ရန်ကုန် ပြန်ရောက်တော့ နေရ ထိုင်ရ ပင်ပန်းလှသည် အဘယ်ကြောင့်နည်း ပူပြင်းလှတဲ့ ရန်ကုန်နေရဲ့ အပူရှိန်က လူကို စပ်ဖျင်းဖျင်းနှင့် နေရထိုင်ရ ခက်အောင် ပြုလုပ်နေသည် အဲယားကွန်းမနိုင် ပန်ကာ မနိုင်လောက်အောင် အဘယ်အငြိုးနဲ့များ ပူပြင်းနေရသည်တော့ မသိပေ မြန်မာနိုင်ငံ အမြီးဖျား ဒေသများတွင်တော့ နေရထိုင်ရ အသက်ရှုရ လွတ်လပ်သည် အေးမြသည် လတ်ဆတ်သည် နေဘယ်လောက် ထွက်ထွက် တောင်တန်းကြီးတွေရဲ့ အအေးဓာတ်ကိုတော့ ကျော်လွှားနိုင်ခြင်းမရှိပေ နေ့ ခင်းနေ့ လည် ထိတောင် မြူခိုးများဆိုင်းလျက် တောင်ခြေ တောင်ဖျား တောင်ထွတ်နားတို့ တွင် တိမ်ဆိုင်များ ဆော့ကစားလျက် ရှိနေကြသေးသည် ထို့ ကြောင့် လွမ်းမိပါသည်