သာယာတဲ့ မနက်ခင်းတိုင်းကို ကြည်နူးပျော်ရွှင်စွာ နိုးထနိုင်ကြပါစေ။ တစ်နေ့ တာလုံး ကံကောင်းစေဖို့ အတွက် နည်းလေးတစ်ခုပေးချင်ပါတယ်။ မျက်နှာသစ်တဲ့အခါ ရေခွက်လေးကိုင်ပြီး သုံးမိနစ်လောက်ပေါ့။ စိတ်ထဲကနေ ရွတ်ဆိုလိုက်ပါ ခုနှစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေ။ ဘေးဒုက္ခအပေါင်းတို့ မှ ကျော်လွှားနိုင်ကြပါစေ။ မိမိပေးပို့ သော မေတ္တာကြောင့် အပြုံးပန်းများဆင်နိုင်ကြပါစေ ဆိုပြီး သုံးခေါက်လောက် မေတ္တာမျှဝေပေးလိုက်ပါ။ ပြီးလျှင် မိမိ မျက်နှာကို ပုံဖော်ပြီး အထက်ပါအတိုင်း မေတ္တာပို့ ပေးပါ။ မေတ္တာအားကြီးရင် ကြီးသလို ချက်ချင်းလက်ငင်းကို အကျိုးရရှိပါတယ်ဗျာ။