ဘဝဆိုတာ တိုက်ပွဲတခုလိုပါဘဲ။ ထို့ကြောင့် ကျွန်တော်တို့ ဘဝဆိုတဲ့ တိုက်ပွဲကို တိုက်ဖို့ ကြိုတင်ပြင်ဆင်မှု့တွေ ပြုလုပ်ရပေမည်။ မည်သည့်အလုပ်ကို မဆို ပြုလုပ်မည်ဆိုလျှင် အခက်အခဲဆိုတာကို ရင်ဆိုင်ရပေမည်။ ထိုအလုပ်ကို အောင်မြင်ချင်ရင် ကျွန်တော်တို့တတွေဟာ အခက်အခဲ အတားအဆီး မှန်သမျှကို ကျော်ဖြတ်ရပါမည်။ အခက်အခဲဆိုတာ မည်သို့မည်ပုံ ဝင်လာနိုင်သည်ကို ကျွန်တော်တို့တတွေ မသိနိုင်ပါ။ ဘယ်လိုအခက်အခဲမဆို ဝင်လာစေကာမူ ကျွန်တော်တို့ ကြံ့ ကြံ့ ခံ ရင်ဆိုင်နိုင်ဖို့ အရာရာကို ကြိုတင်ပြင်ဆင်ထားနိုင်မှ ဖြတ်ကျော်နိုင်ပါမည်။ ထိုသို့ ကြိုတင်လေ့ကျင့်ခြင်းသည် "ပွဲမဝင်ခင် ပြင်ကကျင်းပ" ဆိုသည့်အတိုင်း အလုပ်တခုကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ ကြိုတင်လေ့ကျင့်ထားခြင်း ဖြစ်ပါသည်။
မည်သည့်အလုပ်တွင် မဆို ကြိုတင်ပြင်ဆင်မှု့တွေ လိုအပ်ပါပေသည်။ ကျွန်တော်တို့ ယောကျာ်းလေးများ နှစ်သက် သဘောကျကြတဲ့ ဘောလုံးအားကစားနည်းတွင်လည်း ကြိုတင်ပြင်ဆင်မှု့ပေါင်း များစွာ ပြုလုပ်ရပေသည်။ ဘောလုံးအားကစားသမား တယောက်အနေဖြင့် သက်လုံ စကေး စသဖြင့် အမျိုးမျိုးသော ပညာရပ်များကို ကြိုတင်လေ့ကျင့်ထားရပါသည်။ ထို့မှသာ ပြိုင်ဘက်အသင်းနှင့် ခြေရည်တူ အနိုင်ကစားနိုင်ပါမည်။ မြန်မာဘောလုံးအသင်းကို ကြည့်ခြင်းဖြင့် ပထမပိုင်းတွင် အများနည်းတူ ခြေရည်တူ ကစားနိုင်တာ တွေ့ရပါသည်။ ဒုတိယပိုင်းတွင် သက်လုံကျဆင်းမှု့ကြောင့် အများနည်းတူမကစားနိုင်ဘဲ ကျဆင်းလာတာ ကြည့်ခြင်း ကြိုတင်ပြင်ဆင်မှု့တွေ လိုအပ်သေးတာ တွေ့နိုင်ပါသည်။ ထို့ကြောင့် ပြိုင်ပွဲတခုကို အနိုင်လိုချင်လျှင် ကြိုတင်ပြင်ဆင်မှု့ များစွာ လိုအပ်ပေသည်။
ဟင်းချက်ဝါသနာပါသော မိန်းကလေးများအနေ့ဖင့်လည်း ဟင်းကောင်းတခွက်ဖြစ်ရန် ကြိုတင်ပြင်ဆင်မှု့တွေ လိုအပ်ပါသည်။ ချက်မည့်ဟင်းတွင် လိုအပ်သော ကြက်သွန် ဖြူ နီ ဂျင်း စသည့်ဖြင့် လိုအပ်သည်များကို အဆင်သင့် ပြုလုပ်ထားရပါသည်။ ထိုသို့ အဆင့်သင့်ပြုလုပ်ထားပြီ ရောစပ်ချက်ပြုတ်ရုံဖြင့်လည်း ဟင်းကောင်းတခွက် မဖြစ်နိုင်သေးပေ။ ကောင်းမွန်သော အရသာရရှိအောင် မြည်းစမ်းရပါသေးတယ်။ ထို့နောက် လိုအပ်တာများဖြည့်စွက်ပြီမှသာ အရသာနှင့်ပြည့်စုံသော ဟင်းကောင်းတခွက်ကို ရရှိနိုင်ပါမည်။ ထိုနည်းတူစွာ လယ်သမားများကလည်း မိုးမကျမီကပင် ထွန်တုံး ထွန်တံများ မြက်ခုတ်ဓါး ပေါက်တူးများနှင့်အတူ ပျိုးချမည်း မျိုးစပါးကောင်းကိုလည်း ကြိုတင် ရှာဖွေ ပြင်ဆင်ထားရပါသည်။ ထို့မှသာ ပျိုးအောင် အမျိုးမှန် အထွက်ကောင်း များကို ပိုင်ဆိုင်ရပေမည်။ ထို့ကြောင့် ဘယ်အလုပ်ကိုမဆို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အောင်မြင်မှု့ တဝက်ကို ပိုင်ဆိုင်နေကြပြီ ဖြစ်ပါသည်။
ကြိုတင်ပြင်ဆင်ခြင်းသည် အလုပ်ကို လေးစားရာလည်း ရောက်ပါသည်။ အနုပညာသမားတယောက်ဘဲ ဖြစ်ဖြစ် အခမ်းအနားမှူးတယောက်ဘဲ ဖြစ်ဖြစ် ပွဲမစမီ သရုပ်မဆောင်မီ မိမိပြောကြားရမယ့် စကားလုံး ဒိုင်ယာလော့စ်များကို အလွတ်ရသည်ထိ ကြေညက်အောင် ကြိုတင်လေ့ကျင့်ထားမှ တကယ်လုပ်ဆောင်ချိန်ကျရင် အမှားအယွင်းမရှိဘဲ အောင်အောင်မြင်မြင်နှင့် အကောင်းဆုံး လုပ်ဆောင်နိုင်ပေမည်။ တချို့ သော လူများကလည်း အလုပ်တခုကို ပေါ့ပေါ့တန်တန်ဖြင့် ဖြစ်လာမှ မီးစင်ကြည့်ကမည်ဟု မှားယွင်းသော အတွေးအခေါ်များဖြင့် ပြောကြားတတ်ကြပါသည်။ တကယ်တမ်းဖြစ်လာမှ သွေးရူးသွေးတမ်း ပြာတိပြာယာဖြင့် ပိုမိုမှားမှားယွင်းယွင်းသာ လုပ်မိကြမှာ အမှန်ပေ။ ဘာမှမပြင်ဆင်ထားတဲ့ အတွက် ဘာလုပ်လို့ လုပ်ရမှန်းမသိဖြင့် ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နှင့် ယောင်ယောင်မှားမှား ဖြစ်နေပါမည်။
ဘယ်အလုပ်တွင်မဆို ကြိုတင်ပြင်ဆင်ခြင်းရှိသင့်ပေသည်။ ကျွန်တော်တို့ online money လောကတွင် လုပ်ကိုင်ရှာဖွေရာတွင်လည်း ရှုံးဆုံးမှု့များကို ခံနိုင်ရည်ရှိအောင် လုပ်ပြီ ဘယ်လို အောင်မြင်အောင် ရှာဖွေရမလဲဆိုတာကိုလည်း ပြင်ဆင်ပြီ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်။ Trading သမားများဆိုလည်း ဘယ်လိုချိန်မှာ ဘယ်လို trade ရမယ်ဖြင့် စသည့်တို့ကို ကြိုတင် တွက်ချက်ထားရပေမည်။ 999 ဆရာကြီး ကိုနေသူထက် ဆိုရင်လည်း သူ့ရဲ့ ရင်းနှီးမှု့ ဆုံးရှုံးမှု့များမှ ဘယ်လိုချိန်ဘယ်လိုကစားရမယ်ဆိုတာကို ကြိုတင်တွက်ချက်နိုင်ပြီ အခုဆိုရင် risk နည်းနည်းဖြစ် အမြဲတမ်းလိုလို အနိုင်ကစားနိုင်နေပြီ ဖြစ်ပါသည်။ ထိုအရာသည် ကိုနေသူထက်၏ ကြိုးစားမှု့ ကြိုတင်ပြင်ဆင်နိုင်မှု့များဖြင့် သူ၏အလုပ်ကို အောင်မြင်စွာ လုပ်ကိုင်တတ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏အလုပ်ကို အောင်အောင်မြင်မြင်ဖြစ်စေချင်ရင် ဘယ်အလုပ်ကိုမဆို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်စေခြင်းဖြင့် အောင်မြင်မှု့များကို သိမ်းပိုက်နိုင်ကြပါစေ။
Steemit Myanmar Community မှ အဖွဲ့ဝင်များ အားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာ ကြပါစေ။