" လူပု စိတ္တို '' ဆိုတာ အားလံုးၾကားဖူးၾကတယ္ဟုတ္?
အမွန္တကယ္ကေတာ့ ဝတဲ့သူေတြကမွ ပိုၿပီး
စိတ္တိုတတ္တာပါ။
ဘာေၾကာင့္ ဝတဲ့သူေတြ စိတ္တိုတတ္လဲ ေလ့လာၾကည့္ရေအာင္ေနာ္ 🙄
၁။ မသက္မသာျဖစ္မႈေၾကာင့္ပါ။
ဝတဲ့သူအမ်ားစုဟာ အပူဒဏ္ကို တျခားသူေတြထက္ ပိုၿပီး ခံႏိုင္ရည္ မ႐ွိတာကို ေတြ႔ရပါတယ္။ နဲနဲလႈပ္လိုက္တာနဲ႔တင္ သူတို႔ ခႏၶာကိုယ္က ေခြၽးေတြထြက္လာတတ္ပါတယ္။ ေခြၽးေတြသံေတြနဲ႔ဆိုရင္ လူက အလိုလို ေဒါသထြက္ေနမွာပဲ ျဖစ္ပါတယ္။ ငုပ္လ်ိဳးေနတဲ့ ေဒါသေပါ့ေလ 🙂။ ဒီလိုအခ်ိန္မွာ သင္က သူမႀကိဳက္တာ ေျပာမိလို႔ကေတာ့ သူ႔ေဒါသေတြ သင့္ဆီပံုက်ပီလို႔သာ ေအာက္ေမ့လိုက္ပါေတာ့။
၂။ မိမိကိုယ္မိမိ အလိုမက်မႈ။
ဟုတ္ပါတယ္။ သင္ေတြးထင္ထားသလိုပါပဲ သူတို႔မွန္ၾကည့္တဲ့အခါ
မိမိကိုယ္ကို အလိုမက်မႈက အနည္းနဲ႔အမ်ား ေတာ့ ႐ွိေနတတ္ၾကပါတယ္။ စူထြက္ေနေသာ ဝမ္းဗိုက္ ၊ တုတ္ေနေသာခါး ။ သူငယ္ခ်င္း ေတြနဲ႔ shopping ထြက္ခ်ိန္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အက်ႌ၊ စီးခ်င္တဲ့ ေဒါက္ဖိနပ္၊ ဒါေတြဟာ မိမိနဲ႔ သင့္ေတာ္မႈမ႐ွိတဲ့အခါ (တစ္နည္း) oversize မ႐ွိတဲ့အခါ အလိုမက်မႈ ေတြျဖစ္လာၿပီး မခ်ိ ျပံဳး, ျပံဳး ထားရတဲ့ အခ်ိန္ေတြ႐ွိပါတယ္။
ဒီလိုအခ်ိန္မွာ သင္က သူမႀကိဳက္တာ ေျပာမိလို႔ကေတာ့ သူ႔ေဒါသေတြ သင့္ဆီပံုက်ပီလို႔သာ ေအာက္ေမ့လိုက္ပါေတာ့။
၃။ ဆာေလာင္မႈ။
သင္ေရာ ကြၽႏ္ုပ္တို႔ေရာ အလြန္အမင္းဗိုက္ဆာေနခ်ိန္မွာ
အလကားေနရင္း ေဒါသထြက္သလိုလို၊ တစ္ခုခုကို စိတ္တိုေနသလို ျဖစ္တတ္တာကို သတိထားမိမွာပါ။ ဒီလိုပဲေပါ့ မမ ဝဝ လွလွ ေလးေတြက ပိန္ခ်င္ေတာ့ ဝိတ္ေလ်ွာ့ပီေလ။ ဝိတ္ေလ်ွာ့ေတာ့ ညစာေ႐ွာင္တာေတြ၊ အစားေလ်ွာ့တာေတြ လုပ္ေတာ့ သူတို႔မွ စိတ္မတိုရင္ ဘယ္သူတိုမလဲ ခင္ဗ်ာ။ စဥ္းစားသာၾကည့္ပါေရာ့။
ဒီလိုအခ်ိန္မွာ သင္က သူမႀကိဳက္တာ ေျပာမိလို႔ကေတာ့ သူ႔ေဒါသေတြ သင့္ဆီပံုက်ပီလို႔သာ ေအာက္ေမ့လိုက္ပါေတာ့။
ဒါ့ေၾကာင့္ ေျပာခ်င္တာကေတာ့ ဝတဲ့သူေတြကို ခ်စ္ပါ။ စာနာပါ။ သည္းခံပါလို႔ 😘
Image Source> https://fatgirlflow.merchtable.com/apparel/perfect-raglan-tee-white/?
" လူပု စိတ်တို '' ဆိုတာ အားလုံးကြားဖူးကြတယ်ဟုတ်?
အမှန်တကယ်ကတော့ ဝတဲ့သူတွေကမှ ပိုပြီး
စိတ်တိုတတ်တာပါ။
ဘာကြောင့် ဝတဲ့သူတွေ စိတ်တိုတတ်လဲ လေ့လာကြည့်ရအောင်နော် 🙄
၁။ မသက်မသာဖြစ်မှုကြောင့်ပါ။
ဝတဲ့သူအများစုဟာ အပူဒဏ်ကို တခြားသူတွေထက် ပိုပြီး ခံနိုင်ရည် မရှိတာကို တွေ့ရပါတယ်။ နဲနဲလှုပ်လိုက်တာနဲ့တင် သူတို့ ခန္ဓာကိုယ်က ချွေးတွေထွက်လာတတ်ပါတယ်။ ချွေးတွေသံတွေနဲ့ဆိုရင် လူက အလိုလို ဒေါသထွက်နေမှာပဲ ဖြစ်ပါတယ်။ ငုပ်လျိုးနေတဲ့ ဒေါသပေါ့လေ 🙂။ ဒီလိုအချိန်မှာ သင်က သူမကြိုက်တာ ပြောမိလို့ကတော့ သူ့ဒေါသတွေ သင့်ဆီပုံကျပီလို့သာ အောက်မေ့လိုက်ပါတော့။
၂။ မိမိကိုယ်မိမိ အလိုမကျမှု။
ဟုတ်ပါတယ်။ သင်တွေးထင်ထားသလိုပါပဲ သူတို့မှန်ကြည့်တဲ့အခါ
မိမိကိုယ်ကို အလိုမကျမှုက အနည်းနဲ့အများ တော့ ရှိနေတတ်ကြပါတယ်။ စူထွက်နေသော ဝမ်းဗိုက် ၊ တုတ်နေသောခါး ။ သူငယ်ချင်း တွေနဲ့ shopping ထွက်ချိန် ကိုယ်ကြိုက်နှစ်သက်တဲ့ အကျႌ၊ စီးချင်တဲ့ ဒေါက်ဖိနပ်၊ ဒါတွေဟာ မိမိနဲ့ သင့်တော်မှုမရှိတဲ့အခါ (တစ်နည်း) oversize မရှိတဲ့အခါ အလိုမကျမှု တွေဖြစ်လာပြီး မချိ ပြုံး, ပြုံး ထားရတဲ့ အချိန်တွေရှိပါတယ်။
ဒီလိုအချိန်မှာ သင်က သူမကြိုက်တာ ပြောမိလို့ကတော့ သူ့ဒေါသတွေ သင့်ဆီပုံကျပီလို့သာ အောက်မေ့လိုက်ပါတော့။
၃။ ဆာလောင်မှု။
သင်ရော ကျွန်ုပ်တို့ရော အလွန်အမင်းဗိုက်ဆာနေချိန်မှာ
အလကားနေရင်း ဒေါသထွက်သလိုလို၊ တစ်ခုခုကို စိတ်တိုနေသလို ဖြစ်တတ်တာကို သတိထားမိမှာပါ။ ဒီလိုပဲပေါ့ မမ ဝဝ လှလှ လေးတွေက ပိန်ချင်တော့ ဝိတ်လျှော့ပီလေ။ ဝိတ်လျှော့တော့ ညစာရှောင်တာတွေ၊ အစားလျှော့တာတွေ လုပ်တော့ သူတို့မှ စိတ်မတိုရင် ဘယ်သူတိုမလဲ ခင်ဗျာ။ စဉ်းစားသာကြည့်ပါရော့။
ဒီလိုအချိန်မှာ သင်က သူမကြိုက်တာ ပြောမိလို့ကတော့ သူ့ဒေါသတွေ သင့်ဆီပုံကျပီလို့သာ အောက်မေ့လိုက်ပါတော့။
ဒါ့ကြောင့် ပြောချင်တာကတော့ ဝတဲ့သူတွေကို ချစ်ပါ။ စာနာပါ။ သည်းခံပါလို့ 😘