ကျွန်မမောင်လေးရဲ့ englishစာအုပ်ကို ဖတ်ကြည့်ပြီးအံ့သြခဲ့ရတယ်။ဒါပေမယ့်လည်း ငါလုပ်နိုင်မှာပါဆိုပြီး စတင်သင်ကြားခဲ့ပါတယ်။
စသင်တယ့်နေ့မှာပဲ သူနဲ့ကျွန်မစကားများရပါပြီ။အကြောင်းအရင်းက ကျွန်မပြောတာနားမလည်တာက စတာပဲ။ကျွန်မမြန်မာလိုပြောပြသမျှတွေ အသံထွက်တွေ ရွတ်ပြတာတွေ စကားလုံးကိုသုံးခေါက်ဆိုပြပြီး ပြန်ဆိုခိုင်းတာတောင် အသံမှန်အောင် မထွက်တတ်ပါဘူး။ကျွန်မကလဲ အရင်ကတည်းက စိတ်မရှည်တယ့်သူမျိုးဆိုတော့ ကျွန်မရဲ့အော်သံဟစ်သံ ဆူသံတွေက ကျယ်လောင်နေတာပဲ။"ဒါလေးတောင်မရဘူးလား။မမှတ်မိဘူးလား"ဆိုပြီး ကျွန်မသူ့ကို ဆူလိုက်တယ်။ပထမနေ့မှာပဲ စာသင်ခြင်းလုပ်ငန်းက ဒေါသထွက်မှုတွေ မျက်ရည်တွေနဲ့ စတင်ခဲ့တယ်။
ဒုတိယနေ့ရောက်တော့ ကျွန်မစာသင်ဖို့ခေါ်တော့ သူကအိပ်ချင်တယ်ဆိုပြီး အကြောင်းပြလာတယ်။ည၈နာရီက သူအိပ်နေတဲ့ပုံမှန်အချိန် မဟုတ်ဘူးဆိုတာ ကျွန်မသိတာပေါ့။ကျွန်မလဲမရမကစာသင်ဖို့ ခေါ်တာပေါ့။ဒါပေမယ့် သူကလုံးဝမလာပါဘူး။မိဘတွေကလည်း ကလေး မသင်ချင်ရင် မသင်ပေးနဲ့ဆိုပြီး ပြောလိုက်တယ်။ကျွန်မလည်း ဒေါသစိတ်ကြောင့် မျက်ရည်တောင်ကျခဲ့ရတယ်။ငါသင်တာမကောင်းလို့ သူမသင်ချင်တာလားဆိုတယ့် အမေးကကျွန်မခေါင်းထဲမှာ လွန်းထိုးနေတယ်။ကလေးတစ်ယောက်စာလာမသင်တာကို မျက်ရည်ကျတာပိုတယ်လို့ မထင်ပါနဲ့။မျက်ရည်ကျရတာ ကလေးတစ်ယောက်ကိုတောင် နားလည်အောင်သင်မပေးနိုင်ဘူးဆိုတယ့်စိတ်က ကျွန်မကိုစိတ္တဇဖြစ်စေပြီး မျက်ရည်ကျခဲ့ရတာပါ။
နောက်တော့ ကျွန်မကိုကျွန်မပြန်သုံးသပ်ကြည့်တယ်။ကလေးနေရာက ဝင်ပြီးစဉ်းစားကြည့်တော့မှ အဖြေကိုသိသွားပါတယ်။အဓိကအကြောင်းကတော့ ကျွန်မစိတ်လောနေတာပါ။ကလေးတစ်ယောက်ကို အရွယ်နဲ့မမျှတယ့် ဖိအားကိုပေးလိုက်မိတာပါ။နှစ်တွေများစွာသင်လာတယ့်စာကို ကျွန်မကတစ်ညတည်းနဲ့ သူ့ကိုအသံထွက်မှန်အာင် သင်ပေးတာ ကျွန်မသူ့ကိုညှဉ်းဆဲသလိုဖြစ်နေခဲ့တာပေါ့။အဲ့ဒါကြောင့် ကျွန်မရဲ့သင်ကြားပုံကို ပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu