အပြုံးတစ်ခုဟာ လူတစ်ယောက်ရဲ့မျက်နှာကိုပြောင်းလဲသွားစေပါတယ်။
လူတွေက အပြုံးလေးတွေ နှစ်သက်ကြပါတယ်။
ကျွန်မတို့ဟာ တူညီတဲ့ပြဿနာပေါ်မှယှာ အကြိမ်ကြိမ် ငိုတယ် ။ ပြဿနာတွေပေါ်မယ် အရေးအကြောင်းကြုံမယ် အခက်အခဲတွေရှိမယ်
သို့သော်လည်း သင်ဘယ်သူပဲဖြစ်နေပါစေ ထိုအရာတွေက ရောက်လာမှာပါပဲ။ လူတစ်ယောက်ကို မီးရို့ သတ်လိုက်တယ် လူတစ်ယောက်ပဲသေတယ်။ ဒါပေမယ့် ကျွန်မ တို့စိတ်ထဲမှာ ရှိနေတဲ့စိုးရိမ်စိတ်ကတော့ လူကို အကြိမ်ကြိမ်သက်နေပါတယ်။ဘဝတွေ အတိတ် ပစ္စုန်ပ္ပန် တွေကို သတ်တယ် ဘဝမှာဘယ်တော့မှပြည့်စုံမူရှိတယ်လို့ကို မခံစားရဘူး ဖြစ်ကြပါတယ်။ ကျွန်မ တို့ဟာ ပစ္စည်း ဥစ္စာတွေကို တအားစွဲလန်းမနေသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာကြီး က အမြဲပြောင်းလဲနေပါတယ် ။ကျွန်မတို့ ဒီနေ့တအားစွဲလန်း ရူးသွပ်နေတဲ့အရာတစ်ခုဟာ မနက်ဖြန်မှာ လုံးဝပြောင်းလဲသွားနှိင်ပါတယ်။ မတည်မြဲတဲ့အရာတွေအပေါ် ရူးရူးမိုက်မိုက် တမ်းတ စွဲလန်းပြီး ဆုပ်ကိုင်မထားပါနဲ့။ကျွန်မတို့ဟာ ကမ္ဘာမြေကြီးပေါ်က အရာအားလုံးကို နည်းမျိုးစုံသုံးပြီး ဆောင်ယူအသုံးပြုကြပါတယ်။ ဘာတွေများကျွန်မတို့ပြန်ပေးပြီး ပြီလဲ။ကျွန်မတို့ဟာ ကမ္ဘာကြီးကို ဘာမျှ ပြန်မပေးနှိင်တောင်မှ လူသားအချင်းချင်းကိုတော့ ကြည်လင် ရိုးသား ဖော်ရွေ ပြူငှါသော အပြုံးတစ်ခုကိုတော့ ပြန်ပေးလိုက်သင့်ပါတယ်။
ထို့ကြောင့် ပြုံးပါ😀😊😄
ရိုးသားဖြူစင်သော အပြုံးတစ်ခု လူသားတိုင်းပိုင်ဆိုင်နှိင်ကြပါစေ။