Image source
အကောင်းကိုလုပ်ရင် အကောင်းတွေ ဖြစ်လာမှာပဲ။ အဆိုးတွေကို လုပ်ရင် အဆိုးတွေ ဖြစ်လာမှာပါပဲ။ အဲ့ဒါ အကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုတာမျိုးပါတဲ့.။
ကျွန်တော့ အဖိုးက ပြောခဲ့ဖူးတဲ့ စကားလေးပါ။
အကြောင်းတရားတွေ မရှိပဲနဲ့ အကျိုးဆက်ဆိုတာ ဖြစ်လာဖို့မရှိဘူး။ မင်း လူသတ်လိုက်တယ်ဆိုရင် အဖမ်းခံရမှာပဲလေ..ဒါ လူသတ်တဲ့ အကြောင်းအရင်းကြောင့် အဖမ်းခံရခြင်းဆိုတဲ့ အကျိုးဆက် ဖြစ်လာတာပဲတဲ့။
ကိုယ်က ကောင်းတာတွေကို မလုပ်ပဲနဲ့ ကောင်းတာတွေကို လိုချင်နေလို့ မဖြစ်ဘူး။ လယ်စိုက်နေပြီး ကျောက်အောင်ချင်လို့မရဘူး။ထီမထိုးပဲ ထီပေါက်ချင်လို့မရဘူး။
လယ်စိုက်မှတော့ စပါးကိုပဲရမှာ ။ထီမထိုးမှတော့ သူများတကာတွေကို.ထီဆိုင်က ဖုန်းကို မျှော်မနေနဲ့။
အကြောင်းတရားမှ မရှိတာ ဘယ်လိုလုပ် အကျိုး ဖြစ်ထွန်းမှာလဲ တဲ့။
ကျွန်တော် စဉ်းစားကြည့်တယ်။ အဖိုးပြောတာတွေက တကယ်လေးနက်ပြီး စဉ်းစားဖို့ကောင်းတယ်လေ။
ဟုတ်တေယ့ဟုတ်တာပေါ့။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘယ်မှာပဲ ဖြစ်ဖြစ် ကိုယ်လုပ်ထားသမျှ အကောင်းအဆိုး သက်ရောက်မှုဆိုတာ ကိုယ့်ဆီပဲ ပြန်လာတာပဲလေ။ ဒါကိုပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဝဋ်ကြွေးလို့ ဆိုကြတာမဟုတ်လား။
ကံ ကံ၏ အကျိုးလို့ ယုံကြည်လိုက်ပေမယ့် အဲ့ဒီကံဆိုတာ ကျွန်တော်တို့ လုပ်ထားတဲ့ အကြောင်းတရားတွေရဲ့အရိပ်တွေပဲလေ။
အဆိုးဆုံးတွေကို ကိုယ်တိုင်က လုပ်နေပြီးမှ ဘယ်မှာ အကောင်းကို မျှော်လင့်လို့ရပါ့မလဲ။အဆိုးတွေကိုပဲ ကျွန်တော်တို့ လိုချင်ချင် မလိုချင်ချင် လက်ခံရတော့မှာပဲလေ။
အကောင်တွေကိုပဲ တောက်လျှောက်လုပ်လာခဲ့သူက အဆိုးအတွက် လှည့်တောင် ကြာ့်စရာမလိုတော့ဘူးလေ..။
Image source
တော်တော်ကို လေးနက်တဲ့စကားတွေကို အဖိုးက ကျွန်တော့်ကို ပြောပြခဲ့တာပါလားလိာ့ ကျွန်တော်တွေးနေမိတယ်။
အကြောင်းကြောင့် အကျိုးဖြစ်လာတယ်။ အကျိုးတွေက ကျွန်တော်တို့ကို အကောင်းအဆိုးဆိုတဲ့ ရလာဒ်ကိုပေးတယ်။ကျွန်တော်တို့က ကံဆိုတာကိုပဲ ပုံချပစ်လိုက်တယ်။
အဲ့ဒီကံဆိုတာ ကျွန်တော်တို့ပြုလုပ်ခဲ့ဖူးတဲ့ အကြောင်းတရားတွေရဲ့အကျိုးတွေဆိုတာ.ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။
တွေးကြည့်ရင်း ကျွန်တော် လူကြီးတွေကို လေးစားမိတယ်။ဆရာမရှိပဲ ဒီလောကအမှန်တရားတွေကို.ထုတ်ဖော်ခဲ့တဲ့ ရှင်တော်မြတ်ဘုရားကို.ရိုသေလေးစားမိတယ်။
ကျွန်တော်တို့ လူသားတွေရဲ့ မွေးဖွားခြင်းဆိုတဲ့ အကြောင်းထဲမှာ သေဆုံးခြင်းဆိုတဲ့အကျိုးကို ရင်မဆိုင်ရသေးခင် ကျွန်တော်တို့ ဘယ်လောက်မျှောနေခဲ့ကြလဲ။ ဘယ်လောက်မောနေခဲ့ကြသလဲ..။
Image source
ကျွန်တော်တို့ထံပြန်လာတဲ့ အကောင်းအဆိုးဆိုတဲ့ အကြောင်းတရားရဲ့ပဲ့တင်သံတွေကို ကျွန်တော်တို့ ရဲရဲဝံ့ဝံ့လက်ခံရဲပြိလား..
အကြောင်းတရားရဲ့အကျိုး ဆက်တွေအောက်မှာ ကျွန်တော်တို့ အစစအရာရာ အကောင်းအဆိုးတွေကို မြင်နိုင်ပြီလားမြင်တတ်ပြီလား ..
ကျွန်တော်ကတော့ အဖိုးရဲ့ တန်ဖိုးရှိလှတဲ့ စကားလေးတွေနဲ့ တစ်နေ့လုံး အတွေးပွားနေမိတော့တာပါ။
အကျိုးအကြောင်းနဲ့ အဆိုးအကောင်း အကြောင်လေ...