မိမိနှုတ်ကြောင့်
သူတစ်ပါး မထိခိုက်
မနစ်နာပါစေနှင့်.....
မိမိနှုတ်ကြောင့်
စည်းလုံးညီညွတ်မှု
မပြိုကွဲပါစေနှင့်.....
မိမိနှုတ်ကြောင့်
သူတစ်ပါး စီးပွားရေး
မဆုတ်ယုတ် မပျက်စီးပါစေနှင့်.....
မကူညီလိုလျှင် နေနိုင်ပါသည်
ပျက်စီးအောင်တော့ မလုပ်ပါနှင့်.....
သူတစ်ပါး အပြစ်ကိုရှု
ကဲ့ရဲ့မှုပြုသူသည်
ဘေးဒုက္ခနှင့်တွေ့ကြုံရသည်.....
မနာလိုမှု ဝန်တိုမှုပြုသူသည်
ဘဝဆက်တိုင်း ဒုက္ခခံစားရသည်.....
မိမိပြုအပ်သောအမှုသည်
မိမိသာလျှင် အမှန်ကန်ဆုံး
သိနိုင်သည်.....
ကိုယ့်အပြစ်ကိုမြင်
ကိုယ်ပြုပြင်သူသည်
ဘဝဆက်တိုင်း ချမ်းသာသုခ
ခံစားရသည်.....
သူတော်ကောင်းတို့၏
နေရာသည်
သူတော်ကောင်းတို့၏
စကားသာဖြစ်ရမည်....
ကိုယ် နှုတ် စိတ် ကို
စောင့်စည်းခြင်းသည်
မွန်မြတ်သော တရားဖြစ်သည်။
မေတ္တာဖြင့် အေးချမ်းပါစေ........