ကန့် ဘလူ ဘူတာမှ ည၉ နာရီလောက် ရထားဖြင့်ထွက်လာခဲ့သည်။ လက်မှတ်က ရိုးရိုးတန်းပင်ရသည်။ အထက်တန်းများ ရောင်းကုန်သွားသည်ဟုဆိုကာ မရောင်းတော့ပေ ရိုးရိုးတန်းလည်း ရိုးရိုးတန်းပေါ့။ ညရထားဆိုတော့ အိပ်ပြီးလိုက်သွားပြီးတာပဲ ဆိုတဲ့အတွေးက ရီစရာတောင်ကောင်းသေးသည်။ ခုန်လိုက်တဲ့ ရထား ငြိမ်ငြိမ်ပင်နေလို့ မရ။ ဒီကြားထဲ ခြေထောက်တစ်ဖက်စာချဖို့  နေရာပင်မတွေ့ ခုံအောက်မှာ လူဝင်အိပ်နေပြန်တော့ ခြေထောက်ချသည်နှင့်  မျက်နှာနှင့် တန်းနေသည်မို့  အတတ်နိုင်စုံး ကိုယ်ကိုကြုံ ခါးနာ ခြေထောက်နာခံပြီး လိုက်လာလိုက်တာ မနက် ၁၀ နာရီလောက်တော့ နမ္မတီး ရောက်သည်။ ဒါနဲ့ ဘယ်လိုမှ မနေနိုင် ဆင်းသာနေခဲ့ပြီး အသိသူငယ်ချင်းဆီ ဝင်နေလိုက်ရတော့သည်။ စိတ်ညစ်လားမေးရင်တော့ အနည်းငယ်ပါ။ တဖြည်းဖြည်းနှင့် မြန်မာနိုင်ငံမြေပုံ ကုန်တော့မယ်။ သွားချင်စိတ်ရှိနေတုန်း သွားနိုင်လာနိုင်တုန်းတော့ သွားနေမည်ဦးသာ။ အပူပင်မရှိ အနှောင်အဖွဲ့မရှိ လူသားတစ်ယောက်ရဲ့ စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့ အရသာက ဘယ်လိုပြောရမလဲပေါ့။