" ဟာ ဦးပု ငိုနေတာလား " မိမိနှင့်အရင်းနှီးဆုံး သူငယ်ချင်းများကတော့ မိမိ အရပ်ပုသည်ကို အစွဲပြုပြီး ဦးဇင်းပု ဦးပု စသည်ခေါ်လေ့ရှိသည် ။ မိမိကို ငိုနေတာလား မေးနေတဲ့ သူ့ ခမျာလည်း နှပ်တွေ ရှုံလိုက် သွင်းလိုက်နှင့် စိတ်ထဲမှာ ဂရုဏာ ရသအပြည့်အဝ ခံစားနေရရှာသည် ။ ဒီနေ့ က စနေနေ့  ဝါဆိုလပြည့်နေ့ ဆိုတော့ စာသင်စာချ နားရက်လေးပေါ့ ။ ခါတိုင်းဆို နေ့ လည် နေ့ ခင်း ကျိန်းစက်ကြပေမဲ့ ဒီနေ့ က ဦးဇင်းတစ်ပါး ဒေါင်းလုဒ်ဆွဲလာသည့် " ငဒူ " ဆိုတဲ့ ဇာတ်ကားလေး ဝိုင်းဖွဲ့ကြည့်ရင်း ဂရုဏာတွေ ဖြစ်မိတာပေါ့ ။
" ငဒူ " ဇာတ်ကား ရုံတင်တာတော့ကြာပြီ ။ အခန်းတိုလေးတွေ ကြည့်မိကတည်းက ငဒူကို ကြည့်ချင်နေခဲ့ကြသည် ။ ရုပ်ရှင်ရုံလည်း ဝင်ကြည့်မရ ။ ရုံတင်ကားကြီး ရုံကကျပြီဆိုလျှင်လည်း ကြည့်ရဖို့ က အချိန်ယူစောင့်ရသေးသည် ။ တစ်ချို့ကလည်း မြင့်မြတ်ကို ကြိုက်လို့  ကြည့်ကြသည် တစ်ချို့ကလည်း ရွှေမှုန်ရတီကို ကြိုက်လို့ ကြည့်ကြသည် ။ မင်းသားစွဲ မင်းသမီးစွဲအပြင် ဇာတ်လမ်းဇာတ်ကွက်ကို သဘောကျလို့  ကြည့်ချင်ကြသည်သူများလည်းရှိပါသည် ။ မိမိကတော့ ရွှေမှုန်ရတီကို သဘောကျသည် ( ဟီးဟီး ) မြင့်မြတ်ကိုတော့ လေးစားမိသည် ။ သရုပ်ဆောင်ဆိုတာကိုမေ့ပြီး တကယ်ငဒူ ငနုံငအ တစ်ယောက်အဖြစ် ပရိတ်သတ်ရင်ထဲကို ရိုက်သွင်းပြနိုင်ခဲ့သည် ။
တကယ်တော့ ငနုံငအ ဆိုတာက ဦးနှောက်ထက် နှလုံးသားပိုကြီးပြီး နှလုံးသားကခိုင်းတဲ့အတိုင်း လိုက်လုပ်တတ်တဲ့သူဆိုတဲ့ မက်ဆေ့လေးရမိတယ် ။ တစ်ကားလုံးမှာ ငဒူ လုပ်သမျှဟာ သူအတွက်မပါပဲ အများကို ကူညီလိုစိတ် ပျော်ရွှင်လိုစိတ်နဲ့ လုပ်ပေးခဲ့တာချည်းပဲ ။ ဒါပေမဲ့ ဦးနှောက်က နှလုံးသားထက်စာရင် အနည်းငယ်သေးငယ်နေတော့ သူ့ ခမျာ အလွဲအချော်တွေသာ လုပ်မိတာပေါ့ ။ ဒါပေမဲ့ ကိုယ်ကောင်း ခေါင်းမရွေ့ပါဘူးဆိုတဲ့ စိတ်နဲ့သူစေတနာရှေ့ထားပြီး လူတွေကို ကူညီမြဲပဲ ။ အမြဲတမ်းလည်း လွဲချော်မြဲပေါ့ ။ တစ်ခါတစ်လေ အနိုင်ကျင့်ခံရသေးတယ် ။ အထင်အမြင်မှားလို့ လည်း အထိုးအကြိတ်ခံရသေးတယ် ။ ဒီအရာတွေ အာလုံးကို ကျပ်မပြည့်သူတစ်ယောက်ကခွင့်လွှတ်နိုင်စွမ်းရှိတယ် ။ ဇာတ်ကားထဲမျောနေတဲ့ မိမိတို့ သာ ဘေးကအားမလိုအားမရ ဖြစ်မိတော့တာပေါ့ ။ အဓိက အဲ့ဒါပါပဲ ပရိတ်သတ်ကို ပေးချင်တာ ဂရုဏာရသ အပြည့်အဝပဲ ရလိုက်ပါတယ် ။
" ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်ပဲပြောပြော " " ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးပဲ ပြောပြော " ငဒူ ဘဝကို စာနာမိ၍ မျက်ရည်လေးတော့ကျခဲ့သည် ။ ဘာလို့ လဲဆိုတော့ မျက်စိနဲ့ မကြည့်ဘဲ နှလုံးသားနဲ့ကြည့်တာမို့ ခံစားရပါသည် ။ ဇာတ်ကားကြည့်ရင်း သင်ခန်းစာတွေလည်းရသည် ။ ဘာလဲဆိုတော့ ကျပ်မပြည့်တဲ့ငနုံငအ တစ်ယောက်မှာတောင် အများအတွက် စေတနာတွေ ထားနိုင်တယ် ။ ငါကလူကောင်း သူ့ လို ထားနိုင်ရမယ်ပေါ့ ။ ငဒူ ဦးနှောက်မပြည့်ပေမဲ့ခွင့်လွှတ်နိုင်စွမ်း သည်းခံနိုင်စွမ်းရှိတယ် ။ ငါတို့ က လူကောင်း ဘာလို့ ခွင့်လွှတ်သည်းခံခြင်း မရှိနိုင်ရမလဲ ။ ဆိုပြီးတော့တွေးမိပါသေးတယ် ။ နောက်ဆုံး ကလေးတွေကို မီးထဲ အသက်စွန့် ကယ်ရင်း သူဖြစ်ချင်ခဲ့တဲ့ မိဘမဲ့ဂေဟာလေးဆောက်ပြီးသွားတာကိုတောင် သူ့ ခမျာ မမြင်တွေ့လိုက်ရရှာဘူး ။ အဲ့ဒါက ပိုပြီးရင်ကိုထိသည် ။ ဒါကြောင့် ငဒူ ဇာတ်ကားလေး ကြည့်စေချင်ပါသည် ။ ဟာသ ရသ ဂရုဏာရသ အပြည့်အဝရပါလိမ့်မည်ဟုသာ. . . .