Image source
တစ်ပတ်ပြီးတစ်ပတ် စတီးမစ်ရဲ့ ပရိုပိုစ့်ရေးတင်ရမယ်ဆို ဘာရေးလို့ရေးရမှန်းမသိ စဉ်းစားနေရတယ်။နေ့စဉ်ဖြတ်သန်းနေကျတွေထဲက နိစ္စဓူဝတွေကို စာလုံးပြည့်ရုံရေးတင်ဖို့ကလည်း မလွယ်လှဘူးလေ..
မြန်မာရှေးပညာရှင်တစ်ယောက်ပြောသလိုပါပဲ။ မင်းတုန်းမင်းရဲ့အတ္ထုပ္ပတ္တိကို ဖတ်ကောင်းအောင်ရေးရတာထက် ဖယောင်းတိုင်တစ်တိုင်အကြောင်း ဖတ်ကောင်းအောင်ရေးရတာက ပိုခက်တယ်တဲ့။
ဟုတ်မယ်ဗျ..
မင်းတုန်းမင်းအကြောင်းရေးမယ်ဆိုရင် သူ့ရဲ့ငယ်ဘဝတွေ မိဖုရားနဲ့ပတ်သက်ဆက်နွယ်မှုအကြောင်းတွေ စီးပွားရေးတွေ စစ်ရေးတွေ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေမှာ မင်းတုန်းမင်းကြီးရဲ့ စီမံခန့်ခွဲမှုတွေ သူရှင်ဘုရင်ဖြစ်ဖို့ ကြိုးပမ်းရတာတွေ သူ့ရဲ့စိတ်နေသဘောထားတွေ အို..စုံလို့ပါပဲ..။ပြီးတော့ မင်းတုန်းမင်းအကြောင်းရေးထားတဲ့ စာအုပ်တွေအများကြီးထဲက ကောက်နုတ်ပြီးလည်း ရေးလို့ရသေးတယ်လေ..။
အဲ့ဒီတော့ မင်းတုန်းမင်းအကြောင်းရေးရတာကမှ ဖယောင်းတိုင်တစ်တိုင်အကြောင်းဖတ်ကောင်းအောင် ရေးရတာထက် ပိုလွယ်နေသလိုပါပဲ။
ဘာကြောင့်လဲဆိုတော့ ဖယောင်းတိုင်လေးတစ်တိုင်ကို အမှောင်ထဲမှာ တည်လိုက်ပြီး မီးလေးထွန်းညှိလိုက်တယ်။ မီးလင်းသွားတယ်ဆိုရုံနဲ့ ဖယောင်းတိုင်အကြောင်းက ပြီးသွားပြီလေ။ အဲ့ဒီလောက်နဲ့ ဖတ်ကောင်းတဲ့ အကြောင်းအရာတစ်ခု ဖြစ်မလာသလို စိတ်ဝင်စားစရာအကြောင်းလည်း ဖြစ်မလာတဲ့ စာရွက်ပြည့်ရုံ စာကြောင်းသက်သက်တွေပဲ ဖြစ်နေတော့ပဲ။
ကျွန်တော်တို့တွေ စာရေးတာ လွယ်လွယ်လေးလို့ ထင်နေကြသေးတယ်။ အခု ကိုယ်ရေးရမှ ဘာကို ဦးတည်လို့ရေးရမှန်းမသိ ဘယ်လိုရေးရမှန်မသိနဲ့ စာရေးရတာဟာ အတော်ဦးနှောက်စားမှန်း အခုမှ သိရတော့တယ်လေ။
တစ်ခါတလေတော့ ကျွန်တော်တွေးနေမိတယ်။
ဪ..ဒါကြောင့် လူတိုင်း စာရေးဆရာမဖြစ်နိုင်ကြတာကိုးလို့။
Image source
စာရေးဆရာထဲမှာတောင်မှ လူတိုင်းက စာရေးကောင်းသူတွေ ဖြစ်မနေကြဘူးလေ။ပြီးတော့ သတ်ပုံသတ်ညွှန်း ဝါကျတွေ စကားပြောရေးနည်းတွေ စကားပြေရေးနည်းတွေ ဘာတွေ ညာတွေ ဇာတ်လမ်းတွေရေးမယ်ဆိုလည်း ဇာတ်လမ်းဇာတ်ကွက်တွေ အနိမ့်တွေ အမြင့်တွေ မြှုပ်ကွက်တွေနဲ့ တော်တော်လေး ရှုပ်ထွေးတာပဲ။ကျွန်တော်ကတော့ စာရေးဆရာကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ပဲ ထင်မိတယ်။
ဟုတ်တယ်လေ
ဒီ စတီးမစ်ထဲမှာတောင် စာကြောင်းဖြောင့်အောင်လေးက မနည်းရေးရတာကို..
ကုန်ကြမ်းဆိုတာ ဘယ်နေရာကနေ ရှာရမှန်းလည်း မသိနဲ့။ ဒီစတီးမစ်ရဲ့ ပရိုပိုစ့်တောင် တစ်ပတ်တစ်ပတ် အလျဉ်မီအောင်ရေးရတာနဲ့တောင် ဦးနှောက်တွေ ပေါက်ထွက်တော့မလို စဉ်းစားရတာနဲ့ စာရေးဆရာသာ လုပ်စားရမယ်ဆို ကျွန်တော် ထမင်းငတ်မယ်ဆိုတာ သေချာကြီးပါဗျို့....
Image source