မြ န် မာ ပြ ည် က င ရဲ သား
မွေးကထဲက အသည်းနှလုံးပါသူမဟုတ်ပါ
အစကထဲက အနှောင်းမသေချာခဲ့သူပါ
ချာလီချက်ပလင်လို ရီရတယ်
ကက်ကိုဘိန်းလို တန်အောင်နေတယ်
မြန်မာပြည်မှာနေရတာ ငရဲကြီးတယ် ။
ထမင်းရှာစားတဲ့ကောင်တွေပါ
တဏှာကြီးတဲ့ ကောင်တွေပါ
ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ ကောင်တွေပါ
ဗီဇလေးနဲ့ သန္ဓေလေးနဲ့ ပါရမီလေးနဲ့ လောဘလေးနဲ့
အကောင်တွေထဲ
ဘာကောင်မှ မဟုတ်တဲ့ ငါ
မြန်မာပြည်မှာနေရတာ ငရဲကြီးတယ် ။
ကမ္ဘာမှာ အနုပညာအရ သည်တိုင်းပြည်မှာ
ကမ္ဘာမှာ နိုင်ငံရေးအရ သည်တိုင်းပြည်မှာ
ကမ္ဘာမှာ ဘာသာရေးအရ သည်တိုင်းပြည်မှာ
ကမ္ဘာမှာ ပညာရေးအရ သည်တိုင်းပြည်မှာ
ကမ္ဘာမှာ လိင်ဆက်ဆံရေးအရ သည်တိုင်းပြည်မှာ ။
မြန်မာပြည်မှာ နေရတာ ကဗျာမဆန်ဘဲ
ငရဲကြီးရှစ်ထပ် ကျနေတာပဲ ။
ကျူပ်က
နာမည်မကြီးသူ ငရဲသားပါ
မြန်မာပြည်မှာ နေပါတယ် ။ ။
ကို ကျူး
မတ်လ ၁ ရက် ၂၀၁၉ ။