"Practise makes perfect"တဲ့ ။မြန်မာလိုဝေါဟာရ လှလှလေးပြောမယ်ဆိုရင်တော့ "များများလေ့ကျင့် စွမ်းရည်မြင့်"ပေါ့။ ဆိုလိုတာကတော့ အလုပ်တစ်ခုခုကို များများကြိုးစား များများလေ့ကျင့်ရင် ပြီးပြည့်စုံပြီး အလုပ်ကို ပိုမိုထူးချွန်တာကို ပြောချင်တာပါ။
ငယ်စဉ်က သင်္ချာအရမ်းညံ့တယ်။(အခုရောတော်နေပြီလားဆိုရင်တော့ noပါပေါ့။😝)သင်္ချာဆိုတဲ့ ဘာသာရပ်ဟာလဲ များများချတွက် များများလေ့ကျင့်မှ ပုစ္ဆာရဲ့သဘောကိုမြင်တတ် တွေးတတ် သီအိုရီကိုနားလည်တတ်မှာလေ။
ဒါပေမဲ့ အလုပ်တစ်ခုကို နှစ်ခါလုပ်ရမှာ ပျင်းတဲ့ကျွန်မအတွက် သင်္ချာဘာသာရပ်ဟာ ရန်သူလိုပဲ။လက်နဲ့အခေါက်ခေါက်အခါခါ ချတွက်တာတောင် မှားနေတာကို ကျွန်မကမျက်စိနဲ့ကြည့်ပြီး စာမေးပွဲခန်းမှာ အမှားပေါင်းများစွာနဲ့ တွက်ချက်တတ်ပါတယ်။
အဲ့ဒါကြောင့် ကျွန်မရဲ့အစ်ကိုကပြောပါတယ်။သင်္ချာကို မျက်လုံးနဲ့ကြည့်ရုံနဲ့ မပြီးကြောင်း လက်နဲ့ချတွက်မှ ရကြောင်းစသဖြင့် ပြောပြီး ကျွန်မအကျင့်တွေကို ပြင်ပေးပါတယ်။နောက်ပိုင်းမှာတော့ ကျွန်မသင်္ချာကို အခါခါတွက်တတ်တဲ့ အကျင့်ဖြစ်လာပါတယ်။အခါခါတွက်ခြင်းရဲ့ အကျိုးကြောင့် အရင်ကလောက် အမှားမများတော့တာအမှန်ပါ။
အခုလဲ steemitမှာ စာတွေရေးတင်ရမယ်ဆိုရင် စစချင်း ဘာရေးရမှန်းကိုမသိပါဘူး။စိတ်ထဲမှာပေါ်လာသမျှကိုချရေး အစ်ကို့ဆီပြ အစ်ကိုကပြင်ပေး ။အစ်ကို့ကိုမပြနိုင်တဲ့အခါကျရင် ရှိသမျှဥာဏ်လေးကို ဖျစ်ညစ်ပြီးတတ်နိုင်သမျှရေး။ဒါပေမဲ့ ရေးလာတာကြာတော့လဲ မဆိုးဘူးလို့ ပြောရမှာပဲ။ရေးစလေးရှိတော့ ရေးရတာအရင်ကလောက် မခက်ခဲတာတော့သိသာလာတယ်။
promotion အနေနဲ့postတွေကို နှစ်ရက်တစ်ခါ တင်ရတော့လဲ မဖြစ်မနေဆိုတဲ့ အသိနဲ့ ရအောင်စာကိုရေးဖြစ်တယ်။ဒါပေမဲ့(တည်ငြိမ်နေတဲ့ ကိုယ့်ဘဝထဲကို စာမေးပွဲက ဝင်ရှုပ်လာတော့ အယ်လယ့်😝)စာရေးတာအဆက်ပြတ်သွားတယ်။စာမေးပွဲပြီးပြီးချင်း ချရေးမယ်လို့ ဆုံးဖြတ်တဲ့ချိန်ခါမှာတော့ steemitကpostတင်လို့မရဖြစ်နေ။အဲ့တော့နောက်မှ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တော့။သေချာတွက်ကြည့်ရင် စာမရေးတာနှစ်ပတ်လောက်ရှိတော့မယ်။
သြော် အခုလို တကယ့်တကယ်ရေးမယ်ဆိုတော့ ဘာမှကိုစဉ်းစားမရတော့ဘူး။ကိုယ်သာအပျင်းကြောမထူဘဲ postတင်တင် မတင်တင် စာလေးတွေသာရေးထားခဲ့ရင် အခုလိုဦးနှောက်သံချေးတက်မှာမဟုတ်။😁
သင်ခန်းစာတစ်ခုတော့ ရသွားခဲ့ပါတယ်။အလေ့အကျင့်ကောင်းကို မည်သို့သောနည်းလမ်းနည်းမျှ အဖျက်ဆီးမခံသင့်ကြောင်းကို သိရှိလိုက်ပါပြီ။
ိသြော် "Practise makes perfect"ပါလားနော်။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu