Long standing coin တွေဖြစ်တဲ့ ethereum, doge, monero တို့ စျေးတွေ မတရား တက်ကုန်ကြပြီ။ အရင်က ethereum USD 800 လောက် ရှိခဲ့တုန်းက litecoin က USD 200 ပတ်ဝန်းကျင်လောက် ရှိခဲ့တယ်။ အခု ethereum က USD 4000 ကျော်နေပြီ 5 ဆ လောက် တက်လာပြီ။ litecoin က USD 400 လောက် ရောက်လာပြီ။ coin တွေ အတော်များများ စျေးတက်လာတဲ့ အချိန်မှာ litecoin က ပြတ်ကျန်ခဲ့တယ်။
ကျွန်တော့်အထင် လာမယ့် 2 ပတ်ကနေ 1 လအတွင်း LTC စျေးက USD 1000 က နေ 1500 အထိ တက်လာမယ့်လို့ မျှော်မှန်းပါတယ်။ ဗေဒင်ဆရာတော့ မဟုတ်ပါဘူး။ ထင်မြင်မိတာကို ပြောတာပါ။ ကျွန်တော်ကတော့ ရှိစုမဲ့စု crypto တွေထဲက ထက်ဝက်လောက်ကို LTC ပြောင်းထားလိုက်တယ်။ မျှော်လင့်တာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီ coin က crypto လောကမှာ ရှိနေတာ ကြာပြီ။
Merchants တွေ အတော်များများကလည်း LTC ကို လက်ခံကြတာ ကြာလှပြီ။ သူများတွေ ဒီလောက်စျေးတက်နေချိန် ဒီ coin က ကျန်နေခဲ့တယ်။ နောက်ပြီး flare network ကလည်း LTC နဲ့ smart contract တွေ လုပ်နိုင်အောင် ကြိုးစားနေတယ်။ doge စျေးတက်ရတဲ့ အကြောင်းတွေထဲမှာလည်း flare က အခန်းက္ဍတစ်ခုက ပါဝင်နေတယ်လို့ ထင်တာပဲ။
Crypto ဖြင့် အပိုငွေ ရအောင် ကြိုးပမ်းကြသူတွေ အောင်မြင်ကြပါစေဗျာ။