တစ်ချို့သော လူများက ဒီနှစ် ရွေးကောက်ပွဲမှာ ဘယ်ပါတီကိုမှ မဲမပေးဘဲ နေကြဖို့ ပြောနေကြတယ်။
ကျွန်တော်ကတော့ အဲဒီလို မနေပါဘူး။ NLD ကိုပဲ မဲပေးမှာပါ။ NLD ရဲ့ လုပ်ဆောင်ချက်တွေက
အားရစရာ မရှိဘူးဆိုပေမယ့် NLD လုပ်ကိုင်နေရတဲ့ အခြေအနေက ၂၀၀၈ ဖွဲ့စည်းပုံရဲ့
အကန့်အသတ်တွေအောက်မှာ လုပ်နေရတာပါ။ ပြီးတော့ NLD အစိုးရ လုပ်သွားတဲ့
၅ နှစ်အတွင်းမှာ အစိုးရအဖွဲ့ထဲက ဘယ်ဝန်ကြီးမှ ဒေါ်လာ ဘီလျံချီပြီး ချမ်းသာသွားတာ မရှိဘူး။
လာဘ်စားဖို့လုပ်တဲ့ ဝန်ကြီး နှစ်ယောက်လည်း မြင်တဲ့အတိုင်း အရေးယူ ခံလိုက်ရတယ်။
မဲပေးစရာ ပါတီကောင်းမရှိလို့ မဲမပေးဘဲနေရင် အရင် ဒုံရင်းဘဝ ပြန်ရောက်သွားမယ်။
၂၅ ရာခိုင်နှုန်း အကျောပေးပြီး ပြိုင်ရတာဆိုတော့ ကံမကောင်းရင် နယ်လှည့် ပါးရိုက်လာတာဆိုတဲ့
လူမျိူးတွေ လက်အောက်ပြန်ရောက်သွားနိုင်တယ်။ NLD ကို မပေးဘဲ တခြားပါတီ တစ်ခုခုကို
ပေးရအောင်လည်း လောက်လောက်လားလား ဘယ်ပါတီမှ မရှိဘူး။ NLD အပေါ် အားမရကြတဲ့
အကြောင်းရင်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အကန့်အသတ်တွေကြောင့် ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို
ပြည်သူအပေါ် မျက်နှာမူတဲ့ ဖွဲ့စည်းပုံဖြစ်အောင် ပြောင်းလဲနိုင်တာ ဘယ်ပါတီရှိမလဲ။ ရှိရင် NLD ကို
မပေးပါဘူး။ အဲဒီပါတီကို ပေးမှာပေါ့။