photo by google
လူတိုင်းလူတိုင်းမှာ ဇာတိချက်ကြွေမွေးရပ်မြေဆိုတာတော့ ရှိကြမှာဘဲ။ တချို့တချို့တွေက အလုပ်အကိုင်တွေကြောင့် အကြောင့်အမျိုးမျိုးကြောင့် ဇာတိရပ်ရွာမြို့လေးတွေကို စွန့်ခွါပြီ နေထိုင်လုပ်ကိုင်နေကြရတယ်။ အခုကျွန်တော်ရေးမဲ့အကြောင်းက အလွန်ချစ်စရာကောင်းပြီ သဘောဖြူမနောဖြူ မွန်မလေးတွေရှိတဲ့ ကျွန်တော့ရဲ့ဇာတိချက်ကြွေ မွေးရပ်မြေလည်းဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့လေးအကြောင်းပါ။ကျွန်တော့ရဲ့ မြို့လေးမို့ ကြွားပြောခြင်းမဟုတ်တာကို ရောက်ဖူးသူတိုင်းသိကြမှာပါ။
လူတို့အဆိုတခုရှိတဲ့ဗျာ အားလုံးလည်း ကြားဖူးကြမှာပါ "မော်လမြိုင် အစား"တဲ့ ဟုတ်ပါတယ်ဗျာ ကျွန်တော့တို့မြို့လေးကိုရောက် ပုဂံရောက်ရင် လက်ညိုးထိုးမလွဲဘုရားစေတီပုထိုးတွေမြင်ရသလို မော်လမြိုင်ရောက်ရင် လက်ညိုးထိုးမလွဲ မုန့်စားတွေ စားသောက်ဆိုင်တွေ တွေ့ရပါလိမ့်မယ်။ ဈေးဖွင့်ရက်တွေဆို မော်လမြိုင်မြို့ရဲ့အပေါ်ဈေးအောက်ဈေးတွေမှာ အလွန်စည်းကားလှပါသည်။ ထိုထဲမှာ ဈေးရောင်းကောင်းတဲ့ဆိုင်တွေကြည့်လိုက်ရင် ရောင်းမကုန်တဲ့မုန့်သည်ဆိုတာ အလွန်ရှားပါးလှပါသည်။ ဒါကြောင့်လည်း မော်လမြိုင် အစားဆိုပြီ နာမည်သွင်တာဖြစ်မယ်ဗျာ။
လာရောက်လည်ပတ်တဲ့သူတွေအတွက်လည်း လည်ပတ်ချင်နေရာလေးတွေ ဘဝအမောပြေနေရာလေးတွေလည်း များပြားလှပါတယ်။ မော်လမြိုင်ရောက်ရင် ဘုရားများစီးတန်းစွာ တည်ထားတဲ့ တောင်ရိုးတန်းဘုရားများကို သွားရောက်ဖူးမြော်စေချင်ပါတယ်။ ကမ္ဘာကျော် မန္တလေးမြို့ရဲ့ မဟာမြတ်မုနိဘုရားကြီးလို ကျွန်တော်တို့မြိုလေးရဲ့ မဟာမြတ်မုနိဘုရားကြီးကတော့ တောင်ရိုးတန်းထိပ်မှာတည်ရှိတဲ့ဘုရားတဆူပါ လာရောက်သူတွေဖူးမြော်ဖြစ်အောင် ဖူးစေချင်ပါတယ်။ အလွန်တရာအေးချမ်းပြီ ဆိတ်ငြိမ်မှု့တည်ရှိတဲ့နေရာလေးလည်းဖြစ်ပါတယ်။
ထိုဘုရားကြီးနှင့်စောင်းတန်းတဆက်တည်းဆက်သွားရင် သမိုင်းဝင် ကျိုက်သန်လန်စေတီတော်ကြီးကို ကြည်ညိုဖွယ်ဖူးမြင်ရမှာပါ။ အလွန်ကျယ်ပြန့်တဲ့စေတီတော်ရင်ပြင်ကနေပြီ ကျွန်တော်တို့ဇာတိမြို့တမြို့လုံးကို ရှု့မငြီးငေးမောဖွယ်တွေ့နိုင်ပါတယ်။ တောင်ရိုးတန်းဘုရားတွေ လမ်းတလျှောက်လုံးဖူးမြော်နိုင်ပြီ ရသေ့ကြီးဦးခန္တီတည်ထားတဲ့ ဦးခန္တီဘုရားကြီးရောက်ရင်တော့ ကျွန်တော်တို့မြို့လေးရဲ့ view point လို့ခေါ်တဲ့နေရာလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒီနေရာလေးကနေ နေဝင်နေထွက် အလှတရားကို ခံစားငေးမောနိုင်ပြီ မြို့လယ်တွင် တဆူတည်း တည်ထားကိုးကွယ်ထားတဲ့ ကျိုက်သုတ်စေတီတော်မြတ်ကိုလည်း ဖူးမြော်နိုင်ပါသည်။
ဘာသာတရားလည်းကိုင်းရှိုင်းသောကြောင့် ကျွန်တော်တို့မြို့လေး လပြည့်လကွယ် ဝါတွင်းသုံးလတွင် သီလယူ ဥပုသ်စောင့်တည်ကြတဲ့ ယောကီတွေ ဘုရားလာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးများနှင့် စည်းကားလှပါသည်။ မော်လမြိုင်မြို့လေးကို လာရောက်လည်ပတ်ဖို့အခုဆိုအများကြီးအစဉ်ပြေအောင် တံတားကြီးနှစ်စင်းနဲ့ဆက်သွယ်ထားပေးပါတယ်။
မြန်မာပြည်ရဲ့အရှည်ဆုံးနဲ့အလှဆုံး ကမ်းနားလမ်းတွေထဲ တခုအပါအဝင်ဖြစ်မော်လမြိုင်ကမ်းနားလမ်းလေးကလည်း လေညှင်းခံပြီ ကျန်းမာရေးလိုက်စားသူများနှင့်စည်းကားလှပါသည်။ ရှည်လျားလွန်းတာကြောင်း ရှု့မဆုံးတဲ့ရှု့ခင်းလေးတွေနဲ့ပြည့်နှက်နေပြီ ဓါတ်ပုံရိုက်ဝါသနာပါသူများအနေဖြစ်လည်း မြန်မာပြည်ရဲ့ဒုတိယအရှည်ဆုံးတံတားတစင်းဖြစ်တဲ့ သံလွင်တံတားသံလွင်ဖြစ်အလှလေးတွဲဖက်ရိုက်နိုင်ပါတယ်။
photo by google
ဆောင်းတွင်းကာလများတွင် ဆောင်းခိုငှက်လေးများနှင့် အစာကျွေးနေတဲ့ ခရီးသွားဧည့်သည်များ မော်လမြိုင်သူမော်လမြိုင်သားများနှင့် အလွန်လှပတဲ့ ဆည်းဆာလေးကိုလည်း ခံစားလိုရသေးပါသည်။နေမင်းကြီးမြစ်ပြင်ပေါ်အရောင်ဖျာကျနေတာလည်း အလွန်မှ လှပလွန်းပါတယ် နေမင်းကြီးမြစ်ရေထဲဝင်သွားတာကိုလည်း တစိမ့်စိမ့်ကြည့်ရှု့နိုင်ပါသည်။ ဒါတွေမက ကျွန်တော့်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေအလှကို ကိုယ်တိုင်ခံစားဖို့ လာရောက်လည်ပတ်ခံစားပါအုံး။မပြန်ချင်ရင်တော့ရင် ကျွန်တော်တာဝန်ဟုတ်ဘူးနော ကျွန်တော်တို့မြို့လေးရဲ့ စွဲမက်ဖွယ်ရာကြောင့်ပါနော။
မော်လမြိုင်မြို့ရဲ့အလှတရားကို စာဖွဲ့လို့လည်းကုန်မှာမဟုတ်တော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်ပါတော့မယ်ဗျာ။ တခြားလှပတဲ့နေရာလေးတွေနဲ့ ချစ်စရာမွန်မလေးတွေကိုတော့ လာရောက်တဲ့အခါ ကိုယ်တိုင်ခံစားကြည့်ပ့တော့ဗျာ။ Steemit member များအားလုံးလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ Members များအားလုံး စိတ်ကျန်းမာကိုယ်ကျန်းမာနဲ့ အောင်မြင်မှု့လမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ပါစေ။