Smartphone လောကထဲမှာ မကြာသေးခင်ကမှ အသစ်ထွက်ရှိထားတဲ့ တန်ဖိုးသင့်ဖုန်းလေးတစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Samsung brand ထဲက ဈေးနှုန်းအထူးသင့်တင့်တဲ့ Galaxy J2 pro ပဲဖြစ်ပါတယ်။ Samsung မှာ Pro series ၊ Prime Series ၊ Note Series၊ A Series ၊ S series စသဖြင့် series တွေအများကြီးရှိပါတယ်။ အခုက pro series ထဲမှာမှ ဈေးအသက်သာဆုံးဖြစ်တဲ့
J 2 pro အကြောင်းပါ။ Galaxy J2 pro ဟာဈေးနူန်းအားဖြင့် 182000ks သာရှိပါတယ်။
Android Version 7.1။
-Battery =2600 mAh
(Ultra Power Saving Mode လဲပါဝင်သည်။)
(1) Phone Screen
Samsung ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ Super AMOLED Dispalyကိုအသုံးပြုထားပါတယ်။ LED screen ဖြစ်တဲ့အတွက် LCD တွေထက် ရုပ်ရှင်ကြည့်တဲ့အခါ / Game ဆော့တဲ့အခါ / Camera ရိုက်ကူးတဲ့အခါတွေမှာဆိုရင် အရောင်အသွေးပိုမိုတောက်ပတဲ့ သဘာဝနဲ့အနီးစပ်ဆုံး အကောင်းမွန်ဆုံးရုပ်ထွက်တွေကိုရရှိမှာဖြစ်ပါတယ်။
LED screen နဲ့ LCD screen သုံးထားတဲ့ ဖုန်းတွေကို နေရောင်အောက်မှာ ယှဉ်ကြည့်ရင် အသိသာကြီးပါ။ LCD screen ဆိုရင် နေရောင်အောက်မှာဆိုရင် screen color က မှိန်သွားမယ်၊ ၀ါးသွားမယ်။ LED ကတော့ ကိုယ်ပိုင်အလင်းရောင်ရှိလို့ မှိန်တာတွေ၊ ၀ါးတာတွေ မဖြစ်တော့ဘူးပေါ့ 😉
ယခင်က ဈေးနှုန်း ၂သိန်း၎သောင်းပေးဝယ်ရတဲ့ J3 pro တောင် Super AMOLED Display ကိုသုံးမထားပါဘူး 😒။
အော်...ဒါနဲ့..... တခြားဘယ် Brand မှာမှဈေးနူန်း 180000 ဝန်းကျင်နဲ့ Super AMOLED ကိုအသုံးမပြုနိုင်သေးပါဘူး 😔
ဒါကတော့ J2 pro ရဲ့ အားသာချက်တစ်ချက်ပေါ့နော်။
(2) Design ပိုင်းကိုသွားကြည့်မယ်။
Screen Size 5" ဆိုတော့ အနေတော်ပဲ။
-Colour အားဖြင့် (Gold / Black / Blue Silver / Pink ) ဆိုပြီးအရောင်လေးရောင်ရှိမယ်။
အရင်တုန်းကထွက်ခဲ့တဲ့ Galaxy J2 prime ထက် Design ပိုင်းမှာပိုလှလာတယ် 😍။
Image Source
(3) Dual Messenger / Secure Folder
- J pro Series ရဲ့ ထုံးစံအတိုင်း Dual Messenger ပါဝင်ပါတယ်။
Social App မှန်သမျှကို ဖုန်းတစ်လုံးတည်းမှာ Account 2 ခုကိုပြိုင်တူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခုကတော့ business သုံးပေါ့၊ နောက်အကောင့်ကတော့ မကျေနပ်တဲ့သူကို ဖောင်းထုဖို့ fake acc ဖွင့်ပေါ့ 😝
Secure Folder ပါဝင်တဲ့အတွက်လဲ တခြားလူမသိစေချင်တဲ့ Photos/Videos/Accounts တွေကို Second Space အနေဖြင့် ကိုယ်ပိုင် Password နဲ့ Private အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Camera
- Galaxy J2 pro ရဲ့ Camera မှာဆိုရင်လဲ Back Camera 8 MP (F2.2) နှင့် Front Camera 5 MP (F2.2) တို့ကိုအသုံးပြုပေးထားပါတယ်။
- အရှေ့အနောက် Camera နှစ်ခုလုံးမှာ LED Flash မီးပါလို့ မီးအလင်းရောင်အားနည်းတဲ့ နေရာတွေမှာ Selfie ရိုက်ဖို့အဆင်ပြေတာပေါ့။ Camera Effect တွေ Mode တွေလဲ အစုံပါတယ်နော။
Image Source
Storage
- Internal Memory 16 GB ပါဝင်တဲ့အတွက် တော်ရုံတန်ရုံ Memory Card ထပ်မစိုက်ဘဲအသုံးပြုနိုင်ပါတယ်။
RAM ကတော့နည်းတယ်။
1.5 GB ပဲပါတယ်။ ဒါပေမယ့် 1.5 GB ကို လုံးဝအပြည့်သုံးပေးထားလို့ Game ဆော့တဲ့အခါ Internet အသုံးပြုတဲ့အခါ
စက်လေးမှာ မပူရဘူး။
တချို့ တချို့ဖုန်းတွေရှိတယ်
ို 2GB ကျော်ကျော်ပဲပါတာကို 3 GB ဆိုပြီး ရောင်းတဲ့ ဂျင်းဖုန်းတွေ 😂။
Network ပိုင်း 4G/3G အသုံးပြုနိုင်တယ်။
Dual SIM ဆိုတော့ sim card 2 ကဒ်စိုက်၊ SD 1 ကဒ်စိုက်။ SD Cardကို 256 GB အထိ
ထပ်မံစိုက်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။( တော်ပီလေ 16 GB လောက်ဆို 😁)
- Auto Wifi စနစ်ပါဝင်ပါတယ်။
wifi free ရတဲ့နေရာတွေမှာ wifi သုံးပြီး ပိတ်ဖို့မေ့နေမှာ မစိုးရိမ်ရတော့ဝူးလေ။ wifi area ရဲ့ အပြင်ကိုရောက်သွားတာနဲ့ wifi ကို သူက auto ပိတ်ပေးတဲ့စနစ်လေ။ ဒါ့ကြောင့် wifi ကြီးပွင့်နေလို့ ဖုန်းပူလာမှာ၊ ဘက်ထရီအားစားမှာ မကြောက်ရတော့ဘူးပေါ့။
ကဲ...အခုပြောပြတဲ့ အချက်တွေအားလုံးကတော့ ကျွန်မသိသလောက်အကုန်ပါပဲလို့။
MSC ဒီ့ထက်မက အောင်မြင်ပါစေ ဟု ဆန္ဒပြုရင်း....
MSC-040
Source from samsung.com