မနေ့က MRTVကလာတဲ့ ဥပဒေအကြောင်းရိုက်ထားတဲ့ ပန်းနှစ်ပွင့်စီးချင်းဆိုတဲ့ ဇာတ်လမ်း ဇာတိသိမ်းပိုင်းကို ကြည့်လိုက်ရတယ်။အဲ့ဒီအထဲမှာ ဂျက်ဆီကာဆိုတဲ့ မိန်းကလေးတစ်ယောက်ပြောတဲ့ စကားကို သတိထားလိုက်မိတယ်။
သူပြောတာက ဟိုတုန်းက သူ ဟိုပေါ်ဒီပေါ် ဝတ်စားပြီး ရိုးသားလွတ်လပ်တဲ့ဘဝနဲ့နေခဲ့တုန်းကလည်း လူတွေက သူ့ကိုအမြင်တစ်မျိုးနဲ့ကြည့်ကြတယ်တဲ့။ အခု မြန်မာဆန်ဆန်ဝတ်စားလိုက်တော့လည်း အဲ့ဒီအမြင်ဟာ ပျောက်မသွားကြသေးဘူးလားတဲ့..။
ဟုတ်ပါတယ် ။ ကျနော်တို့ဆီမှာ မိန်းကလေးတွေ ဟိုပေါ် ဒီဟိုက်နဲ့ လျှပ်ပေါ်တဲ့အဝတ်အစားတွေအဖြစ်နဲ့ ကျနော်တို့လူကြီးတွေ မျက်စိထဲ သိပ်ဘောင်မဝင်သေးပါဘူး။ ဒါပေမဲ့ မြန်မာဝတ်စုံတွေဝတ်ပြီး အကျင့်ပျက်ဖြစ်နေတဲ့မိန်းကလေးတွေကရော ကောင်းနေကြပါသလားလို့ မေးချင်စရာပါ။
အဝတ်အစားကို ဟိုပေါ်ဒီပေါ်ဝတ်ကြတိုင်းအကျင့်ပျက်တွေ မဟုတ်ကြပေမဲ့ ကျနော်တို့မြန်မာ့ယဉ်ကျေးမှုမဟုတ်တဲ့အတွက် မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့အခါ သူတို့အကျင့်စာရိတ္တကိုပါသို့လော သို့လော အထင်ခံကြရတာဖြစ်ပါတယ်။ အများအားဖြင့် အဲ့ဒီလို ရဲတင်းလွတ်လပ်စွာ ဝတ်စားကြတာကလည်း အကျင့်ပျက်မိန်းမတွေကို ပိုပြီးမြင်ရလေ့ရှိတာပါ။
ဟိုပေါ်ဒီပေါ်ဝတ်ကြတိုင်း အကျင့်ပျက်မိနိးမတွေမဟုတ်ကြပေမဲ့ အကျင့်ပျက်မိန်းမတိုင်းကတော့ ဟိုပေါ်ဒီပေါ် ဝတ်လေ့ရှိကြပါတယ်။
ဒါပေမဲ့ မြန်မာဆန်ဆန်ဝတ်စုံနဲ့ ဣနြေ္ဒသိက္ခာကြီးမားတဲ့ အသွင်ကိုယူပြီး မကောင်းတဲ့အလုပ်တွေလုပ်နေကြသူတွေလည်း ဒုနဲ့ဒေးပါ။ ပန်းနှစ်ပွင့်စီးချင်းဇာတ်လမ်းထဲမှာဆို အဲ့ဒီဂျက်ဆီကာဆိုတဲ့ မိန်းကလေးဟာ အစပိုင်းက လျှပ်ပေါ်တဲ့အဝတ်တွေ ဝတ်ပြီး ရိုးသားပေမဲ့ ပတ်ဝန်းကျင်ကြောင့် အကျင့်ပျက်လို့ အထင်ခံရတယ်။ အမှန်တကယ် ပတ်ဝန်းကျင်ကို အရွဲ့တိုက်ပြီး ဘဝကိုရေစုန်မျှော ..မြန်မာဝတ်စုံကိုဝတ်ပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့နေချိန်မှာတော့ သူက မူးယစ်ဆေးဝါးတွေ သယ်တယ်။ရည်းစားပရပွထားတယ်။ငွေညစ်တယ်။ အဆင်းကိုကြည့်ပြီးဆုံးဖြတ်ရင်တော့ မြန်မာဆန်ဆန်နဲ့မိန်းကလေးတစ်ယောက် ဒါမျိုးတွေမလုပ်လောက်ဘူးလို့ ယူဆစရာပါပဲ။ ဒါပေမဲ့ အပေါ်ယံဆိုတာကြည့်ပြီး ဘယ်လိုမှဆုံးဖြတ်လို့မရနိုင်ဘူးဆိုတာ မီးမောင်းထိုးပြနေတာပါပဲ။
ပတ်ဝန်းကျင်ကိုရွဲ့လိုက်တော့ သူပျက်စီးသွားတာပေါ့လေ..။
နောက်တစ်ခုက အခုဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးနေတဲ့ မြန်မာဝတ်စုံဝတ်ပြီး တစ်ကိုယ်လုံးရစရာမရှိလောက်အောင် တုန်ခါလှုပ်ယမ်းပြီး ကတဲ့ ဗွီဒီယိုဖိုင်ပါပဲ။ ဘယ်သူမှန်း သေချာ မသိပေမဲ့ ဒါကတော့ မဖြစ်သင့်ဘူးလို့ ထင်မိတာပဲလေ။
ဒူးပေါ်ပေါင်ပြတ်နဲ့ လက်တို လည်ဟိုက်နဲ့ ဝတ်ပြီး မြန်မာ့အကကို ကပြတာဟာလည်း သရော်တာဖြစ်သွားနိုင်တာပဲ။ အခု မြန်မာဝတ်စုံဝတ်ပြီး နာမည်ကြီးချင်တာ တစ်ခုထဲနဲ့ အဲ့ဒီလိုကတော့ အများတကာ ရှုတ်ချခံရတာပဲ အဖတ်တင်တာပေါ့..။ဖေ့စ်ဘုတ်ဆိုတာ တစ်ကမ္ဘာလုံး သုံးနေတာဖြစ်တာကြောင့် သူ့ဗွီဒီယိုဖိုင်ကို နိုင်ငံခြားသားတစ်ယောက်မြင်သွားပြီး ဘယ်လိုလဲ မေးလာရင် ဘယ်လိုဖြေကြရမလဲ။မြန်မာဝတ်စုံကဒီလိုလားဆိုရင် ဟုတ်ကဲ့လို့ဖြေလို့ရပေမဲ့ နိုင်ငံတကာက သိထားတဲ့ မြန်မာမိန်းကလေးတွေကရော မြန်မာဝတ်စုံနဲ့ မြန်မာ့ယဉ်ကျေးမှုကို အဲ့ဒီလို ထိန်းသိမ်းကြသလားဆိုရင်တော့ ကျနော်တို့်မှာ အဖြေရှိပါ့မလား။
ကျနော်တို့ မြန်မာဝတ်စုံလို့ဆိုလိုက်ရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြေးမြင်မိကြတယ်။နိုင်ငံတေည်အတိုင်ပင်ခံရဲ့ဝတ်စုံကိုမြင်ပြီး နိုင်ငံခြားသားတစ်ယောက်က သူ့လို ဝတ်စုံမျိုးနဲ့ ဒီမှာလို့များ ယှဉ်လာကြရင် ကျနော်တို့ မဖြေရှင်းနိုင်တော့ပါဘူး။ လူချင်းကဘယ်လိုမှ မတူပေမဲ့ ဝတ်စုံချင်းက တူနေတာလေ။
လူအတော်များများက အပြင်လွှာကိုကြည့်ပြီးဆုံးဖြတ်ကြတဲ့ ဒီနေ့လိုခေတ်ထဲမှာ အဲ့ဒီဗွီဒီယိုဖိုင်ကတော့ အတော့ကို စိတ်ပျက်မိစေတယ်ဗျာ..။
ဟော့ရှော့ဝတ်ပြီးလည်း ခေတ်မဆန်ချင်ကြနဲ့ ။ မြနိမာဝတ်စုံဝတ်ပြီးလည်း ခေတ်မကျော်ချင်ကြနဲ့ ..ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ သိက္ခာကျတယ်လို့ ပဲ ပြောလိုက်ချင်မိတယ်ဗျာ..တကယ်ပါ..
စိတ်ထဲ ခံစားရခက်လို့ပါ..