ရုံးခန်းကြီးတစ်ခုလုံး သန့်ရှင်း တောက်ပြောင် မွှေးပျံ့သွားတာ
အိုလီဗီယာ ကြောင့်ဟုဆိုကာ ဝန်ထမ်းတွေက ချီးမွမ်း နေကြသည်။
ထို့နောက် အသီးသီး ကိုယ့်နေရာကိုယ်ထိုင်ကာ အလုပ်လုပ်ရန်ပြင်ကြသည်။ ဤတွင် ပြသနာ စတင်ဖြစ်ပွားပါတော့သည်။
ဝန်ထမ်း ၁
''.ဟာ ဒီစားပွဲပေါ်တင်ထားတဲ့ ငါ့သတင်းစာအဟောင်းတွေ ဘယ်ရောက်သွားလဲ''
အိုလီဗီယာ
'' အလုပ်စားပွဲပေါ်မှာ ရှုပ်နေလို့ အမှိုက်ပုံးထဲပစ်လိုက်ပီလေ''
ဝန်ထမ်း ၁ .....
''ဟာ မင်းဒီလို မလုပ်ခင် ငါ့ကို အရင်မေးသင့်တယ်လေ၊ ဒီသတင်းစာထဲက ပဟေဠိ တွေကို ဖြေလာတာ သုံးနှစ်သုံးမိုးရှိနေပြီကွ ၊ အရာရာကို မင်းသဘောအတိုင်း လုပ်လို့မရဘူးလေကွာ''
အိုလီဗီယာစိတ်တွေ အနည်းငယ်နောက်ကျိလာသည်။
ထိုအချိန်တွင် နောက်ထပ် ဝန်ထမ်းတစ်ယောက်အသံထွက်လာသည်။
ဝန်ထမ်း ၂
'' ဟေ့ ငါ့ပင်ပေါင်ဘောလုံးလေးတွေ့မိကြလား''
အိုလီဗီယာ
'' ကျွန်မ မနေ့ကပဲ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်မိပြီ''
ဝန်ထမ်း ၂
'' မင်းကွာ လုပ်လိုက်ရင် အရမ်းပဲ၊
ဒီဘောလုံးလေးကို ငါဘယ်လောက်ခင်တွယ်တယ်ဆိုတာ မင်းမသိဘူးလား ''
အိုလီဗီယာ
'' ကျွန်မ ....ကျွန်မ မသိဘူး''
ဝန်ထမ်း ၃
'' ငါ့စားပွဲပေါ်တင်ထားတဲ့ စာရွက်စာတမ်း တွေရော ဘယ်ရောက်သွားလဲ??''
အိုလီဗီယာ
'' အဲ့ဒီ စာရွက်စာတမ်း တွေက ရှင့်စားပွဲပေါ်မှာ တော်တော်နေရာယူထားလို့ အံဆွဲထဲထည့်ထားလိုက်ပီ၊ ကျွန်မက ရှင့်စားပွဲလေး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် စေတနာနဲ့ ကူညီပေးတာပါ''
ဝန်ထမ်း ၃
'' ဒါပေမယ့် မင်း ငါ့ကို အရင်မေးသင့်တယ်လေကွာ''
ဝန်ထမ်းသုံးယောက်လုံးက အပြစ်တင်သောမျက်ဝန်းများဖြင့်
ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ......
'' ကျွန်မက ကူညီချင်ရုံသက်သက်ပါ''
ဟုပြောကာ ရုံးခန်းအပြင်သို့ ထွက်လာခဲ့တော့သည်။
ထို့နောက် ထရပ်ကားတစ်စီးထဲသို့် ဝင်ကာ စိတ်ပျက်လက်ပျက် ထိုင်မိသည်။ ဘာလုပ်လုပ် အဆင်မပြေသော ကိုယ့်ဘဝကိုယ်မေးခွန်းထုတ်နေသည်။
ငါ ဘာများမှားသလဲ???
Image Source> forensicpedia.blogspot.com
မိနစ်အနည်းငယ်မျှ ကြာသောအခါ.....
ဝန်ထမ်းခေါင်းဆောင်ကောင်လေးရောက်လာကာ
'' ရှာလိုက်ရတာဗျာ....ခင်ဗျားက ဒီရောက်နေတာကိုး''
''ဟုတ်တယ် ကျွန်မစိတ်ညစ်ရင် ထရပ်ကားထဲမှာ ဝင်ပုန်းနေကျလေ၊ ငယ်ငယ်လေးကတည်းက ကျွန်မအမေ ကျွန်မကိုဆူတဲ့အခါ ဒီကားထဲဝင်ပုန်းနေကျလေ''
''ခင်ဗျား အခု စိတ်ညစ်ပြေသွားပြီလား?''
''အမှန်တော့ ကျွန်မဒီမရောက်ခင်ကတည်းက စိတ်ညစ်နေတာပါ။
ကျွန်မအလုပ်ပြုတ်လာတယ်လေ''
အို....အလုပ်ပြုတ်တဲ့အကြောင်းကို လွှတ်ခနဲပြောမိသွားပါလား!
''ကျွန်မအလုပ်ပြုတ်တဲ့အကြောင်းကို ဘယ်သူ့မှမပြောပါနဲ့နော်၊
ကျွန်မ ဘယ်သူ့မှမပြောရသေးဘူး၊ ကျွန်မအဖေတောင် မသိသေးဘူး''
''စိတ်ချပါဗျာ၊ ကျွန်တော်က ပါးစပ်မဖွာပါဘူး၊
ကဲ စိတ်ပြေသွားရင် ကားထဲက ထွက်လာခဲ့တော့ဗျာ၊
ဟိုမှာ အားလုံးက ခင်ဗျားကို စောင့်နေကြတယ်၊
အတူတူ အလုပ်လုပ်ကြရအောင်''
ဆက်ရန်...........