အပိုင်း - (၁)အား ဤနေရာတွင် ဖတ်ရှူပေးပါရန်။
https://steemit.com/myanmar/@hanhtay/pnthipundefinedste-undefined-mw-04e78390e1a27
အပိုင်း -၂
ထိုအထဲတွင်မှ သက်နိုင်၊ အောင်မိုး၊ မေသူကျော်တို့မှာ ပိုပြီး အမှတ်တရ အနေဖြင့်ရှိနေခဲ့၏။ တပည့်ကျော်၊ တပည့်တော်များဆိုရင် ပိုပြီး မှန်ပါသည်။ ထိုသုံးယောက်လုံးသည်လည်း သူငယ်ချင်းများဖြစ်ကြလေသည်။ ထိုသုံးယောက်ထဲတွင် သက်နိုင်က စာအတော်ဆုံး လည်းဖြစ်သလို အဆင်းရဲဆုံး လည်းဖြစ်သည်။ အောင်မိုးနှင့် မေသူကျော်တို့မှာ ပြီးပြည့်စုံ သူများ ဖြစ်တာကြောင့် အထူးပြောစရာတော့ မရှိပေ။ ပြောချင်တာက သက်နိုင်အကြောင်း။ သက်နိုင်သည် နွားကျောင်းရင်း ကျောင်းတက်ခဲ့ရသည်။ သက်နိုင်(၄)တန်းအောင်တော့ သူတို့အိမ်ရဲ့စီးပွားရေး အခြေအနေကြောင့် နွားကျောင်း ရန်အတွက် ကျောင်းဆက်မတက်ပဲ ကျောင်းထွက်ရန် ဆုံးဖြတ်ခဲ့ရသည်။ သို့ပေမဲ့ ဆရာဦးထွန်းဟန်သည် သက်နိုင်အား ကျောင်းဆက်ထားရန်နှင့် လိုအပ်သော အကူအညီများကို မိမိမှကူညီရန် သက်နိုင်ရဲ့မိဘများကို ဖြောင့်ဖျပြောဆိုကာ သက်နိုင်ကျောင်းဆက်တက်ခွင့် ရခဲ့လေသည်။သက်နိုင်သည် ညနေကျောင်းဆင်းပြန် အချိန်တိုင်း အပြေးအလွှား နွားကျောင်း ရလေသည်။
မှတ်ချက်။ ။ကျေးလက်တောရွာများတွင် ကျောင်းတက်ချိန် ကို မနက်(၈း၃၀)မှ (၁၁း၀၀)နာရီ နေ့ခင်း(၁၂း၀၀)မှ (၁း၁၅) ။အဲဒီကြားထဲမှာ (၀၀း၁၅)မိနစ် အနားပေးပါတယ်။ နေ့ခင်း(၁း၃၀)မှာကျောင်းပြန်တက်ပြီး ညနေ(၃း၃၀)မှာ ကျောင်းဆင်းပါတယ်။
သက်နိုင်တစ်ယောက် ညနေကျောင်းဆင်းချိန်တိုင်း နွားကျောင်းရင်း စာကျက်ရင်း ကျောင်းတက်လာခဲ့သည်မှာ (၈)တန်းသို့ပင် ရောက်ခဲ့လေသည်။ အခုလို သက်နိုင်(၈)တန်းသို့ ရောက်ရှိလာခဲ့ခြင်းမှာ ဆရာဦးထွန်းဟန်၏ကူညီ ပံ့ပိုးမှုတွေ များစွာ ပါဝင်ခဲ့လေသည်။ ဆရာဦးထွန်းဟန်သည် သက်နိုင်အပေါ်ကို သားလိုတစ်မျိုး၊ တပည့်လိုတစ်ဖုံ ချစ်ခင်လေသည်။ သက်နိုင်သည်လည်းစာတော်သလို လိမ္မာယဉ်းပြီး ဆရာ့ပေါ်ကို ကျေးဇူးသိတတ်သော တပည့်အလိမ္မာလေးတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့်လည်းဆရာ ဦးထွန်းဟန်သည် သက်နိုင်အပေါ်ကို ပိုပြီးဂရုစိုက်ဟန်တူ၏။ စာတော်ပြီး လိမ္မာယဉ်ကျေးသောကျောင်းသူ ၊ကျောင်းသားတိုင်းကို ဆရာ၊ ဆရာများက ပိုပြီး ချစ်ကျတာ မဆန်းပေ။ ဒီလိုနဲ့ သက်နိုင်တစ်ယောက် (၈)တန်းအောင်လို့ (၉)တန်းအတက်မှာ အခက်အခဲတွေ ကြုံတွေ့ လာရပြန်ပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ရွာမှာက အလယ်တန်းထိပဲ ပညာသင်ခွင့်ရတာဆိုတော့ (၉)၊(၁၀)တန်းဆက်တက်ဖို့ရန် အခက်အခဲတွေ ရင်ဆိုင်လာရပြန်တယ်။ ကျောင်းဆက်တက်မယ်ဆိုရင်လည်း မြို့မှာရှိတဲ့ အထက်တန်းကျောင်းက ရွာနှင့် (၇)မိုင်ခန့် ဝေးလေသည်။ ရွာကနေ လမ်းလျှောက်တက်ရအောင်လည်း အရမ်းဝေးသောကြောင့် အဆင်မပြေ။ သူများတွေလို မြို့မှာ အဆောင်ငှား၊ ကျူရှင်တက်ရင်း ကျောင်းတက်ရအောင်လည်း မိဘတွေရဲ့ ငွေကြေး အခက်အခဲတွေကြောင့် အဆင်မပြေဖြစ်ပြန်။ ဒီတစ်ခါမှာတော့ သက်နိုင်တစ်ယောက် ကျောင်းထွက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ဘာဖြစ်လို့လည်းဆိုတော့ နွားကျောင်းရတာကလည်း တစ်ဖက်၊ ဆရာကိုလည်း အားနားတာကတစ်ကြောင်း ကျောင်းထွက်ရန် စိတ်ဆုံးဖြတ်ချက် ချလိုက်သည်။ အောင်မိုးနှင့် မေသူကျော်တို့ကတော့ သူတို့မိဘတွေက ပြီးပြည့်စုံသောကြောင့် မြို့မှာရှိတဲ့ဘော်ဒါဆောင်မှာ နေပြီး ကျောင်းဆက်တက်ခဲ့သည်။ သူတို့လည်း စာတော်သော သူငယ်ချင်း သက်နိုင်အတွက် နှမြောဝမ်းနည်းရုံမှတစ်ပါး ဘာမျှမတတ်နိုင်ရှာပေ။
Photo credit form google images.
အပိုင်း -၃ အားဆက်လက် ဖတ်ရှူပေးပါရန်။