ရင်မှာချစ်ရူး အချစ်ဦးမို့
မျက်လုံးချင်းဆုံ ရင်တွေခုန်လျှက်
နှလုံးသည်းခြေ အချစ်တွေဝေ၍
ရူးမတတ်အောင်ချစ်ခဲ့ပါသည်။
မုန်တိုင်းကြမ္မာ ညှိုးကြီးစွာနှင့်
အချစ်တွေဝေးစေ ခွဲခွာစေလျှက်
ချစ်ခြင်းမဆုံ ခွဲကာကြုံ၍
ဝေးခဲ့ရပြီ။
ဒီဘ၀ဒီတစ်ခါ ဒီမျှသာပဲ ရှိပါစေတော့
နောင်ခါဘ၀ ရှိခဲ့ပါလျှင်
မြတ်ဘုရားထံပါး ဦးတင်ထားကာ
ဒို့ချစ်တွေကို သစ္စာတည်၍
ပြန်ဆုံစေကြောင်း ဆုမွန်တောင်းလျှက်။