အချို့သောလူအများသည် ငွေကြေး ဥစ္စာမည်မျှကြွယ်ဝသော်လည်း
ဥစ္စာနှင့်ထပ်တူ သောကတွေ ထူပြောကာ ချမ်းသာသုခ ကင်းမဲ့နေကြရသည်။
အချို့သောပုဂ္ဂိုလ်များမှာလည်း အများမမြင်အရ အဆင့်အတန်းမည်မျှပင်
မြင့်မားနေသော်လည်း သူတစ်ပါး အပေါ်မေတ္တာ ကရုဏာ မထားနှိင်။သူတစ်ပါး၏
အဆင်ပြေမူ အောင်မြင်မှု များအပေါ် မုဒိတာ မပွားနှိင်သဖြင့် ဝန်တိုမစ္ဆေရိယ စိတ်တို့၏ နှိပ်ဆက်ခြင်းကိုခြင်းကိုနေကြရသည်။
အောင်မြင် ကျော်ကြား သော ပုဂ္ဂိုလ် အများအပြား သည်လည်း ထိုသို့သော အကြောင်းအရင်းများကြောင့်ပင် စိတ္တသုခ ပြည့်ဝ မူမရှိကြပေ။
စင်စစ် ဓနဥစ္စာ ရာထူးနှင့်အောင်မြင်ကျော်ကြားခြင်းတို့သည် လူအား စိတ်ချမ်းသာမူ ကျေနပ်အားရမူများ ပေးစွမ်းနှိင့်သညအရာများပင်ဖြစ်သော်လည်း
သူတို့ချည်းသက်သက်ဖြင့် မပြည့်စုံနှိင်ပေ။
့ ထို့ကြောင့် ချမ်းသာသုခ ပြည့်ဝ ရန်အတွက် ကျန်းမာ သန့်ရှင်းသော အခြေခံစိတ်
အဆောက်အအုံတစ်ခုလည်း ရှိထားဖို့လိုအပ်ပါသည်။
အားလုံသောမိတ်ဆွေပေါင်းသည်လည်း ချမ်းသာ သုခ နှစ်ဖြာသောကောင်းခြင်းများဖြင့် ပြည့်စုံနှိင်ကြပါစေ။