ပျော်ရာမနေ တော်ရာနေရ
ရေကြည်မြက်နု ရှာမှုမပြုနဲ့
နောက်ကျိသောရေ ရင့်ရော်သောမြက်
ကိုယ့်လက်ထက်မှာ ကိုယ်စွမ်းပြ၍
မကြည်ကြည်အောင် မနုနုအောင်
ကိုယ်ထူကိုယ်ထ ကြိုးစားမှသာ
လူတော်ဟုမှတ် ဆည်းကပ်အပ်၏
ထိုထိုဆုံးမ ဟောညွှန်ပြသည့်
သီတဂူမည်ရ ဆရာတော်ဘုရား၏
ဇွဲလုံ့ လထုံး နှလုံးမူကာ
ငါ့ပြည်ငါ့ရွာ ငါတို့ သာသနာ
သာယာစေမှု လုံ့ လပြုအံ့. . .