ရေ
မကြာခင်ကျွန်နော်တို့တွေ ရေကစားပြန်ကြရတော့မယ်။ သင်္ကြန်ပေါ့ဗျာ..သင်္ကြန်ကျတယ်ပေါ့..မြန်မာလိုနှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းတဲ့အခါ အညစ်အကြေးတွေ ကင်းစင်အောင်လို့ ရေလောင်းပြီး အညစ်အကြေးတွေ ဆေးကြောကြသတဲ့။
တကယ်များ အညစ်အကြေးတွေတွေ ကင်းစင်ပါရဲ့လား..ရေဆိုတာက ရေရဲ့ဂုဏ်သတ္တိအတိုင်းပါပဲ။တကယ်ပြောင်းလဲရမှာက ကျနော်တို့ စိတ်တွေပါ ။ ကျနော်တို့စိတ်တွေမပြောင်းသရွေ့ ရေတွေ ဘယ်လောက်လောင်းလောင်း ဒုံရင်းဒုံးရင်းနဲ့ ဖြစ်နေအုံးမှာပါပဲ။ ရေကုန်တာအဖတ်တင်တာပဲ ဖြစ်နေမှာပါ။
သင်္ကြန်ကို အချို့က အပျော်သက်သက် ပျော်ကြတယ်။ အချို့က ကုသိုလ်နဲ့ မွေ့လျော်ကြတယ်။
ဒါပေမဲ့ သင်္ကြန်မှာ ပျော်စရာအဖြစ် ရေလောင်းကြတာကိုတော့ ကျနော်တို့တွေကြိုက်ကြပါတယ်။
အခုအချိန်မှာတော့ ရေတွေလောင်းပြီး ပျော်နေကြတာ ကျနော်တို့တွေ ရေအတွက် အပူအပင်မရှိပါဘူး..
မိုးရာသီ ရေကြီးချိန်မှာတော့ ကျနောတို့ေ ရကို မုန်းတီးကြရပါတယ်။ ရေကြောင့်ဘဝတွေပျက်ကြသူတွေ ရေကြောင့် အိမ်ခြေယာခြေမဲ့ကြရသူတွေ ပျက်စီးဆုံးရှုံး ကြရတဲ့ လယ်မြေယာမြေတွေနဲ့ဆို ကျနော်တို့ ရေတွေကို မုန်းတီးခဲ့ကြရပါတယ်။
ရေဟာ ကျနော်တို့တွေအတွက်မရှိမဖြစ်လိုအပ်တာ ဖြစ်ပေမဲ့ အလွန်အကျွံဖြသ်လာတဲ့အခါ ရေဟာ အန္တရာယ်ကောင်ကြီး ဖြစ်လာပါတော့တယ်။
အခုလိုသင်္ကြန်အချိန်ရောက်ပြီးဆိုရင်တော့ သင်္ကြန်ရေဟာ ကျနော်တို့အတွပ်ချစ်စရာကောင်းနေပြန်ပါတယ်။
အဲ့ဒီချစ်ရာကောင်းတဲ့ အလေ့အထ ရေလောင်းကြတဲ့မြန်မာ့ဓလေ့မှာ အခုခေတ်မှာတော့ အပျော်ကို အပျက်ဖြစ်စေပြီး တစ်ယောက်နဲ့တစ်ယောက် တိုက်ကြခိုက်ကြ မူးကြရူးကြ ရန်ဖြစ်ကြနဲ့ မြန်မာ့ရိုးရာကို ပျက်စီးစေ ဖျက်ဆီးနေကြသူတွေကိုကြည့်ရတာတော့ လောင်းလိုက်တဲ့ ရေတွေကိုတောင် အားနာဖို့ကောင်းနေပါသေးတယ်။
အေးချမ်းပါစေ တစ်နှစ်တာ မကောင်းမှုတွေကို ပပျောက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ လောင်းလိုက်တဲ့ရေကြည်ကြည်တွေကို အားနာစရာကောင်းလှပါတယ်။ ကိုယ့်ကြောင့် ရေကြည်ကြည်တွေ အလဟဿကုန်ကြရသလို မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ရေကြည်ကြည်ထဲမှာ ဓလေ့ပျက် ယဉ်ကျေးမှုဖျက် ဆိုတဲ့ ရေနှောက်တွေ မပါကြဖို့တော့ အားလုံးက ဝိုင်းဝန်းကြိုးစားကြရပါလိမ့်မယ်။
ကျနော်တို့ သင်္ကြန်ရေတွေဟာ ချစ်စရာကောင်းနေကြသေးစေဖို့ ကျနော်တို့ကိုယ်တိုင်ပဲ ကြိုးစားကြရအောင်လားဗျာ...
Writter
Msc 188
Photo from google