Mingalarbar !
စတော်ဘယ်ရီရဲ့သိပ္ပံ အမည်က တော့" Fragaria" ဖြစ်ပါတယ်။ အရသာ၊ အရောင်အသွေး ၊ အရွယ်အစား အမျိုးမျိုးရှိတဲ့ စတော်ဘယ်ရီ မျိုးစိတ်ပေါင်း ဆယ်မျိုးနဲ့အထက်ရှိတယ်လို့သိရပါတယ်။တခြားအသီးတွေနဲ့မတူညီတဲ့အချက်က အစေ့တွေ(seeds)ဟာအပြင်မှာရှိနေတဲ့အတွက် ထူးခြားတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။
"စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံသလိုပင်
ဘုံကမ္ဘာခုနှစ်ဆင့်အမြင့်ကို မြင်ယောင်လာသလိုပင်၊
...............
စတော်ဘယ်ရီသီးလေးများကို ဖျော်ကာကွယ်...
အိုး.....တိုက်ပါမယ်"
စတော်ဘယ်ရီ အသီးဖျော်ရည်သောက်တိုင်း ငယ်ငယ်ကနားထောင်ခဲ့ဖူးသော အဆိုတော် "ဟေမာနေ၀င်း" ရဲ့သီချင်းကို အမြဲတမ်းအမှတ်ရမိသည်။
(Strawberries from Pyin-Oo-Lwin)
Nutritional Value
စတော်ဘယ်ရီလို့ ပြောလိုက်တာနဲ့ Vitamin C အပြည့်အ၀ပါတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။
ဗီတာမင် C ဆိုတာ ကိုယ်ခံအားကိုအထူးကောင်းမွန်စေပါတယ်။
ကိုယ်ခံအားကောင်းမွန်မယ်ဆိုရင်
တော်ရုံတန်ရုံရောဂါတွေ(အအေးမိ နှာစီး ချောင်းဆိုး) ၀င်မလာနိုင်တော့ဘူးပေါ့။ နောက်ပြီး fiber လို့ခေါ်တဲ့အမျှင်ဓာတ်၊ ပိုတက်စီယမ် ၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ် ၊ ဆိုဒီယမ် ၊ ဗီတာမင် A,B,C,K
စသဖြင့် အများကြီး အများကြီးပါဝင်ပါတယ်။
Advantages
Gout ရောဂါ Cancer ရောဂါအမျိုးမျိုးတို့မှ ကာကွယ်နိုင်စွမ်းရှိပြီး မျက်စိကိုအားတိုးစေပါသည်။
ထိုမျှမက အိုင်အိုဒင်းဓာတ်ပါဝင်မှုကြောင့် ကြွက်သားများ၏ စွမ်းဆောင်ရည်နှင့် ဦးနှောက်စွမ်းဆောင်ရည်ကိုပါ တိုးပွားစေပါတယ်။
ထို့အပြင် သွားများကိုလည်းဖြူ စင်စေပါတယ်။
ဗီတာမင် စီ အစွမ်းကြောင့်လဲ အသားအရည်ကို နုပျိုတင်းရင်းစေပါတယ်။ အသက်အရွယ် အိုမင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အရေးအကြောင်း များကိုသိသိသာသာ လျော့နည်းသွားစေပါတယ်။
ဆိုဒီယမ်ပါလို့ သွေးခုန်နှုန်း ၊ သွေးစီးဆင်းမှုကို မှန်ကန်စေလို့ အသားအရည်ကို ကြည်လင်စေပါတယ်။
ဗီတာမင် ဘီအုပ်စု ပါဝင်တဲ့အတွက် ကြွက်သားတွေကို သန်မာစေပါတယ်။ အမျိုးသားတွေ ကြွက်သားကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်ပါက စတော်ဘယ်ရီသီးကို တက်နိုင်သမျှ များများစားပေးသင့်ပါတယ်။
အမျိုးသမီးတွေလည်း အဆီကျ၍ သွယ်လျသောခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုပါက စတော်ဘယ်ရီသီးကိုများများစားပေးပါ။
ဘယ်လောက်စားစားဝမလာသော LCD လေးများကတော့ စတော်ဘယ်ရီကို တော်ရုံသင့်ရုံပဲ စားပေးကြပါနော်။
အော်..တစ်ခုပြောဖို့ကျန်သေးတယ်။
folic acid လဲ ပါတဲ့အတွက် အမျိုးသမီးတွေအတွက်အထူးသင့်တော်ပါတယ်။ သွေးအားနည်းခြင်းကြောင့် အားအင်ချိနည့်သလိုခံစားရရင် folic acid ပါဝင်တဲ့ဆေးတွေသောက်ပေးရပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ folic acid သောက်ရင် ကလေးမွေးဖွားရလွယ်စေပါတယ်။ ထို့ကြောင့် folic acid ပါဝင်တဲ့ စတော်ဘယ်ရီကို အမျိုးသမီးတိုင်းစားပေးသင့်ပါတယ်။
(Strawberry Cake)
စတော်ဘယ်ရီသီးလေးတွေကို အလွယ်တကူ ရေဆေးပြီးစားလို့ရသလို အရွက်သုပ်တွေမှာလည်း ထည့်ပြီး စားနိုင်ပါတယ်၊
စတော်ဖျော်ရည်ကတော့ ပိုပြီးလူကြိုက်များတယ် ထင်ပါတယ် ။
စတော်ဘယ်ရီနဲ့ပြုလုပ်ထားတဲ့ လူကြိုက်များတဲ့ အစားအစာတွေကို ပြောရမယ်ဆိုရင်.....
-စတော်ဘယ်ရီ ရေခဲမုန့်
-စတော်ဘယ်ရီယို
-စတော်ဘယ်ရီဂျယ်လီ
-အဖျော်ယမကာများ
-ကိတ်မုန့်၊ ပေါင်မုန့်များ......
စသဖြင့် မျိုးစုံ မိမိကြိုက်နှစ်သက်သလို ပြုလုပ်စားသုံးနိုင်ပါတယ်။
အသီးကိုတင်မကပါဘူးနော့
စတော်ဘယ်ရီအရွက်လေးများကိုလည်းကြော်စားလို့ရပါသေးတယ်။နေပူပူမှာ အခြောက်လှန်းပြီး တော့လည်း လက်ဖက်ခြောက်လိုမျိုး ရေနွေးပူပူမှာထည့်ပြီး သောက်သုံးနိုင်ပါသေးတယ်။