၁။ သင်ဟာ လူတစ်ဦးတစ်ယောက်ရဲ့ ရှေ့ မှာ၊ တစ်ပြားတစ်ချပ်မှ တန်ဖိုးမရှိတာ ဖြစ်ရင်ဖြစ်မယ်။
နောက်လူတစ်ဦးရဲ့ ရှေ့ မှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာသဖွယ် ဖြစ်နေတတ်ပါတယ်။ မိမိတန်ဖိုးရှိရာ
ကို သိပါ။ တန်ဖိုးရှိတဲ့နေရာမှာပဲ ရပ်တည်မယ်။
၂။ စိတ်ပျက်စရာမကောင်းဆုံးနဲ့ မတန်ဆုံး “ အလွမ်း” ဆိုတာ၊ တစ်ဘက်သားက မင်းလွမ်းနေတာကို
မသိလို့ မဟုတ်ပါ။ သိရဲ့ သားနဲ့ အရေးမစိုက်ခြင်းဖြစ်တယ်။ မင်းသူ့အပေါ် ဘယ်လောက်ပဲ ကောင်းကောင်း၊
သူဂရုမစိုက်ပါဘူး၊ သူ့ရဲ့ စိတ်ထဲမှာ မင်းအတွက် နေရာပေးမထားလို့ပါ။
၃။ တကယ်လို့ အဆုံးဆုံး အခြေအနေဟာ သူတစ်ပါးရဲ့ “ No ” ဆိုတဲ့ ငြင်းဆိုခြင်း အဆင့်ပဲ
ရှိမယ်ဆိုရင်၊ သတ္တိမွေးပြီး သင်စမ်းကြည့်သင့်ပါတယ်။
၎။ စိတ်အင်အားကောင်းမွန်တဲ့ အမျိုးသမီးတစ်ဦးရဲ့ နောက်ကွယ်မှာ၊ သူ့ကို ယုံကြည်မူတည်ဆောက်ပေးတဲ့
ဖေးမကူညီတဲ့ ယော့က်ျားကောင်းတစ်ယောက် ရှိနေတတ်တယ်။ စိတ်အင်အားကောင်းတယ်ဆိုတာ
ဂုဏ်ယူမောက်မာတာမဟုတ်သလို၊ အပေါ် စီးကနေ ပြောဆိုဆက်ဆံတာလည်း မဟုတ်ပါ။ သူမဟာ
ယဉ်ကျေးသိမ်မွေ့တယ်။ အမြဲပြုံးရွှင်နေတတ်တယ်။ သူများကို စိတ်ချမ်းသာအောင်ပြောဆိုတတ်ပြီး
ရပ်တည်ချက် ခိုင်မာတယ်။ တစ်ခါတစ်လေ တည်ကြည်ပြီး ပြတ်သားတတ်တယ်။
၅။ မိန်းခလေးတစ်ယောက် ပြူတင်းပေါက် အပြင်ကို လှမ်းကြည့်ပြီး ပူပူဆွေးဆွေး ငိုကြွေးနေပါတယ်။
ပြူတင်းပေါက် အပြင်မှာ သူမချစ်လှတဲ့ ခွေးကလေးကို မြုပ်နှံနေပါတယ်။ သူမအဖိုးရောက်ရှိလာပါတယ်။
နောက် ပြူတင်းပေါက်တစ်ပေါက်ဆီကို ဆွဲခေါ် သွားပါတယ်။ ပြင်ပမှာ နှင်းဆီပန်းများပွင့်လန်းနေပါတယ်။
အဖိုးက သူ့မြေးမကို ပြောလိုက်ပါတယ်။ “ သမီးလေးက ပြူတင်းပေါက်မှားဖွင့်မိတာကိုး” ၊ မိန်းခလေး
အငိုတိတ်သွားပါတယ်။ နှင်းဆီခြံထဲမှာ ပျော်မြူးနေတဲ့ လိပ်ပြာတွေကြည့်ပြီး သူမပြုံးသွားပါတယ်။
လူတိုင်းအတွက် မှန်ကန်တဲ့ ပြူတင်းပေါက်ဖွင့်မိဖို့လိုပါတယ်။
၆။ ကိစ္စပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လှပကောင်းမွန်နေပါစေ၊ ဘယ်လောက်ပဲ
သံယောဇဉ် ကြီးနေပါစေ၊ နောက်ဆုံး ရလဒ်တစ်ခုခု၊ အဖြေတစ်ခုခု မထွက်ပေါ် နိုင်ခဲ့ရင်
လက်လွတ်တတ်ရပါမယ်။ လက်မလွတ်တတ်ရင် စိတ်ထောင်းကိုယ်ကျေ ဖြစ်တတ်လို့ပါ။
ဘာကိစ္စပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ တစ်ချိချိန်မှာ အတိတ်ဖြစ်သွားနိုင်ပါတယ်။ အတိတ်ကို
အနှောင့်အဖွဲ့ကို လွတ်မြောက်တတ်အောင် နေတတ်ဖို့ လိုပါတယ်။ အတိတ်ကို လှလှပပ
နူတ်ဆက်တတ်ဖို့လိုပါတယ်။ လိုအပ်လာရင် အတိတ်ကို ပိုင်းဖြတ်ထားတတ်ဖို့ လိုပါတယ်။
၇။ နေ့တိုင်းနေ့တိုင်း နိုးလာချိန်မှာ ရွေးချယ်မူ ၂ ခုရှိပါတယ်။နိုးလာပြီ၊ ဆက်အိပ်မယ်၊
အိမ်မက်လှလှလေး ဆက်မက်မယ်။ နိုးလာပြီ၊ ထမယ်၊ အိမ်မက်ကို သွားအကောင်အထည်ဖေါ်မယ်။
၈။ သူဟာ သင်နဲ့ နေ့တိုင်းစကားများကောင်းများနိုင်ပါတယ်။ ဒါပေမဲ့ သင့်ကို ဘယ်တုန်းကမှ
အပြစ်မမြင်ခဲ့ဖူးပါ။ အချို့သောသူများကျတော့ ကတောက်ကဆလေးတောင် မဖြစ်ဖူးဘူး၊
သင့်ဘ၀ကနေ ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့်မို့လို့၊ အေးတိအေးစက်ရှိခြင်းဟာ ရန်ဖြစ်တာထက် အများကြီးပိုမိုကြောက်စရာ ကောင်းပါတယ်။
၉ ။ သင်လူအများကြီးသိတယ်၊ လူအများကြီးနဲ့လည်း ခင်မင်တယ်။ သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊
အားလုံးရဲ့ နှစ်သက်မူကို သင်မရရှိနိုင်ပါဘူး၊ အားလုံးကိုလည်း သင်မကျေနပ်စေနိုင်ပါဘူး၊ ဒါကြောင့်၊
သင်ဖြစ်ချင်တဲ့လူပဲ ဖြစ်မြောက်အောင် သင်ကြိုးစားသင့်ပါတယ်။
၁၀။ တစ်ခါတစ်လေတော့ တစ်ချက်တစ်လေလောက် နောက်ပြန်လှည့်ကြည့်သင့်ပါတယ်။ အမြဲတမ်းပဲ
ရှေ့ကိုတိုးနေတဲ့ လူတစ်ယောက်အဖို့၊ ဘာဆုံးရူံးသွားတယ်ဆိုတာ သတိမူမိမှာ မဟုတ်လို့ပါ။
၁၁။ လူ့ဘ၀ဆိုတာ ရွေးချယ်မူပါ။ သင်ဒီလမ်းကို ရွေးတယ်၊ ဒီလမ်းကို လျှောက်လိုက်တယ်။ လမ်းမှာရှိတဲ့
လူနဲ့ ရူ့ခင်းများကို သိကျွမ်းသွားတယ်။ တကယ်လို့ ဒီလမ်းမဟုတ်ပဲ၊ အခြားလမ်းကြောင်းတစ်ခု
ရွေးချယ်ခဲ့တယ်ဆိုရင် မတူညီတဲ့လူနဲ့ မတူညီတဲ့ရူ့ခင်း သင်ကြုံရမှာပါ။ အချို့ လူဟာ သင်နဲ့အတူသွားလို့ရတယ်။
အချို့လူများကျတော့ နေရာဟောင်းမှာပဲ နေခဲ့တယ်။ အချို့လည်း အခြားလမ်းကြောင်းကို ရွေးချယ်တယ်။
သင်နဲ့အတူလျှောက်လှမ်းနေတဲ့လူများလည်း နောက်လမ်းဆုံလမ်းခွအသစ်မှာ သင်နဲ့ လမ်းခွဲသွားနိုင်ပါသေးတယ်။
ဒါသဘာဝကျပါတယ်။ လှလှပပ လက်ဝှေ့ ရမ်းပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ နူတ်ဆက်လိုက်ပါ။ ခွဲရမဲ့လူဆိုတာ
ခွဲရမှာပါပဲ။ သင်ပြုလုပ်သင့်တာက ခရီးတစ်လျှောက်လုံးမှာရှိတဲ့ တန်ဖိုးထားသင့်တဲ့ လူနဲ့ရူ့ခင်းများကို တန်ဖိုးထားနိုင်ပါစေ။
၁၂။ တစ်ဦးတစ်ယောက်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် မချုပ်ချယ်ပါနဲ့၊ လက်လွတ်လိုက်ပါ။
သူသင့်ဆီကို ပြန်လာခဲ့တယ်ဆိုရင် သင်နဲ့ သက်ဆိုင်သွားပါပြီ။ တကယ်လို့ မပြန်လာခဲ့ရင်ကော၊ သင်ဟာကို မဟုတ်ခဲ့လို့ပါ။
၁၃။ ယုံကြည်ခြင်းဟာ ခဲဖျက်နဲ့တူပါတယ်။ အမှားအယွင်းကြားမှာ ဖျက်ရင်းဖျက်ရင်းနဲ့ လုံးပါးပါးသွားပါတယ်။
၁၄။ လူတစ်ယောက် သိမ်ငယ်နေတဲ့ အချိန်မှာ ဘာကိုမှ အားတက်တရော မရှိနိုင်ပါ။ အဲဒီအခါမျိုးမှာ
အာရုံပြောင်းလဲတတ်ရပါမယ်။ လက်တွေ့တောင်ဖြစ်နေမှတော့ လက်ခံနိုင်အောင်ကြိုးစားကြည့်တာပေါ့၊
ရင်ဆိုင်ကြည့်တာပေါ့၊ လူဆိုတာ ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်သလို၊ ပတ်ဝန်းကျင်လည်း သင့်အတွက်နဲ့
ပြောင်းလဲသွားမည် မဟုတ်ပါ။ ကျနော်တို့ ကြိုးစားနိုင်တာက ၀င်ဆန့်နိုင်ဖို့ပါ။
၁၅။ မချစ်သောလည်း အောင့်ကာနမ်းတယ်၊ နမ်းရင်းနမ်းရင်းနဲ့ အဆင်ပြေသွားတယ်၊ မတည့်တဲ့လူနဲ့
အဆင်ပြေအောင်ပေါင်းသင်းတယ်။ ပေါင်းသင်းရင်းနဲ့ အဆင်ပြေသွားတယ် ဆိုပါစို့၊ ဒါတွေအားလုံးဟာ
ဟန်ဆောင်မူ မဟုတ်ပါ။ သင်ပိုမို ရင့်ကျက်လာခြင်းကိုသာ ကိုယ်စားပြုပါတယ်။
၁၆။ သင်ဟာ လူတစ်ဦးတစ်ယောက်အတွက် ခွင့်လွတ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်ပြီး
ခဏခဏ အလျှော့ပေးဖူးပါသလား၊ သူ့အတွက် အကြောင်းပြချက်မျိုးစုံကို ရှာဖွေပြီး ခွင့်လွတ်နိုင်ဖို့ ကြိုးပမ်းခဲ့ဖူးပါသလား၊
တကယ်လို့ ရှိခဲ့ရင်၊ တစ်ခုတော့ သေချာသွားပြီ၊ သူသင့်ကို သိပ်မချစ်ပါ။