Image source
ဖွစဘုတ်လောကဘာညာသာရကာတွေကလည်း ပေါလွန်းလိုက်တာဗျာ...
မြန်မာမြူပည်ရဲ့ ဘာပေလောကဘာဖြစ်တယ် ညာဖြစ့တယ်နဲ့ပဲ။ဂရုမစိုက်ခြင်းအနုပညာဆိုတဲ့ စာအုပ်က ပြိုက်ခနဲ ပြိုက်ခနဲ ကုန်နေပြန်သလို သူ့နောက်ကနေ ဂျူးရဲ့ သက်တန့်ဖြင့်ရက်ဖွဲ့ ချစ်သူ့ခြုံလွှာစာအုပ်ကလည်း တစခန်းထလာပြန်ပါသေးတယ်။
မြန်မာပြည်က အုတ်အော် သောင်းနင်းပရိတ်သတ်တွေကတော့ ဆက်ပြီး နှုတ်သီးတွေနဲ့လေလုံးတွေနဲ့ကိုပစ်ကြခတ်ကြ ဆော်ကြနဲ့ ပြီးကထတော့လည်း အဲ့ဒီအထဲ ကိုယ်ကမပါခဲ့သလိုကြီး ကင်းရှင်းပြနေပြန်ရဲ့...
ပြီးကျတော့လည်း ခင်မာမြင့်ဆိုတဲ့ နာမည်တွေ တော်လှန်ရေးသမားကြီး အမောင်ခြင်္သေ့တို့တွေနဲ့ ဖွစဘုတ်လောကကြီး စည်ကားလို့ ကျွတ်စီ ကျွတ်စီနဲ့ ဖြစ်သွားကြရောလား ခမျ...
ကျွန်တော်တို့တော့ ယောင်တောင်တောင်နဲ့ ပွင့်လင်းမြင်သာလွန်းတဲ့ ဟို အစ်မရဲ့ ပုံတွေအောက်မှာ သွားရည်တမြားမြားသွားစောင့်မိရပြန်လေသေးတယ်...
သူ့ခမျာလည်း စစ်မလိုလိုနဲ့ တုလိုက်လို့ စားလက်စ ထမင်းလုတ်လွှတ်ကျမလို ဖြစ်ရ...
ဖော်မလိုလိုနဲ့ ချော်သွားလို့ ကျွန်တော်တို့သာ ကျန်ရစ်ဖြစ်ရနဲ့ဗျာ...
Image source
ဖွစဘုတ်လောကကြီးကို စိတ်ပျက်လွန်းလို့ နှုတ်ဆက်မယ်လုပ်ခါမှ ဟို မမက တရားစခန်းသို့တဲ့...
ဗုဒ္ဓေါ.. ..
အပြေးအလွှားပြန်လှည့်လာပြီး ပြေးကြည့်ရလေရဲ့...
အတော် ဒိုးခပေးတဲ့ လေဒီပဲဗျာ။
ကျွန်တော်ဆိုတာကလည်း နေရင်း ထိုင်ရင်း ဗျာများချင်ဆိုတော့ တွေ့ကြရလေရောပေါ့လေ....
နောက်တော့လည်း ငြိမ်းအေးနေတဲ့သူမကို စိတ်မချတချနဲ့ပဲ ဟင်းခနဲ လှည့်ပြန်ခဲ့ရတော့တာပေါ့...
ဟော သိပ်မကြာပါလား
အန်ကယ်လ်တို့ နိုးကြလို့ ခေးလ်လေးတွေ နုကြ ...
မုန့်ဟင်းခါးတွေအပေါ် စိတ်ဝင်စားမှုမြင့်တက်ကြနဲ့ ကျွန်တော်တို့ဖွစဘုတ်လောက စည်သလေ့ စည်သလေ့ ဖြစ်နေကြပါရောလားဗျာ...
ကျွန်တော်တို့လည်း ယေ့...ယေ့နဲ့ ဝိုင်းပြီးသမ လက်ခုပ်ပေးကြဖို့ အသင့်ပြင်ရင်း လက်ဝါးယားနေတာနဲ့ နယူးဖိတွေကို ပွတ်ရတာ ဖုန်းတောင်ပါးတော့မတတ်..
ဘေလ်တွေကလည်း သောက်သောက်လဲ ကုန်လေသတတ်...
Image source
ဝမ်းနည်း စိတ်ပျက်ဖို့ကောင်းလိုက်ပုံများ..
ကျွန်တော်က မောင်ချိုလေးဖက်နေမယ်ရှိသေး သိပ်ကြောက်ရတဲ့ ဆရာမ အစ်မ အပျိုကြီးက ဖြိုးမြတ်အောင်တဲ့....ကျွန်တော့်မှာ နှလုံးသားတွေ ဟတ်တတ်ကွဲ....အယ်လယ့်..အယ်လယ့်...
အင်း ပြောရင်းဆိုရင်း စပ်မိစပ်ရာတွေ ပါရင်း ပါလာပြန်ပြီ...
တကယ်တော့ ကျွန်တော်က တည်ငြိမ်သူလေးပါဗျာ..
အမြင်မတော်တာတွေ အကြားမတော်တာတွေအတွက် ပြောမိရုံလေးပါဗျာ..
ဗွေတော့ မယူကြပါနဲ့လို့....
ဒါလေးပဲ ပြောမိတာလေးပါ..စပ်မိစပ်ရာလးပါ...