ကချင်ပြည်နယ် လောကမှန်ကူ ဘရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် လာရောက်ဖျော်ဖြေပေးပါသော နိုင်ငံကိုယ်စားပြု မသဲစုကျော်၏ ခြင်းခတ်ဟန်ကား ရပ်သပ်ရှုမောဖွယ်ရာပင်တည်း။
ယောကျာ်းသားတို့ နှင့်တန်းတူ ခြင်းပညာရင်ဘောင်တန်းနိုင်ရုံမျှမက ဆက်ကပ်ပညာရပ်ဖြင့် တွဲဖက် အသုံးတော်ခံသွားသည်မှာ ပရိတ်သားများ အံ့သြဘနန်းဖြစ်ခဲ့ရသည် ။
ပုလင်းကွဲများပေါ်တွင် ခြေဗလာနှင့် လက်နှစ်ဖက်မှာလည်း ပန်းကန်ပြားများတုတ်ဖြင့်လှည့်နေသည် ပါးစပ်တွင်လည်းတစ်ခု ဟန်ချက်ညီညီ ကကွက်စီလို့  လူလော နတ်လောဟုပင် ထင်မှားရလောက်အောင် အစွမ်းပြသွားနိုင်ခဲ့သည်။
နိုင်ငံရွှေတံဆိပ်ဆုရှင် မန္တလေးတိုင်းဂုဏ်ဆောင် သမီးလေး သဲစုကျော်တစ်ယောက် ဒီထက်မက ပို၍ အောင်မြင်ပါစေလို့  ဆုတောင်းပေးလိုက်ပါသည်။