မြန်မာစတီးမစ်အဖွဲ့သားများအားလုံးပဲ မင်္ဂလာပါနော်။
Steemit ရဲ့ အသုံးပြုပုံက Facebook အသုံးပြုမှုနဲ့တော်တော်လေးကို ဆင်တူပါတယ်။ Facebook မှာ account အသစ်ဖွင့်မယ်ဆိုရင် Friend တွေကလည်း တစ်ယောက်မှမရှိတဲ့အတွက် Friend အသစ်တွေရအောင် Friend Request တွေပို့ရမယ်၊ သူများ post တွေကို like တွေ comment တွေသွားပေးရမယ် မဟုတ်လား၊ ဒါမှလည်း ကိုယ့်ရဲ့ facebook account လေးကို သူများတွေက like တွေ comment တွေပြန်ပေးပြီး ကိုယ့်ရဲ့ wall လေး၊ news feed လေးက အသက်ဝင်မယ်မဟုတ်ပါလား။
facebook မှာတောင် ဒီလိုမျိုး နည်းနည်းလေး အပင်ပန်းခံကြိုးစားပြီးမှ သုံးပျော်တယ်ဆိုရင် ဒေါ်လာတွေရှာဖွေဖို့အတွက် steemit member အသစ်တစ်ယောက်အနေနဲ့ အဟောင်းတွေထက် ပိုပြီး အပင်ပန်းခံ ကြိုးစားသင့်ပါတယ်။ လူဟောင်းတွေက နေရိပ်အလာကို နေပူက စောင့်ခဲ့ပြီးပါပြီ။ အသစ်တွေကတော့ အခုမှ ရေတွင်းတူးနေတုန်းအချိန်မို့ ချက်ချင်းတော့ ရေကြည်သောက်လို့ မရနိုင်သေးပါဘူး။
Image Source
မှတ်မှတ်ရရ ကျွန်တော် steemit ကိုစပြီး join တဲ့နေ့က
July 29 , 2017.
ကျွန်တော် steemit account တစ်ခု စတင်ဖွင့်ပြီးချိန်မှာ ဘယ်လိုသုံးရမယ်ဆိုတာကို မသိခဲ့သေးပါဘူး။
ဘာ့ကြောင့် steemit ကိုမသုံးတတ်လဲဆိုတော့ MSC
( Myanmar Steemit Community ) မှာလည်း member မဖြစ်သေးသလို ၊ စနစ်တကျ သင်ကြားပြသ ပေးမယ့်
MSC က admin တွေနဲ့လည်းမသိကျွမ်းသေးလို့ပါ။ steemit မှာ တစ်ယောက်တည်းယောင်လည်လည်နဲ့ပါ။
Image Source
ဓာတ်ပုံတောင်မတင်တတ်လို့မတင်ရသေးပါဘူး။ အလွန်ကိုအရေးကြီးတဲ့ Introduction Myself ဆိုတဲ့ post ကိုတောင် ရေးရကောင်းမှန်းမသိခဲ့ပါဘူး။ ပထမဆုံးတင်တဲ့ဆောင်းပါးက Hi ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုပဲ Account စရရခြင်း တင်ဖြစ်ခဲ့တာပါ။ Tag နေရာမှာလဲ ဘာထည့်ရမှန်းမသိလို့ a b c d တွေသာ လျှောက်ထည့်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ vote လည်းတစ်ခုမှမရသလို ဒေါ်လာလည်းတစ်ပြားမှမရခဲ့ပါဘူး။
Image Source
နောက်တော့ လျှောက်နှိပ်ကြည့်ရင်းနဲ့ အပေါ်ကိုမြှားထိုးထားတဲ့ပုံလေးကိုနှိပ်ရင် upvote ပေးတယ်လို့သိလာတယ်။ Reply ဆိုတဲ့စာတန်းလေးဟာ facebook ရဲ့ comment နဲ့တူတာကို သိလာတယ်။ အလံပုံစံလေးလဲ ဘာမှန်းမသိလို့ လျှောက်နှိပ်ကြည့်လိုက်တာပဲ။ (MSC ရောက်မှသိခဲ့ရသည်မှာ ထိုအလံပုံစံလေးသည် စာရေးသူကို နောက်တစ်ခါ ဒီလိုစာမျိုးမရေးရန် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။ Facebook မှာဆိုရင် Report ထုတယ်လို့ပဲ ခေါ်မလား။ )
စမ်းပြီးသုံးကြည့်ရင်းနဲ့ follow လုပ်ရကောင်းမှန်းသိလာသည်။
တစ်ရက် တစ်ရက် ကိုယ့်ကို ဘယ်သူတွေ follow လာလုပ်လဲ သိချင်လို့ လိုင်းဖွင့်ကြည့်လိုက်ရတာအမော။ ကိုယ့်ကို follow လုပ်ထားတဲ့သူတွေကို ပြန်ပြီး follow လုပ်လိုက်၊ follower အသစ်တွေရအောင်လည်း သူများကို follow သွားလုပ်ပြီးရင် "Hey,I follow you, please follow me back "
ဆိုတဲ့ comment တွေသွားပြီး ပေးထားမိတာကို ပြန်တွေးကြည့်ရင် ရယ်ချင်ပါတယ်။ Voting Power ကိုလည်း ထိန်းရကောင်းမှန်းမသိပါဘူး၊ တွေ့သမျှကို power down သွားတဲ့အထိလိုက် Vote နေမိတော့ပါတယ်။ သူများကို vote ရင် သူများကလည်း ကိုယ့်ကိုပြန် vote မယ်၊ vote တွေများရင် ဒေါ်လာတွေအများကြီးရမယ်အထင်နဲ့ပါ။