တစ်ခါက ဇိမ်ခံ ရွက်သင်္ဘောကြီးနှင့် အပန်းဖြေ ခရီးထွက်လာသည့် လုပ်ငန်းရှင်သူဌေးတစ်ဦးသည် ပင်လယ်ကမ်းရိုးတန်းတစ်နေရာတွင် လမ်းထွက်လျောက်ရင်း တံငါသည် တစ်ယောက်နှင့်တွေ့သည်။ တံငါသည် လှေနံဘေးတွင်း အေးအေးဆေးဆေး လှဲလျောင်းကာ ဆေးတံကိုဖွာနေသည်။
တံငါသည် ၏ ပုံစံ ကိုကြည့်ကာသူဌေးကြီးက စိတ်ပျက် ၍ ကရုဏာဒေါသဖြင့်
ခင်ဗျား ဘာလို့ ငါးဖမ်းမထွက်ပဲ ထိုင်နေရတာလဲ ဟုမေးလိုက်သည်။
ထိုအခါ တံငါသည် က ငါးက မနက်အစောကြီးကတည်းက တစ်နေ့တာ အတွက် ငါးတွေရပြီးပြီ။
သူဌေးကြီးက တံငါသည် ကိုမင်းနောက်ထပ်ငါးတွေထပ်မဖမ်းတော့ဘူးလားမေးသောအခါတွင် တံခါသည်ကြီးက ဖမ်းပြီးဘာလုပ်ရမှာလဲဟု ပြန်ပြောလိုက်တယ်။
သူးဌေးကြီးက မင်းနောက်ထပ်ငါးတွေထပ်ဖမ်းပြီးရောင်းတော့ပိုက်ဆံတွေရတာပေါ့။ ပိုက်ဆံ များများ ရရင်နောက်ထပ် စက်လှေတွေ ပိုက်တွေဝယ်နှိင်တာပေါ့။ လုပ်ငန်း တွေလည်းတစ်ခုပြီးတစ်ခု တိုးချဲ့လုပ်နှိင်တာပေါ့ဟု စီပွာရေးလမ်ကြောင်းခင်းပြလိုက်သည်။ ထိုအခါ တံငါသည်က အဲ့သည်တော့ ဘာလုပ်ရမှာလဲ့လို့ မေးလိုက်တယ်။
ဒီအခါမှာမင်း ငါ့လို သူဌေးတစ်ယောက်ဖြစ်လာပြီး ငါ့လို ဇိမ်ကျ ကျ နေနှိင်မှာပေါ့လို့ပြောလိုက်သည်။
ထိုအခါ တံငါသည် က ကျွန်တော် ကကော လုပ်နေတယ်ထင်လို့လဲ ဟုပြန်မေးလိုက်ပါတယ်။
ကျေးဇူး တင်ပါတယ် ။
ဆရာဖေမြင့် -နှလုံး သားအာဟာရ