ဟိုရက်က ကချင်ပြည်နယ် မြစ်ကြီးနားကနေပြန်လာတော့ ဂရုထဲက မိတ်ဆွေတွေဖြစ်တဲ့ နဲ့တွေ့ချင်လို့  ရန်ကုန်ထိမလိုက်သွားတော့ပဲ စစ်ကိုင်းမှာပဲ ဆင်းကျန်နေခဲ့တယ် ။မှတ်မှတ်ရရ မနက် သုံးနာရီ ကျော်ကျော်လောက်ပေါ့ ။ဒါနဲ့ ကိုအာကာဆီ ဖုန်းဆက်ပြီး မလာခင်လေးမှာ စစ်ကိုင်းမြို့တည်ခဲ့တဲ့ အသခ်ယာစောယွမ်းမင်းတရားကြီးရဲ့ ရုပ်ထုကြီးနဲ့ ဆယ်ဖီလေး ဘာလေးဆွဲလိုက်သေးတယ်။ ခနနေတော့ ကွာကာ ရောက်လာပြီး သူ့ ရဲ့ တိုက်ကိုခေါ်သွားတာပေါ့ ။တစ်ရေးပြန်အိပ်ပြီး မနက်မိုးလင်းတော့ ကိုအာကာဖွင့်ထားတဲ့ New Desing Mobile ဆိုင်ဘေးက လက်ဖက်ရည်ဆိုင်မှာ မနက်စာစားပြီးနောက် စစ်ကိုင်းဆွမ်းဦးပုညရှင်စေတီတော်ကို သွားပြီး ဖူးမြော်ခဲ့ကြသည် ။
ဘုရားပေါ်က စစ်ကိုင်းတောင်ရိုးကြီးကို ကြည့်လိုက်ရင် လွမ်းမောဖွယ်ရာ တောင်တန်းကြီးများ၊ ချိုင့်ဝှမ်းများအားလုံးလိုလို စေတီ ဘုရား ပုထိုး ကျောင်းကန်များဖြင့် သာသနာထွန်းကားရာနယ်မြေတစ်ခု၏ ပြယုဂ်သဖွယ်မြင်တွေ့ရပေသည်။ စစ်ကိုင်းအကြောင်းပြောကြရင်း ၏အသုပ်တွေကို ဘုရားမှာ ရောင်းတယ်ဆိုလို့  အသုပ်ဒကာ ကိုအာကာက ( ဆွမ်းမပါ အသုပ်သက်သက် ကပ်သောကြောင့် ) တရုတ်စကားပွင့်သုတ်၊ လက်ပံပွင့်သုတ်၊ ကုက္ကိုရွက်သုပ် နာမည်တော့ မှားနိုင်သည် ။ဘာရွက်တွေ သုပ်ထားမှန်းပင်မသိတော့ပါ ထိုအသုပ်များဖြင့် ကျွေးမွေးဧည့်ခံပြီး ဘုရားပေါ်က ပြန်လာတော့ မန္တလေးသို့  လိုက်ပို့ လေသည်။
ဧရာဝတီ တံတားကြီးကိုဖြတ၊် မန္တလေး ကန်တော်ကြီးကိုပတ်ပြီး MSC ရဲ့ Admin တစ်ဦးဖြစ်တဲ့ ကိုသက် နှင့် အတူ ကိုဘီလျံနာဟိန်း၊ စောအယ်ဒို၊ စိုးလင်းဦး စတဲ့ MSC အဖွဲ့သားများနှင့်လည်း ဆုံတွေ့ခွင့်ရခဲ့သည်။ ရီကာမောကာ ပျော်ပျော်ပါးပါး ဆွေးနွေးတိုင်ပင်ပြီး ကိုအာကာ ကရန်ကုန်မှာ စီးပွားရေးဈေးကွက် ချဲ့ထွင်ဖို့ ဟုဆိုကာ အစောကြီးပြန်သွားလေသည်။ မိမိလည်း သိပ်မကြာခင်မှာပင် သူငယ်ချင်းအိမ်သို့ သွားပြီး မန်းလေးမှာ တစ်ရက်ထပ်နေရင်း မရောက်ဖူးသောနေရာများ လိုက်သွားနေပါသည်ဟုဆိုရင် ဒီမှာပဲ ရပ်ပါမည်လို့ ။