ဟိုရက်က ခရီးကပြန်လာတော့ သူငယ်ချင်းတစ်ဦးက Childhood's Friends ဂရုတစ်ခုထဲ ထည့်ပေးထားတယ် group ထဲမှာ Stateကျောင်းသားဘဝတုန်းကပြောမနာဆိုမနာ သူငယ်ချင်းတွေ အားလုံး တွေ့လိုက်ရတော့ ဝမ်းသာကြည်နူးမိတယ်။ ကိုယ်တိုင်ကလည်း ဟိုရက်ကမှ လက်ပစ်ဗုံးတွေ ကျည်ဆန်တွေကြားထဲက ပြန်လာခဲ့တာဆိုတော့ နည်းနည်းတော့ သွေးပျက်ချင်နေတယ်။ ကချင်ပြည်နယ် တောင်တန်းတွေပေါ်မှာ ကလေးငယ်တွေ စာသင်ပေးပြီး။ ပြန်လာတော့မန်းလေးက သူငယ်ချင်း ပြည့်ဖြိုးဆီ ဝင်လည်ရင်းနဲ့" ခုလိုဂရုလေးဖွဲ့ထားမယ် ဦးဇင်းအတွက် အထောက်အပံ့တစ်ခုဖြစ်တာပေါ့ဆိုပြီး " စိတ်ကူးအတိုင်း သူငယ်ချင်းတွေစုပြီး အားတတ်သရောပံ့ပိုးပေးတဲ့ မျိုးမင်းတို့  ကိုဖြိုးတို့ နဲ့အတူ သူငယ်ချင်းတွေ အားလုံးရဲ့ ဆန္ဒကြောင့် အတိုင်းမသိ ပီတိဖြစ်မိပါတယ်။
" ဦးဇင်းက ကာယအားရယ် ၊ စိတ်အားထက်သန်တာရယ်ပဲ ရှိပါတယ် " တို့ တစ်တွေအားလုံး ငယ်ငယ်က မပူမပင် မကြောင့်ကြဘဲနဲ့ ပညာတွေသင် ကြီးပြင်းလာတော့လည်း သာသာယာယာပဲ ဘဝကိုဖြတ်သန်းလာခဲ့ကြပြီး လုပ်ငန်းခွင်ဝင်နေတဲ့အချိန်မှာ ကိုယ့်လက်ကမ်းလို့  မမှီနိုင် မရောက်နိုင်တဲ့ နေရာဒေသတစ်ချို့မှာတော့ ဒုက္ခပင်လယ်တွေဝေပြီး အသိပညာ၊ အတတ်ပညာ ချို့တဲ့နေကြတဲ့ အနာဂတ်ရဲ့ ကလေးငယ်ငယ်လေးတွေ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီတော့ မရောက်ရောက်အောင်သွားပြီး အစာကျွေးတယ် ပညာပေးတယ် ။ဒါပေမဲ့ အားရကျေနပ်ခြင်းမရှိခဲ့ဘူး။ လူပင်ပန်းခံနိုင်ပေမဲ့လည်း ကလေးတွေရဲ့ လိုအပ်ချက်တွေ များလာလေ စိတ်ထဲမှာပင်ပန်းလေဖြစ်မိပါတယ်။
ဒါပေမဲ့ ဦးဇင်းကိုယ်တိုင်က ပညာရှာ ပညာသင်နေတုန်းမို့ သူတို့ လေးတွေကို ပေးချင်သလောက် ပေးနိုင် ကျွေးချင်သလောက် ကျွေးနိုင်တဲ့ အနေအထားမျိုးတော့မရှိပါဘူး ။ဒီလိုနဲ့ ကိုယ်ရထားတဲ့ စာအုပ်စာတမ်းတွေ ခဲတံဘောပင်လေးတွေစုပြီး စာမေးပွဲပြီးလို့  စာသင်တိုက်ပိတ်တဲ့အချိန်လေးတွေမှာ ဝေးလံခေါင်သီတဲ့ နေရာတွေသွားပြီး ကလေးတွေ ပြုစုပျိုးထောင်နေရပါတယ်။ ဒါဂုဏ်ဖော်ပြတာမဟုတ်ပါဘူး။ လောကကြီးကို နိုင်သလောက်ကျေးဇူးပြုနေတယ်ဆိုတာ သိစေချင်တာပါ။ ခုလိုရည်ရွယ်ထားကြောင်းပြောပြတော့ သူငယ်ချင်းတွေကလည်း ဦးဇင်းနဲ့ အတူ လိုက်ပါချင်တယ။် ဦးဇင်းလုပ်သမျှ နောက်ကနေ ပံ့ပိုးပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်။ ဒါတွေအားလုံးကို မန်းလေးကနေ စတင်ခဲ့တယ်ပြောရမယ် ။မန်းလေးမှာ နှစ်ရက်ကြာနေထိုင်ခဲ့တာ အကျိုးကျေးဇူးတော်တော်ရခဲ့ပါတယ် MSC ရဲ့ Admin ကိုသက် ရယ် ၊ ကိုဟိန်းတို့ ရယ်နဲ့ တွေ့ဆုံလိုက်ခြင်းက ခွန်အားဖြစ်စေတယ်။ အဖွဲ့အစည်းရဲ့ ခွန်အားတစ်ခုကို မြင်လိုက် သိလိုက်ရတယ် ။ဒါကြောင့် State ကျောင်းသားဘဝက သူငယ်ချင်းတွေ စုခိုင်းပြီး ပရဟိတ အသင်းငယ်လေးပုံစံ ထူထောင်လိုသောစိတ်များ ဖြစ်ပေါ်လာခဲ့ပါသည်ဟု ဆိုရင်း. . . . . . .
မိမိအားချစ်သူ မုန်းသူ ထိုထိုလူ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ