မူလန်
Image source
တရုတ်အမျိုးသမီး စစ်သူကြီး တစ်ဦးရဲ့နာမည်ပါ။သူမနာမည်က ဟွားမူလန်တဲ့။
နေမကောင်းဖြစ်နေတဲ့ ဖခင်ကိုယ်စား စစ်မြေပြင်ထဲကို ယောက်ျားလေးဟန်ဆောင်ပြီး ဝင်ရောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ဘာဖြစ်လို့ ယောက်ျားလေးလိုဟန်ဆောင်ရသလဲဆိုတော့ အဲ့ဒီ ဝှီစစ်တပ်ကြီးရဲ့ အမိန့်အရ စစ်ပွဲတွေထဲ မိန်းမတွေ မခေါ်ရ ခေါ်ခဲ့ရင် သေဒဏ်တဲ့။
ငယ်ကတည်းက မဟုတ်မခံချင်စိတ်ရှိတဲ့ မူလန်။ဖခင်ဖြစ်သူရဲ့ သင်ကြားပေးမှုနဲ့ သိုင်းပညာကို တတ်မြောက်ထားတဲ့ မူလန်ဟာ မိန်းကလေးသိပ်တော့ မဆန်ပဲ ဖြစ်နေပါတယ်။
Image source
စစ်တပ်ထဲ ရောက်တဲ့အခါ သူမရဲ့ငယ်သူငယ်ချင်း တိုက်ဂါးနဲ့ ဆုံတော့ တိုက်ဂါးကို နှုတ်ပိတ်ရပါသေးတယ်။ပြီးတော့ ယောက်ျားလေးတွေကြားထဲက မိန်းကလေးတစ်ယောင်အနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဗာဟီရကိစ္စတွေက သူမကို အခက်အခဲ ဖြစ်စေပါတယ်။
ရန်သူ ရိုရန်တွေရဲ့ နယ်ချဲ့မှုကို ကာကွယ်ဖို့. ပထမဆုံးတိုက်ပွဲမှာပဲ တစ်ဖက်ရန်သူရဲ့ တပ်မှူးကို မူလန်က သတ်ပစ်လိုက်နိုင်တဲ့အတွက် သူမက လက်ထောက်တပ်မှူးအဖြစ် ရာထူးခန့်ထားခြင်းခံရပါတယ်။
မူလန်တို့ တပ်မှူးက အဲ့ဒီတိုက်ပွဲမှာ ကျရှုံးသွားခဲ့ပြီး လက်ထောက်တပ်မှူးက တပ်မှူးကြီးဖြစ် ၊မူလန်က လက်ထောက်တပ်မှူးဖြစ်ပေါ့..။
အခြေအနေတစ်ခုနဲ့ ကြုံကြိုက်ပြီးမှ အဲ့ဒီတပ်မှူးကြီးဖြစ်သွားတဲ့ ဝမ်တိုင်က မူလန်ကို မိန်းကလေးမှန်းသိနေခဲ့တာပါ။
တိုက်ပွဲပေါင်းများစွာကို ဝမ်တိုင်နဲ့ မူလန်တို့ အနိုင်ယူတိုက်ခိုက်ကြပြီး တစ်ဖက်ရန်သူ ရိုရန်တွေကို ထိတ်လန့်စေခဲ့ပါတယ်။
မူလန်ဟာ တိုက်ပွဲများစွာကို ဝမ်တိုင်နဲ့အတူ ပါဝင်ဆင်နွဲကြရင်း ဝမ်တိုင်အပေါ် ယိမ်းယိုင်နေတဲ့ သူမရဲ့စိတ်က မိန်းကလေးဆန်ဆန် ထွက်ပေါ်လာခဲ့ပါတယ်။
ဝမ်တိုင်က သူမဟာ ဒီထက်ပိုလုပ်နိုင်သူမှန်းသိနေသူမို့ သူမကိုယ်သူမ ရပ်တည်နိုင်အောင် ကြံစည်နေခဲ့သူပါ။
တစ်နေ့မှာတော့ ဝမ်တိုင် ရန်သူတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခံရပြီး အကြီးအကျယ် ဒဏ်ရာရသွားခဲ့ပါတယ်..ဝမ်တိုင်ရဲ့ ဒဏ်ရာဟာ သူ့အတွက် သေမလား ရှင်မလားဆိုတဲ့ အရာနှစ်ခုကြားမှာ မှုန်ဝါးနေခဲ့ပါတယ်။
မူလန် တစ်ယောက် ဝမ်တိုင်မရှိတော့တဲ့အတွက် တပ်မှူးကြီး ဖြစ်လာတဲ့အခါ တပ်တွေကို ဦးဆောင်နိုင်ပါ့မလား..
သူမဟာ မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အတွက် သနားကြင်နာတတ်ခြင်းနဲ့ ပျော့ညံ့မှုတွေကို တစ်ဖက် ကကျူးကျော်လာကြတဲ့ ဖခင်ကိုသတ်ပြီး နန်းတက်လာတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရိုရန်ဘုရင်ကို အန်ုင်ယူနိုင်ပါ့မလား..
သူမရဲ့တပ်တွေကို သူမ ဘယ်လို ဦးဆောင်သွားသလဲ
ဝမ်တိုင်ဟာ သေသလား ရှင်သလား
သူမဟာ တပ်မတော်ထဲပါဝင်နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေတာမို့ ဘုရင်ကြီး သိသွားတဲ့အခါ ဘယ်လို စီရင်ချက်ချလိုက်သလဲ..
Image source
စိတ်ဝင်စားစရာ ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့ Mulanဆိုတဲ့ ကာတွန်းကားကတည်းက အောင်မြင်ခဲ့တဲ့ဇာတ်ကားကို တရုတ်မင်းသမီးချော Zhao Wei က ဟွားမူလန်နေရာမှာ အဓိက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။