အပိုင်း(၂)
ကျွန်တော် ကိုးတန်းအောင်ပြီး ဆယ်တန်းရောက်တော့ အ ဖေက ကျွန်တော့် ကို ဘော်ဒါမှာ ထားမယ်ပြောပါတယ်။ အစ ကတေတော့ ပျော်သွားတာပေါ့ ။ ဒါပေမယ့် ကျွန်တော် မပျော် နိုင်ပါဘူး။ ကျွန်တော့်အကိုကလဲ တက္ကသိုလ်တက်နေတာဆိုတော့ အိမ်မှာကုန်ကျစရိတ်တွေ အရမ်းများနေမှာပါ။ ဘော်ဒါသွားခါနီး ကျွန်တော်သိလိုက်ရတာက အဖေတန်ထိုးထားတဲ့အဖေချစ်တဲ့ ခြံထဲက သစ်ပင်တန်းတွေကိုရောင်းပြီး ကျွန်တော့်ကို ဘော်ဒါမှာ ထားတာကိုပါပဲ ။
အကိုဘောာ်ဒါသွားခါနီးအဖေပြောခဲ့တဲ့စကားကို ပြန်လည်ကြား
ယောင်မိပါတယ် ။ "သားကြီးရေ ငါတို့ရဲ့အိမ်က ဟောင်းနေပြီ
ကွာ ဒါပေမယ့်လည်း ပြန်ဆောက်ရင် ကုန်ကျစရိတ်တွေများမှာ
အခုလည်းနေလို့်ရသေးတာပဲ ။ အဖေ့မှာ အပင်တွေစိုက်ထား
တယ် ။ ငါ့သားတွေ အင်ဂျင်နီယာ ဖြစ်မှအဖေအိမ်ဆောက် မယ်ကွာ" ။ ဒါပေမယ့်အခုတော့ အဖေတန်ဖိုးထားတဲ့ အဲ့ဒီအ
ပင်တွေကို ရောင်းလိုက်ရပါပြီ ။ ကျောင်းသွားတက်ခါနီး အဖေနဲ့အမေကို ကန်တော့တဲ့အခါ အဖေက အတုံ့အလှည့်တုန်းကလိုပဲ ဆုံးမစကားပြောပါတယ် ။ သားရေ မင်းဟိုမှာ ကျောင်းတက်ရင် မင်းကိုဖျက်ဆီးမယ့်သူကို ငါတွေ့ခဲ့တယ်ကွာ အဖေ့ ပုံတောင် ရိုက်လာခဲ့တယ်တဲ့ ။ ကျွန်တော်လည်း အံ့သြသွားတာပေါ့ ။ ကျွန်တော် ကိုယ်တိုင်တောင်မှ မသိတာ အဖေက ဘယ်လိုသိနေတာလဲ ပြီးတော့ ကျွန်တော့်ကို ဖျက်ဆီးမယ့်သူဆိုတာ ဘယ်သူဖြစ်မလဲအရမ်းသိချင်သွားတယ် ။
အဖေ သားကို ဖျက်ဆီးမယ့်သူက ဘယ်သူလဲ လို့မေး ကြည့် လိုက်တော့ နောက်ဖေး ထမင်းစား ခန်းထဲက စပွဲပေါ်သူ့ပုံရှိတယ် သွားကြည့်လိုက်တဲ့။ ကျွန်တော်လည်း အပြေးအလွှားပဲ သွားကြည့်လိုက်တော့ စားပွဲပေါ်မှာ မှန်တစ်ချပ် မှောက်ထားတာပဲ တွေ့ရပါတယ် ။ လှန်ပြီးကြည့်လိုက်တော့ ကျွန်တော့်ရုပ် ပေါ်နေတာပဲရှိပါတယ် ။ ပြီးတော့ ကန်တော့တဲ့အနားကို ပြန်လာတော့ အဖေက တွေ့ခဲ့လားမေးတာပေါ့ ။ မှန်ပဲတွေ့ခဲ့တယ်လို့ဖြေလိုက်တော့ အဖေက "အေးကွာ ငါမှားထားမိတာ ထင်တယ် အပေါ်ထပ်က ဘုရားကျောင်း အောက်မှာထားမိတာထင်တယ် " လို့ပြောပါတယ် ။
ကျွန်တော် အပေါ်ထပ် ဘုရားကျောင်းအောက်မှာ သွားကြည့်
တော့လည်း မှန်တစ်ချပ်မှောက်ထားတာပဲ ထပ်တွေ့ပါတယ် ။ ကြည့်လိုက်တော့ ကျွန်တော့်ပုံပဲ ထပ်တွေ့ရပါတယ် ။ ကျွန်တော်လည်း ယောင်လည်လည်နဲ့ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ် ။ အဲ့ဒီ အခါအဖေက သားကိုဖျက်ဆီးမယ့်သူရဲ့ ပုံကိုတွေ့ခဲ့လားမေးပါတယ် ။ အဖေပြောတဲ့ သားကိုဖျက်ဆီးမယ့်သူရဲ့ပုံလည်း အတွေ့ဘူး ၊မှန်တွေပဲ တွေ့တယ် လို့ပြောတဲ့ အခါမှ အဖေက " အေးဟုတ်တယ် ငါ့သား သားတွေ့ခဲ့တဲ့မှန်ထဲက သူက သားကို ဖျက်ဆီးမယ့်သူပဲ ။ လူတစ်ယောက်ကို ဘယ်သူမှ မဖျက်ဆီးနိုင်ဘူး သား။ ပျက်စီးအောင်လုပ်တာလဲ ကိုယ်ကိုယ်တိုင်ပဲ ကောင်းမွန်ပြည့်စုံပြီး အရည်ချင်းရှိတဲ့ သူတစ်ယောက် ဖြစ်လာအောင်လုပ်တာလဲ ကိုယ်ကိုယ်တိုင်ပဲ "လို့ပြောပါတယ် ။ အခုသားကျောင်းသွားတက်ရင် စာတွေကြိုးစားမှ ဂုဏ်ထူးတွေနဲ့ အမှတ်များများနဲ့အောင်မယ် ။ သားမကြိုးစားရင်တော့ စာမေးပွဲကျမယ် အချိန်တွေ်ကုန်မယ် အဲ့ဒါကြောင့် ဖျက်ဆီးမယ့်သူလည်း သားကိုယ်တိုင်ပဲ ။ ကောင်မွန်ပြည့်စုံပြီး လူတော်တစ်ယောက်ဖြစ်အောင် လုပ်မှာလည်း သားကိုယ်တိုင်ပဲလို့ ရှင်းပြပါတယ် ။
ကျွန်တော် လည်းသွားပါပြီ အဖေ ။ အဖေ့ရဲ့ ဆုံးမစကားတွေက သားအတွက် အရမ်းကို တန်ဖိုးရှိလှပါတယ် ။ "သားဒီနှစ်ကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး အဖေဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီး ဖြစ်အောင် သားကြိုးစားပါမယ်လို့ ကတိပေးပါတယ် အဖေ"။ ကျွန်တော့် ကတိပေးလိုက်တော့ အဖေ့ရဲ့မျက်နှာမှာ အရမ်းဝမ်းသာသွားတဲ့ အရိပ်ယောင်တွေ မြင်လိုက်ရပါတယ်။ အဖေ့ရဲ့ ဆုံးမစကားတွေက ကျွန်တော့်ရဲ့ နားကကြားရုံတင်မဟုတ်ပဲ ကျွန်တော့်ရဲ့ ဦးနှောက်နဲ့နှလုံးသားကို လာထိတာပါ ။ အမေကတော့ အကို့တုန်းကလိုပဲ ဝမ်းနည်းနေပြန်ပါတယ် ။ ကျွန်တော့်ကို ပြောဖို့ ခွန်အားတောင် မရှိတော့တဲ့ ပုံစံပါ။ အမေ့ကိုလည်း သနားမိပါတယ် သားတွေ တစ်ယောက်ပြီးတစ်ယောက် နဲ့ ခွဲနေရတယ် ။
မနက်မိုးလင်းလို့ သွားခါနီး ကားစောင့်နေတော့ အမေက ကျွန်တော့်ကို စာကြိုးစားဖို့ ကျန်းမာရေးဂရုစိုက်ဖို့ မှာစရာရှိတာလေးတွေ မှာနေပါတယ် ။ မနက်ဆည်းဆာအလှတွေကို ကြည့်ရှု့ရင်း အိမ်နဲ့ခွဲခါရတော့ ဝမ်းနည်းသလိုဖြစ်နေမိတယ် ။စိတ်ထဲမှာ ငါဒီနှစ် ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်ကိုအောင်ရမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အဲ့ဒိနှစ်ကကျွန်တော် ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာပါပြီး အမှတ်လေးရာ နှစ်ဆယ့်ငါး (၄၂၅) မှတ်နဲ့ အောင်မြင်ခဲ့ပါတယ် ။ အဖေနဲ့ အမေကတော့ ပြောမပြတတ်အောင် ကိုဝမ်းသာနေကြပါတယ် ။ အိပ်ဘေးကလူတွေကလည်း မေးကြတော့ အဖေနဲ့အမေက အားရဝမ်းသာ ပြန်ဖြေကြတယ် ။ စာမေးပွဲအောင်လို့လည်းပျော်ရတယ် အရမ်းဝမ်းသာပြီး ဂုဏ်ယူနေကြတဲ့ အဖေနဲ့ အမေကိုကြည့်ပြီးတော့လည်း ကြည်နူးမိပါတယ်။
ကျွန်ူတော် အရမ်းကံကောင်းခဲ့ပါတယ် ။ အိမ်မှာက ကွမ်းစိုက်ပျိုးကြ ပါတယ် ။ အဲ့ဒီနှစ်မှာ ကွမ်းခြံက ၁၅ ရက်တစ်ပတ်ကို ပိသာချိန် နှစ်ရာသုံးရာ ထွက်ပါတယ် ။ ကျွန်တော့်ကို ကျောင်းထာဖို့ အဖေနဲ့အမေ ခေါင်းခဲနေတဲ့အချိန်မှာ အခုလို ကွမ်းတွေထွက်ပြီး အဆင်ပြေလာတာဟာကျွန်တော်တို့အတွက်တော့ ထီပေါက်သလိုပါပဲ ။ အဲ့လိုနဲ့ ကျွန်တော် တက္ကသိုလ် ကို Day တက်ဖြစ်ခဲ့ပါတယ် ။ အမှတ်ကလည်း မှီတော့ အဖေဖြစ်စေချင်တဲ့ Civil Engineer လိုင်းကို တက်ရောက်ခဲ့ပါတယ် ။
အခုဆိုကျွန်တော်တောင် ကျောင်းပြီးလို့ ရန်ကုန်မှာ သင်တန်းတက်ရင်း အလုပ်တွေကိုလေ့လာနေပါပြီ ။ အဖေဖြစ်စေချင်တဲ့အဖေ့ရဲ့အိမ်လေးကို အိမ်ကြီးဖြစ်အောင် ဆောက်ပေးနိုင်တဲ့ ကတိပေးထားတဲ့အတိုင်း ကျွန်တော် ကြိုးစားသွားမှာပါ ။ အခုရေးထားတဲ့ စာလေးကို ကျွန်တော့အဖေဆီကို ပို့ပေးထားပါတယ် ။အဖေနဲ့ အမေဒီစာလေးကိုဖတ်ပြီး အရမ်းကို ဝမ်းသာကြည်နူးကြမယ်လို့ ကျွန်တော် ထင်မိပါတယ် ။
Steemit မှ သူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ပါတယ် ။
ဆက်လက်ကြိုးစားရေးသားပါအုံးမည် ။
စာရေးတာသိပ်မကြာသေးလို့ သည်းခံပြီး ဖတ်ပေးကြပါခင်ဗျ။
Author - Aung Ko Oo (henryba)
MSC - 056
15/10/2017