Mingalarbar!
Part -1 ကို ဖတ်ရှု လိုပါက အောက်ပါlink ကို နှိပ်ပါရှင်။
https://steemit.com/myanmar/@honeysara/learning-korean-alphabet-part-1-68a4da95f7b16
ဆရာက လက်ရေးလှစာအုပ်များ ဝေငှပေး၍ white board ပေါ်က သင်ခန်းစာများကို ကူးခိုင်းပါသည်။
သင်တန်းသူများ အားလုံးလိုလိုပင် လက်ရေးလှစာအုပ်လေးများကိုဖွင့်လိုက်သည်။ ထို့နောက် စာအုပ်ကို မိမိခန္ဓာကိုယ်ဘက်သို့ အနည်းငယ်စောင်းကာ စာအုပ်ပေါ်လက်တင်ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ညွှတ်ကိုင်းကာ စာကူးကြလေတော့သည်။
ထိုအခါ ဆရာက ''မင်းတို့လေးတွေအသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်နော်၊ စာရေးတဲ့အခါ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီးမှရေးကြပါ၊ ခန္ဓာကိုယ်ကို မတ်မတ်မထားရင် အသက်ကြီးလာတဲ့အခါ အရွယ်မတိုင်ခင် ခါးကုန်းလိမ့်မယ်၊ ဖြစ်ချင်ကြလား ခါးကုန်းကြီး? ''
''မဖြစ်ချင်ပါဘူးဆရာ ''
အားလုံးက တညီတညွတ်ထဲဖြေကြသည်။
''ကဲ ကဲ...ဒါဆို စာအုပ်ကိုလည်း အတည့်ထားလိုက်ကြ''
ငယ်စဉ်ကတည်းက စာအုပ်ကိုစောင်း တံတောင်ဆစ်ကိုကွေးကာ စာရေးနေကျမို့ စာအုပ်ကိုအတည့်ထား တံတောင်ဆစ်ကိုမကွေးဘဲ အတည့်ထားကာရေးခိုင်းတော့ တစ်မျိုးကြီးဖြစ်လို့နေသည်။
ကိုရီးယားစာလုံးတစ်လုံးကို တစ်မျက်နှာစီရေးခိုင်းပါသည်။
ပါးစပ်ကလည်း အသံထွက်ကို ရွတ်ဆိုခိုင်းပါသည်။
''ဂီယောဂ့်
ဂီယောဂ့်
ဂီယောဂ့်
........
......
......''
သူငယ်တန်းကလေးများ ကကြီး ခခွေးအော်ရေးနေသကဲ့သို့ ရေးနေကြပါသည်။ ဆယ့်ငါးမိနစ်မျှကြာလာသောအခါ ခါးမတ်မတ်ထိုင်ရတာ ညောင်းတော့ ခါးလေးတွေပြန်စောင်းချင်လာသည်။
ထိုအခါ ဆရာကအနောက်ကနေရောက်လာပြီး
ကြိမ်ချောင်းလေးဖြင့် ခါးကိုတို့ကာ
''ခါးကို မတ်မတ်ထား''ဟု သတိပေးပါတော့သည်။
ထိုနေ့က ကိုးရီးယားအက္ခရာငါးလုံးကို အခေါက်ခေါက်အခါခါ ချရေးရင်းဖြင့်သာ သင်တန်းချိန်ကုန်ဆုံးသွားခဲ့ရသည်။
Image Source
Image Source
နောက်တစ်နေ့ သင်တန်းချိန်တွင် သင်ခန်းစာအသစ်များကို ဆက်လက်၍ ပို့ချပေးပါသည်။
ရေးသားဟန်များကို ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။
ကိုးရီးယားစာလုံးများ၏ ခြောက်လုံးမြောက်အက္ခရာမှာ ဗီအွ(ဗ်) ဖြစ်ပါသည်။ မြန်မာစာလုံး ''မ'' အက္ခရာကို လေးထောင့်ကျကျ ရေးထားပုံနှင့် ဆင်တူပါသည်။ ထို ဗီအွဗ် ဟူသောအက္ခရာပုံလေးဖြစ်လာစေရန် အဆင့်လေးဆင့်ဖြင့် ရေးသားပေးရပါသည်။
၇လုံးမြောက်အက္ခရာမှာ ''ရှီအို့(ရ်)'' ဖြစ်ပါသည်။
အင်္ဂလိပ်စာလုံး 'y' ကိုဇောက်ထိုးရေးဆွဲထားပုံနှင့်ဆင်တူပြီး အဆင့်နှစ်ဆင့်ဖြင့်ရေးသားရပါသည်။
၈ လုံးမြောက်အက္ခရာမှာ အီအို့ ဖြစ်ပြီး 'ဝလုံး'ပုံစံလေးဖြစ်ပါသည်။ ပုံတွင်ပြထားသည့်အတိုင်း အပေါ်မှအောက်သို့ဝိုက်ကာရေးသားရပါသည်။
၉ လုံးမြောက်အက္ခရာမှာ ဂျီအွတ်ဂ်ျ ဖြစ်ပါသည်။ ရွတ်ဆိုသည့်အခါ (ဂ်ျ)အသံပါအောင် အသံထွက်ပေးရပါမည်။
၁၀လုံးမြောက်အက္ခရာမှာ ချီအွတ်ခ်ျ ဖြစ်ပါသည်။ ဂျီအွတ်ဂ်ျ ကိုအရင်ရေးသားကာ အပေါ်မှ တုတ်ချောင်းလေးထပ်ဖြည့်လိုက်သောအခါ ချီအွတ်ခ်ျ ဖြစ်လာပါသည်။
ရွတ်ဆိုသည့်အခါ ' ခ်ျ ' သံထွက်ရပါမည်။
ကျန်သောအက္ခရာစာလုံးလေးများကို ဆက်လက်ဖော်ပြပေးပါမည်။
Thank You All.