Crd-org-source
တိုးတက်ကြီးပွားနေကြသူ လူသူအများကို သေချာစွာ သူတို့ရဲ့ အရေးအသွေး အလုပ်အကိုင်ကို ကြည့်လျင် ထိုသူများသည် အလုပ်တစ်ခုကိုတိကျစွာဆောင်ရွက်တတ်ပြီး ဘာဘဲလုပိလုပ် ပြီးဆုံးအောင် ပြုလုပ်တတ်ကြပါသည်။
ထိုသို့သော လူများသည် သည့်အတွက်ကြောင့် အလုပ်အကိုင် ပြုလုပ်ရတွင် ကောင်းမွန်စွာဆောင်ရွက်ပြီး အလုပ်ထဲမှာ အာရုံစူးစိုက်စွာ ပြုမူတတ်တဲ့ အခြေကောင်းတဲ့ ပင်ကိုယ်အရေအတွေးရရှိရန် ကြိုးပမ်းအားထုပ်ခဲ့ကြပါတယ်။ပြုလုပ်နေသော မိမိလုပ်ငန်းတွေမှာလဲ အခက်အခဲ အတားအဆီး မည်သို့ပင်ရှိစေကာမူ တွေဝေခြင်း ကြောက်ရွံထိပ်လန့်ခြင်းအလျင်မရှိဘဲ တည်ငြိမ်စွာ ဖြေရှင်းတတ်ကြပါသည်။
Crd-org-source
လမ်းခုလတ်တွင် ပိတ်မိနေတဲ့အခက်အခဲများကိုလဲ ရှေ့တိုးရင် ကောင်းမလား နောက်ဆုတ်ရင်ကောင်းမလား စသည့် အမှားအမှန် ကိုလည်း ဝေဖန်ပိုင်းခြားနိုင်စွန်းလဲ ရှိတတ်ကြပြန်သည်။ရှေ့ဆက်လျောက်ရမည့် ခရီးလမ်းတွေကိုလည်း "ငုတ်မိသဲကိုင် တက်နိုင်ဖျားရောက်"ဆိုစကားလို ပြီးဆုံးဆောင် ဆောင်ရွက်တတ်ကြပြန်သည်။ထိုသို့သော လူမျိုးများအား မိတ်ဆွေခင်ပွန်းရှိခြင်းသည် ဂုဏ်ယူဖို့ ကောင်းတဲ့ အနေအထားတွေပါ။
ဘာအလုပ်ဘဲလုပ်လုပ် မတိုးတက်တဲ့ ဗီဇပါလာသူ ပျင်းရိတတ်တဲ့သူတွေဟာ အများအားဖြင့် အလုပ်တစ်ခုလုပ်ရင် ဟိုတစ်ခုလုပ်လဲ တိုးလို့တန်းလန်း ဒီတခုလုပ်လဲ တိုးလို့တန်းလန်းနှင် အလုပ်တခုကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်းမရှိတတ်ကြသောကြောင့် ခရီးလမ်းသည် တိုးတက်စေရန် ဆူးညှောင့်ခလုတ်ဖြစ်တတ်ပါသည်။ထိုသူများသည် တိုးတက်မဲ့ခရီးလမ်းတွင် ဆင်းကျန်ရစ်သော လူစားမျိုးလဲ ဖြစ်ကြပါသည်။အပေါင်းအသင်းမိတ်ဆွေ မထားအပ်ပါ။
တချိုးသော လူတန်းစားလူမျိုးတွေအနေနဲ့ ပညာရေးမှာ ထွန်းပေါက်ပြီး ထူးချွန်ထက်မြတ်ကြသော်လည်း မတိုးတက်လမကြီးပွားကြပေ။အဖြေကိုးစေ့စပ်သေချာစွာ အကဲခတ်ကြည့်သော် ထိုသူများသည် အလုပ်တစ်ခု လုပ်ရာတွင်ပြီးဆုံးအောင် ဆောင်ရွက်တတ်ခြင်းမရှိကြသောကြောင့်ဖြစ်ကြပါသည်။
အောင်မြင်မှု ရရှိဖို့အတွက် မိမိလုပ်ဆောင်ရမဲ့အလုပ်ကို စနစ်တကျနဲ့ စိတ်ရင်းမှန်ကန်စွာမိမိ ပစ္စည်းသို့လည်းကောင်း မိမိအလုပ်ကဲ့သို့လည်းကောင်း ကောင်းစ့်ာ ဆောင်ရွက်တတ်ရပါမည်။
Crd-org-source
အသေးအမွှားကအစ ဂရုမစိုက်မိလျင် တိုးတက်ကြီးပွားဖို့ အခွင့်အလမ်းကို ဟန့်တားမိစေနိုင်ပါသည်။အောင်မြင်မှုအတွက် စိတ်ကို ခိုင်ခိုင်ထားကာ မိမိဆုံးဖြတ်ချက်အပေါ်၍ တိကျသော အဖြေကို ဆုံးဖြတ်ချက်နှင့် ပြီးမြောက်အောင် ဆောင်ရွက်တတ်ရန် လိုအပ်လှပါပေသည်။