steem ဆိုသည်မှာ SHA-256 hashing algorithm
နည်းပညာကိုသုံးထားသော PoW coin ဖြစ်ပါတယ် ။
အရှည်ကောက်ကတော့ Proof of Work ဖြစ်ပါတယ် ။
steem ကို 2015 ခုနှစ် ဂျူ လိုင် 4 ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ steem ရဲ့ official website ကတော့ steem.io ပါ။
steem ရဲ့ official message board ကတော့
steemit.com/@steemitblog ဖြစ်ပြီး steem ရဲ့ twitter acc ကတော့ ဖြစ်ပါတယ်။
steemit.com ဆိုတာကတော့
block-chain နည်းပညာကို အခြေ ခံထားတဲ့ social media တစ်ခုဖြစ်ပြီး steemit မှာဆိုရင် အဓိကအနေနဲ့ ငွေကြေးသုံးမျိုးရှိပါတယ်။
Steem ရယ်, Steem Power (SP) နဲ့ Steem Backed Dollars တို့ပဲဖြစ်ပါတယ်။
Image Source
Steem Blockchain မှာ အခြေခံအကျဆုံး unit ကိုပြောပါဆို steem ကိုပဲ လက်ညိုးထိုးပြရပါလိမ့်မယ်။
Steem ဆိုတာ liquid currency တစ်မျိုးပါ။ exchange site တွေမှာ ၀ယ်လို့ရမယ်၊ ရောင်းလို့ရမယ်။
ထို့အပြင် steemit user အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် steem ကို အလွယ်တကူ transfer လုပ်လို့ရပါသေးတယ်။ ဒါ့အပြင် SBD အဖြစ်လဲ exchange လုပ်လို့ရမယ်၊ steem power ဖြစ်သွားအောင်လည်း power up လို့ရမယ်။ steem power ဆိုတာကတော့ အခြေခံအားဖြင့် steem နဲ့တူပေမယ့်လို့ သူက ထုတ်ရောင်းချင်တဲ့အချိန်မှာ ထုတ်ရောင်းလို့မရနိုင်ဘူး သုံးလလောက်တော့ lock ဖြစ်သွားမယ်။ အဲ...ထုတ်ချင်တယ်ဆိုရင် power down ရမယ် တစ်ပတ်ကို သင်ထုတ်ချင်တဲ့ steem ပမာဏရဲ့ 13 ပုံ 1 ပုံခြင်းစီ ပြန်ရမယ်။ အဲ့လိုမျိုး။
Image Source
steem ကို ယေဘုယျ အားဖြင့်
debt(အကြွေး) နဲ့ ownership(ကိုယ်ပိုင်) ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။
ownership ကိုအရင်ပြောပါ့မယ်၊ steem တွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တဲ့သူဟာ ownership ပါ။ ownership ဟာ steemit platform အောင်မြင်သွားရင် သူဟာချမ်းသာသွားနိုင်ပြီး မအောင်မြင်ခဲ့ရင် သူ့ငွေကြေးတွေဆုံးရှုံးရမှာပါ။
နောက်တစ်မျိုးက debt ၊ သူကတော့ steemကို ချေးငှါးတဲ့သူဖြစ်ပါတယ်။ သူကတော့ steemit အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သင့်တင့်တဲ့အတိုးနှုန်းကိုရဖို့ အာမခံချက်ရှိပါတယ်။ ဒါပေမယ့် steemit conmmunity ကြီး
လျှမ်းလျှမ်းတောက် အောင်မြင်သွားရင်တောင် သူဟာအကျိုးအမြတ်တစ်စုံတစ်ရာမရရှိနိုင်ပါဘူး။(အချိန်တန်ရင် သူချေးငှားထားတဲ့ steem power ကိုပြန်ပေးရမှာ)
ဒီ Debt နဲ့ Ownership နှစ်မျိုးလုံးဟာ steemit ကြီးတိုးတက်ဖို့နဲ့ steem ဈေးတက်ဖို့အတွက် အထောက်အပံ့တွေပဲဖြစ်ပါတယ်။
Ownership ကိုမှ
နောက်ထပ်နှစ်မျိုးထပ်ခွဲထားသေးတာကတော့ liquid ownership နဲ့ Vesting Ownership ပါ။
Vesting Ownership ဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်( steem ကို power up ပြီး steem
power ပြောင်းထားတဲ့သူကို ပြောတာပါ။)
liquid ownership ကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲရှင်။
steem ကိုပဲ အဓိကကိုင်ထားတဲ့သူကို ခေါ်တာပါ။
Image Source
steem ကို အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ exchange website များကတော့ OpenLedgeDEX, Bittrex, HitBTC, Poloniex နဲ့ Upbit တို့ပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ စာရင်းများအရ steem ရဲ့ market ဟာ $1.14 billion ထိရောက်ရှိနေကြောင်း သိရှိရပါတယ်။
ဒါ့အပြင် မနေ့က တစ်ရက်ထဲနဲ့
steem စုစုပေါင်း တန်ဖိုး $21.63 မီလီယံဖိုး အရောင်းအဝယ်ဖြစ်နေတာကိုလည်း တွေ့ရှိရပြန်ပါတယ်။
steem ရဲ့ ဈေးနှုန်းဟာ အခုဆိုရင် 4.449 USD ( 0.000411 btc) သို့ရောက်ရှိနေပြီး အလားအလာကောင်းသော coin တစ်ခုဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
REFERENCE
http://www.newsrepublic.net/detail/084DB6E95B10100001_us?pid=1021