“စိတ်ကူးယဉ်ပြဿနာ”
★★★★★★★★★★★
လူတွေဟာ သနားစရာ အင်မတန် ကောင်းတယ်။
စိတ်ကူးယဉ် ပြဿနာတွေနဲ့ ဒုက္ခရောက်နေကြတယ်။
ကိုယ့်စိတ်က ဖန်တီးထားတဲ့ ပြဿနာကို စိတ်က ဖန်တီးထားတာလို့
အမှန်အတိုင်း မသိတော့ ပျောက်အောင် ဘယ်လိုမှ လုပ်လို့ မရနိုင်ဘူး။
သူ့စိတ်ထဲမှာတော့ သူ့ပြဿနာတွေဟာ ပြဿနာအစစ်တွေချည်းပဲလို့ ထင်မှာပဲ။
လူ့ဘ၀မှာ တွေ့ကြုံနေရတဲ့ ပြဿနာတော်တော်များများဟာ
စိတ်က ဖန်တီးထားတာပါ။
စိတ်က မရှိတာကို အရှိဖြစ်အောင် လုပ်တတ်တယ်။
တကယ်ရှိတာ မဟုတ်ဘူး။ ပြောရရင် ယုံနိုင်စရာ မရှိဘူး။
စိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ် ပြဿနာတွေပါလို့ သိပြီးတော့
သူတို့ကို လက်လွှတ်လိုက်လို့ရှိရင် ပြဿနာအစစ်တွေကို ဖြေရှင်းဖို့ရာ အချိန်ပိုပေးနိုင်တယ်။
ပြဿနာအစစ်ဆိုတာ တကယ်ပြောရရင် ၁၀%တောင် ရှိချင်မှ ရှိမယ်။
စိတ်ကူးယဉ်ပြဿနာတွေက ၉၀%လောက်ရှိတယ်။
အဲဒီစိတ်ကူးယဉ်ပြဿနာတွေကို စိတ်ကူးယဉ်ပြဿနာပဲလို့ သိပြီးတော့
လက်လွှတ်လိုက်လို့ရှိရင် ၉၀%လောက် သက်သာသွားတယ်။
ဒါကြောင့် စိတ်ကို သေသေချာချာကြည့်ပြီးတော့
သိဖို့အားပေးတာ တိုက်တွန်းတာပါနော်။
(ဆရာတော်ဦးဇောတိက)
နှလုံးသားအာဟာရ
"Imaginary problem"
★★★★★★★★★★★
People are poor is very good.
Fantasy problems and are suffering.
The problem created by the mind
Been healing know how the truth can not be done.
His mind, his problems would take a true problem.
0 experience many problems in human life
real upscale.
Often there is no look.
Not real. In short, do not have to believe.
Fantasy Fantasy problems and problems
If you miss them hunting more time to solve the true problem.
The problem would be the fact that 10%.
Fantasy problems is about 90%.
The romantic fantasy ring of problems and issues
If you miss hunting was less than 90%.
So watch carefully and then
Please encourage urge to know.