
Image From FACEBOOK
ဒီကနေ့ဟာဆိုရင်ဖြင့် ဗုဒ္ဓဘာသာဝင်တိုင်း သိကြတဲ့ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ကဆုန်လပြည့်နေ့တိုင်း ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကျင်းပကြပါတယ်။ကျွန်မလည်း ကဆုန်လပြည့်နေ့ရောက်တိုင်း မပျက်မကွက် မြို့ဦးစေတီလေးမှာ ညောင်ရေသွန်းပါတယ်။
ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ ဆိုတဲ့ အဆိုရှိတဲ့ ထူးတဲ့ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ပုဂံခေတ်ကျောက်စာတွေမှာ ကဆုန်လကို ကုဆုန် ဆိုပြီး ရေးထိုးကြပါတယ်။နောက်ပိုင်းမှာတော့ ကဆုန် ဆိုပြီး ဖြစ်လာပါတယ်။ကု(က) ဆိုတာက ရေ ကိုခေါ်ပြီး ဆုန်ဆိုတာကတော့ သွန်းလောင်းခြင်း လို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မို့ ကဆုန်လကို ရေသွန်းလ သို့မဟုတ် ရေလောင်းလ ဟူ၍ဖွင့်ဆိုနိုင်ပါတယ်။ ပူလောင်လွန်းတဲ့ ကဆုန်လရာသီမှာ ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်း၍ မိမိတို့၏ပူပင်သောကအားလုံး သွန်းလောင်းလိုက်သော ရေစင်နဲ့အတူ မျှောပါသွားပါစေသတည်း။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003