အပိုင်း ၁-
ယနေ့ဒီဇင်ဘာလ(၂၁)ရက် မနက်ခင်းအချိန် အေးစိမ့်စိမ့်ချမ်းစိမ့်စိမ့်ဖြစ်
သလိုလိုရှိသည်နှင့် ဆရာဦးထွန်းဟန် တစ်ယောက် အိမ်ရှေ့ဘက်ခြမ်းထ
နောင်းပင်၏အောက်ခြေရှိစင်ထိုးထားသောကွပ်ပျစ်ပေါ်တွင်အရှေ့ရပ်ဆီမှ
တလျှပ်လျှပ်နှင့်အရောင်တောက်လာသောနေမင်းကြီးကိုအေးစိမ့်စိမ့်ချမ်းစိမ့်စမ့်
ဖြစ်နေသောခန္ဓာကိုယ်ကိုအနွေးဓါတ်ပေးရန် စောင့်ကြိုနေလေသည်။
ဆရာဦးထွန်းဟန်သည်ယနေ့ကျောင်းပိတ်ရက်ဖြစ်သဖြင့်လည်း
အေးအေးလူလူပင်ထိုင်နေဟန်တူ၏။ခါတိုင်းဒီအချိန်ဆိုကျောင်းစိမ်းလုံချည်
နှင့်အင်္ကျီဖြူဝတ်ဆင်ပြီးကာကျောင်းသို့စာသင်သွားဖို့ရန်အဆင်သင့်ဖြစ်နေပေ
ပြီ။ဆရာဦးထွန်းဟန်သည်ဒီမြို့ဒီဇာတိကမဟုတ်ချေ။မန္တလေးမြို့ကနေ
အတော်ဝေးလံသောကျေးရွာကလေးတစ်ရွာတွင် မူလတန်းကျောင်းအုပ်ရာထူး
ဖြင့် တာဝန်ထမ်းဆောင်ခဲ့တာ ယခုဆိုရင်(၁၁)နှစ်ခန့်ပင်ရှိခဲ့လေပြီ။
ထိုသို့တာဝန်ထမ်းဆောင်ရန်အချိန်ကြာမြင့်ခြင်းဟာ လည်းဆရာ
ဦးထွန်းဟန် ကိုယ်တိုင်ကပင် သူပျိုးထောင်ခဲ့ပြီးသော ဖူးဖူးပွင့်ပွင့်၊ငွားငွား
စွင့်စွင့်ဖြစ်နေသောကျောင်းသားဟောင်းများနှင့်ခုမှပျိုးထောင်လက်စပြုနေ
သောကျောင်းသားကျောင်းသူကလေးများကြောင့်ဆိုရင်မှားနိုင်မည်မထင်။
ရောက်စက မူလတန်းကျောင်းအုပ်ရာထူးဖြင့်တာဝန်းထမ်းဆောင်ခဲ့သော်
လည်းနောက်ပိုင်းတွင်မူဆရာဦးထွန်းဟန်နဲ့ရပ်ရေးရွာရေးဦးဆောင်ဦးရွက်
ပြုသူများကြောင့်ယခုဆိုရင်မူလတန်းမှမူလွန၊်မူလွန်မှအလယ်တန်းကိုပြောင်း
လဲတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ဒါကလည်းဆရာဦးထွန်းဟန်ရဲ့ကြိုးစားမှုက
အဓိကကျလို့နေပါတယ်။ဒါကြောင့်လည်းထိုကျေးရွာလေးမှဆရာဦးထွန်ဟန်
ကိုယုံကြည် ကိုးစားပြီးလေးစားကြည်ညိုကြလေသည်။
ဆရာဦးထွန်ဟန်မှာအသက်(၅၀)ကျော်အိမ်ထောင်မရှိလူပျိုကြီး၊တကိုယ်
တည်းပင်။နောက်ပြီးဆရာဦးထွန်းဟန်မှာဆွေမျိုးအသိုင်းအ၀ိုင်းလည်းမရှိဟု
ကြားသိရ၏။ငယ်စဉ်ကဘုန်းတော်ကြီးကျောင်းမှနေကာကျောင်းဆရာဖြစ်
သည်အထိကိုယ့်ဘ၀ကိုကြိုးကြိုးစားစားရုန်းကန်ခဲ့ရရှာလေသည်။ဆရာဦး
ထွန်းဟန်သည်စည်းကမ်းအင်မတန်မှကြီးပြီးစာမရသောကျောင်းသားများကို
ဆုံးမရာတွင်လည်းလက်သံပြောင်လေသည်။ထို့ကြောင့်လည်းတပည့်များ
သည်ဆရာဦးထွန်းဟန်ကိုချစ်ကြောက်ရိုသေကြလေသည်။ဆရာဦးထွန်းဟ
န်မွေးထိုက်ပေးခဲ့သောလူတော်လူမော်လေးများသည်လည်းမနည်းပေ။
Photo credit from google images.
(အပိုင်း ၂- အားဆက်လက်ဖတ်ရှု့ပေးပါရန်)