအပ်ချက်ဖြစ်သည်။ အသင့်ပြုလုပ်ပြီးသား Tool များကို အသုံးပြု၍ အတော်အသင့် ကျွမ်းကျင်သော Ethical Hacker တစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သော်လည်း Hacker Community ကမူ ၄င်းအား Script Kiddies တစ်ဦးအနေဖြင့်သာ ခွဲခြားဆက်ဆံကြမည်သာ ဖြစ်သည်။
Programming ကို သေချာစွာ နားလည်မှုရှိမှာသာလျှင် မိမိအသုံးပြုမည့် Tool များ၊ Exploit များ၏ အလုပ်လုပ်ပုံကို သိရှိပြီး ၄င်းတို့အား ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့ပြင် Programming အကြောင်းကို သိရှိနားလည်မှာသာလျှင် Black Hat များ အသုံးချလေ့ရှိသောလုံခြုံရေးဆိုင်ရာ အားနည်းချက်များကို သိရှိနားလည်ပြီး၊ ၄င်းအားနည်းချက်များကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ထိုမျှသာမက ကိုယ်တိုင် Exploit များကို ဖန်တီးနိုင်သူ အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။
Click လုပ်ယုံမျှနှင့်ပင် လွယ်ကူစွာ အသုံးချနိုင်သော Hacking Tool များစွာရှိသော်လည်း ၄င်း Tool များသည် မိမိကိုယ်ပိုင်ရေးသားထားသော Tool များကဲ့သို့ မိမိ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
စတင်လေ့လာခြင်း
Programming ဘာသာရပ်များကို စတင်လေ့လာရာတွင် ကြူံရလေ့ရှိသည့်အချက်များမှာ Programming သည် လေ့လာရန်ခဲယဉ်းသည်ဟုထင်မြင်ယူဆခြင်းနှင့် မြောက်မြားလှစွာသောProgrammingဘာသာရပ်များအနက်မှ
မည်သည့် Programming ဘာသာရပ်ကို စတင် လေ့လာရန်အတွက် ရွေးချယ်ရမည်ကို မသိရှိကြခြင်းပင် ဖြစ်သည်။ Programming ကို စတင် လေ့လာမည့်သူများအတွက် အကောင်းဆုံးသောရွေးချယ်ရန်ဖြစ်သော Programming ဘာသာရပ်မှာ HTML ပင် ဖြစ်သည်။ HTML ကို Internet တွင်ရှိနေသည့် မြောက်မြားလှစွာသော Website များတွင် သုံးစွဲနေယုံမျှသာမက ကိုယ်တိုင်လေ့လာသင်ယူရန်လည်း လွယ်ကူလှပေသည်။ HTML ကို Code များကို လေ့လာခြင်းသည် HTML Pages များကိုရေးသားရာတွင် အသုံးဝင်ယုံမျှသာမက၊ အခြားသော Programming ဘာသာရပ်များတွင် အသုံးပြုထားသညိ့ Code များကို လေ့လာရာတွင်များစွာအထောက်အကူပြုနိုင်သည်။
HTML ကို ကိုယ်တိုင်လေ့လာသင်ယူရန်အတွက် Saturngod ရေးသားထားသည့် Basic HTML စာအုပ်မှာ များစွာအထောက်အကူပြုပေလိမ့်မည်။ ယင်းစာအုပ်ကို http://www.saturngod.net တွင်သွားရောက်ကာ အခမဲ့ Download ရယူနိုင်သည်။
Linux
Linux သည် အခမဲ့လွတ်လပ်စွာ အသုံးပြုနိုင်သည့် UNIX နှင့် အလားသဏ္ဍာန်တူညီသည့် Open Source Operating System ဖြစ်သည်။ Hacking ဘာသာရပ်များကိုလေ့လာမည့်သူသည် Linux Operating System အကြောင်းကိုလည်း လေ့လာရမည်သာ ဖြစ်သည်။
Linux ၏ အားသာချက်များမှာ
၁။ အခမဲ့လွတ်လပ်စွာ အသုံးပြုခြင်း၊
၂။ Internet ရှိ သန်းပေါင်းများစွာသော Server များတွင် အသုံးပြုလျှက်ရှိပြီး ၄င်းတို့၏ လုံခြုံရေးဆိုင်ရာအားနည်းချက်များကို လေ့လာဆန်းစစ်မည်ဆိုပါက Linux Operating System ကိုနားလည်မှာသာလျှင် လေ့လာဆန်းစစ်ခြင်းပြုနိုင်မည် ဖြစ်ခြင်း၊
၃။ အချို့သော အစွမ်းထက်လှသည့် Hacking Programme များသည် Linux Operating System ဖြင့်သာ အသုံးပြုနိုင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။
Linux Distribution
Linux Distribution ဆိုသည်မှာ Linux Kernel ( Operation System ၏ Central Componet) နှင့် အခြား Applications များကို ပေါင်းစည်းထား ခြင်းဖြစ်သည်။ Linux ကို ယခုမှ စတင် အသုံးပြုသူများအတွက် အကောင်းမွန်ဆုံးဖြစ်မည့် Linux Ditribution မှာ Ubuntu ဖြစ်သည်။ Ubuntu သည် Install လုပ်ရန်လွယ်ကူလှသည့် အပြင် Microsoft Operating System များမှ ပြောင်းလဲအသုံးပြုကာစ လေ့လာသူများအတွက် အဆင်အပြေဆုံးဖြစ်မည့် Linux Distribution တစ်ခုလည်း ဖြစ်သည်။ Linux Distribution များအတွက် အသေးစိတ်အချက်အလက်များကို http://distrowatch.com တွင်လေ့လာကြည့်ရှုနိုင်ပါသည်။
Live CD ဖြင့် စတင်သုံးစွဲခြင်း
Live CD သည် Linux Distribution ကို စမ်းသပ်လေ့လာလိုသူများအတွက် စတင်လေ့လာရန် အတွက်သာ ဖန်တီးထားခြင်းဖြစ်ပြီး၊ Operating System ၏ လုပ်ဆောင်ချက်များကို အပြည့်အ၀ ပေးစွမ်းနိုင်မည်မဟုတ်ပေ။ Live CD ကို သုံးစွဲခြင်းဖြင့် Operating System ကို Hard Disk သို့ Install လုပ်ရန် မလိုအပ်ဘဲ CD ဖြင့် ပင် သုံးစွဲနိုင်မည် ဖြစ်သည်။ CD ပေါ်တွင်သာလည်ပတ်နေခြင်းကြောင့်အခြားပြုပြင်ပြောင်းလဲခြင်းများ ကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ RAM ကို အခြေပြု ၍သာ လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
Ubuntu CD ဖန်တီးခြင်း
၁။ www.Ubuntu.com မှ Ubuntu CD ISO File ကို Download လုပ်ယူရပါမည်။
၂။ တဖန် ၄င်း ISO File ကို CD သို့ Burn ရန် IsoRecorder ကိုလည်း
http://isoreader.alexfeinman.com/isorecorder.html မှ Download ရယူပါမည်။
၃။ IsoRecorder ကို ရယူပြီးပါက Install လုပ်ပြီးနောက် Ubuntu ISO File ကို ၄င်း IsoReader ကိုအသုံးပြုပြီး CD သို့ Burn ပါမည်။
၎။ IsoReader သာ မဟုတ်ပဲ အခြားသော ISO Burner များဖြင့်လည်း သုံးစွဲနိုင်ပါသည်။
၅။ မြန်မာပြည်တွင် အများစု သုံးစွဲနေကြသော Nero ဖြင့်လည်း ပြောင်းလဲသုံးစွဲနိုင်ပါသည်။
၆။ CD သို့ ISO Image အား Burn လုပ်ပြီးပါက Computer ကို Restart လုပ်ပြီး၊ ၄င်း Ubuntu CD ဖြင့် Boot လုပ်ကာ စတင်နိုင်မည် ဖြစ်ပါသည်။
အဆင့်သင့် သုံးစွဲနိုင်သော Ubuntu CD ကို မြန်မာနိုင်ငံရှိ CD အရောင်းဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်း Ubuntu Website မှ Download ရယူခြင်းထက်စာလျှင် CD အရောင်းဆိုင်များမှ ၀ယ်ယူခြင်းက ပိုမိုအဆင်ပြေမည်ဟု ယူဆပါသည်။
ကြုံတွေ့ရနိုင်သော အခက်အခဲများ
Ubuntu CD ကို CD Drive တွင်ထည့်သွင်းပြီး၊ Computer ကို Boot ပြန်လည်စတင်ရာတွင် Ubuntu Operating System သို့ မရောက်ဘဲ၊ Windows Operating System သို့သာ ပြန်လည်ရောက်ရှိနေပါက၊ အသုံးပြုမည့် Computer ၏ Boot Order ကို ပြန်လည်ပြောင်းလဲ ပေးရမည် ဖြစ်ပါသည်။
Boot Order ကို ပြောင်းလဲရန်အတွက် BIOS (Basic Input Output System) သို့ ၀င်ရောက် ပြင်ဆင်ရပါမည်။ ထိုသို့ပြုလုပ်ရန်အတွက် Computer ကို ပြန်လည်ကာ Restart လုပ်ရပါမည်။ BIOS Setting သို့ ၀င်ရောက်ရန်အတွက် Keyboard မှ Del သို့ Esc ကို နှိပ်ကာ ၀င်ရောက်ရပါမည်။ သို့ရာတွင် System ပေါ်တွင်မူတည်၍ Boot Setting သို့ဝင်ရောက်ရန် နှိပ်ရမည့် Key သည် ပြောင်းလဲနိုင်ပါသည်။
BIOS Setting သို့ ၀င်ရောက်ပြီးပါက Boot Sequence တွင် CD-ROM မှ စတင်ပြီး အစဉ်လိုက် Boot လုပ်ရန်ရွေးချယ် သတ်မှတ်ပေးရပါမည်။ သို့မှသာလျှင် Ubuntu Operating System အား CD မှ Boot လုပ်ကာ သုံးစွဲနိုင်မည် ဖြစ်ပါသည်။
ဆောင်ရွက်ရမည့် ကိစ္စရပ်များပြီးပါက Boot တဖန်ပြန်လည်စတင်လျှင် Ubuntu Boot Option Screen ကို အောက်ပါအတိုင်းတွေ့မြင်ရမည် ဖြစ်ပါသည်။
Linux Operating System ကို လေ့လာသင်ယူခြင်း
Ubuntu အား စတင်သုံးစွဲပြီးပါက Linux Operating System အကြောင်းကို လေ့လာသင်ယူရမည်ဖြစ်သည်။ Linux Distribution တိုင်းအတွက် အရည်အချင်းပြည့်ဝပြီး၊ အတွေ့အကြုံကြွယ်ဝလှသည့် Linux သမားများ၏ အကူအညီများကို Mailing Group များ၊ Forum များနှင့် များပြားလှသည့် စာအုပ်စာတမ်းများမှ ရရှိနိုင်ပြီး ကိုယ်တိုင်လေ့လာသင်ယူနိုင်မည် ဖြစ်သည်။ Linux နှင့် ပက်သက်သော နည်းပညာလိုအပ်ချက်များအတွက် Linux UNIX နှင့် Open Source ကဏ္ဍတွင် ဆွေးနွေးလေ့လာ မေးမြန်းနိုင်ပါသည်။
Linux ကိုလေ့လာလိုသူများအတွက် ဖတ်ရှုလေ့လာသင့်သော စာအုပ်များမှာ
Linux OS (Open Source Operating System)
Ubuntu Linux for Dummies
Linux for Dummies
စသည့် စာအုပ်များကို ဆက်လက်လေ့လာ ဖတ်ရှုသင့်ပါသည်။
ထို့ပြင် Linux Website နှင့် Forum များတွင်လည်း သွားရောက်လေ့လာသင့်ပါသည်။ သို့မှသာလျှင် အချိန်နှင့်အမျှ ပြောင်းလဲနေသော နည်းပညာရပ်များကို လေ့လာနိုင်မည် ဖြစ်ပါသည်။
Official Linux
http://www.linux.org
Begin Linux
http://www.beginlinux.org/
Linux Tutorial
http://www.linux-tutorial.info/
Linux OS ကို စတင်သုံးစွဲခြင်းသည်ပင် Hacking နည်းပညာရပ်များကို စတင် လေ့လာခြင်းလည်း ဖြစ်သည်။ Windows ၏ Password ဖြင့် ကာကွယ်ထားသော Administrator Account User Account စသည်တို့၏ Password ဆိုင်ရာ အချက်အလက်များကို သိမ်းဆည်းထားသော SAM File ကို Linux Live CD ဖြင့် Boot လုပ်ကာ အလွယ်တကူ ကူးယူနိုင်ပြီး၊ SAM Inside ကို အသုံးပြုကာ အချိန်တိုအတွင်မှာပင် အလွယ်တကူဖြတ်ကျော်နိုင်သည်။ Windows OS ဖြင့် လည်ပတ်ဆောင်ရွက်နေချိန်တွင် SAM File ကို ကူးယူခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကို လုပ်ဆောင်ရန်မှာ မလွယ်ကူပါ။