အကျင့်ဆိုးများဖျောက်ကြမယ်
ကျွန်တော်တို့သတိမထားမိတဲ့အကျင့်ဆိုးလေးတွေအကြောင်းပါ။
လူဆိုတာသူကျင်လည်ရာပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကျင့်စရိုက်ဆိုတာ ကွဲပြားပါတယ်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့ စကားပုံလည်းရှိသားလားဗျာ ။ လူရယ်လို့မွေးလာတာနဲ့ ဦးနှောက်တစ်စုံ နှလုံးသားတစ်ခုကတော့ ကိုယ်စီပါလာကြတာပါပဲ။ အသိဉာဏ်ဆိုတာကတော့ သူနေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးကွဲပြားပါတယ်။ သူ့ရဲ့ အကျင့်စာရိတ္တ၊ ခံယူချက်၊ ရည်ရွယ်ချက်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကတော့ ပတ်ဝန်းကျင်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကွဲပြားပါတယ်။ စမွေးမွေးခြင်းကတော့ အားလုံးဟာအတူတူပဲ plain အဖြူရောင်ပေါ့။ဟုတ်ပြီ အဲဒီတော့ လိုရင်းကိုဆက်သွားရအောင် တစ်ခါတစ်လေ လူ့ပတ်ဝန်းကျင်မှာကိုယ်ပြုလိုက်တဲ့ အကြောင်းအရာတစ်ခုကို "ဒီကောင်မိုက်ရိုင်းလိုက်တာ" အဲလိုမျိုးအပြောခံရတာမျိုးရှိကောင်းရှိဖူးမှာပါ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်ရအောင် အမြဲတမ်းပဲစိတ်ထဲမှာရိုင်းနေတာလား တဒင်္ဂလေးစိတ်ကိုအလိုလိုက်လိုကာမိတာလားတွေးကြည့်ရအောင်။ လူယဉ်ကျေးရှိတယ် လူမိုက်ရှိတယ် မွေးကတည်းက အတူတူပဲ ဦးနှောက်တစ်စုံစီ နှလုံးသားတစ်ခုစီနဲ့ ။ ကျွန်တော်ပြောချင်တာကတော့ လူယဉ်ကျေးလို့သတ်မှတ်ခံထားရတဲ့သူသည် စိတ်ကိုအမြဲတမ်းအလိုမလိုက် အထိန်းနိုင်ဆုံးသူပါပဲ ။ တတစ်ဒင်္ဂလေးဖြစ်လာတဲ့ဒေါသစိတ်၊မောဟစိတ်ကြောင့်ပဲဖြစ်နေကြရတာပါ။ လက်တွေ့စမ်းကြည့်ရအောင် အရင်ဆုံး ကိုယ့်စိတ်ကို လုံးဝနှိမ့်ချပြီး ကိုယ်နဲ့တစ်ခါမှအကျွမ်းတစ်ဝင်မရှိတဲ့ မိဘတွေရဲ့ သူငယ်ချင်း မိတ်ဆွေအိမ်မျိုးကိုသွားလည်ကြည့်ပါ စဝင်ကတည်းက မင်္ဂလာပါဦးလေး အန်တီကနေစ ဟုတ်ကဲ့ပါခင်ဗျ ကိုပါးစပ်ကမချတမ်း ရိုကျိုးပြလိုက်စမ်းပါ သူတို့သတ်မှတ်မယ် သင့်ကို ဒီကောင်လေးဟာ လူယဉ်ကျေးပဲ ရည်မွန်လိုက်တာ လိမ္မာလိုက်တာနဲ့ဖြစ်နေမှာပါ။ ဒါဟာ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်နေတတ်တာ ကိုဆန့်ကျင်ပြီးနေကြည့်လိုက်တဲ့အချိန်ပါပဲ။
ဒါ့ကြောင့် စိတ်ထိန်းနိုင်သရွေ့ကတော့ ကျွန်တော်တို့အားလုံးဟာ လူယဉ်ကျေးလေး၊လူလိမ္မာလေးပေါ့နော်။ ဒါကြောင့် ဆိုးတယ်၊ မိုက်တယ်၊ ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုတာ လူရဲ့ခံယူချက်နဲ့ပဲဆိုင်ပါတယ် ကိုယ့်စိတ်ကို နိုင်အောင်ထိန်းနိုင်ဖို့ပဲလိုတာပါ။ ကိုယ့်ကိုယ်ကို ပြင်ဖို့နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ လူငယ်တွေဆိုတာက စိတ်မြန်လက်မြန်ရှိကြတယ် ထစ်ခနဲဆို ပြောပြီးဆိုပြီး ဆဲပြီး ပေါ့ အတော်များများပါ။အခုနောက်ပိုင်း တစ်ချို့သူငယ်ချင်း အချင်းချင်းနှုတ်ဆက်ရင်တောင် အဆဲလေးနဲ့စနှုတ်ဆက်တာတွေ့ရတယ်။ တဖြည်းဖြည်းနဲ့ အကျင့်ပါသွားရော။ လူဆိုတာက ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းနဲ့ မပတ်သတ်ပဲနေလို့မရဘူးလေ။ အဲဒီတော့ အများနဲ့ပြောဆိုဆက်ဆံရတဲ့နေရာတွေမှာ ကိုယ့်စိတ်ကို အမြဲထိန်းနိုင်ဖို့လိုပါတယ် အထူးသဖြင့် ယဉ်ကျေးတယ်ဆိုတဲ့ အမြင်လေးကျွန်တော်တို့ အပေါ်မှာမြင်သွားရင် ပိုမကောင်းဘူးလားဗျာ ။ ကျွန်တော်တို့လိုလူငယ်တွေ ဆင်ခြင်သင့်ပါပြီ။ တကယ်တန်း အဆဲလေးပါမှ စကားပြောတတ်တယ် ဆိုတာကလဲ သိပ်ကောင်းတဲ့အကျင့်လေးထဲမှာ မပါဘူးလို့ပြောချင်ပါတယ်။
ကျွန်တော့် အိမ်နားမှာ အိမ်နီးခြင်းတစ်ယောက်ရှိတယ် အရမ်းသဘောကောင်းတယ် ကူညီတတ်တယ် သူ့မှာအကျင့်ဆိုးလေးတစ်ခုရှိတယ် ညဆိုမူးလာရင် ပတ်ဆဲတော့တာပဲ။ နောက်ပြီး ဘယ်သူနဲ့ပြဿသနာတက်တက် အိမ်ပြန်ပြီး သူ့အိမ်ကပစ္စည်းတွေဖျက်စီးတတ်တာပဲ။ မနက်မိုးလင်းရင်တော့ နောင်တတွေနဲ့ငိုင်တွေ ညက ဖျက်စီးခဲ့သမျှ ပြန်လည်ပြုပြင်တော့တာပဲ။ ကျွန်တော်တို့လူငယ်တွေလည်း တစ်ခါတစ်လေ သူငယ်ချင်းတွေစုသောက်ကြတာမျိုးလုပ်ကြပါတယ် အဲဒီထဲမှာ သောက်ပြီးမူးရင် အငြိမ် အိမ်ပြန်တဲ့ သူတွေရှိသလို မူးလာတာနဲ့ ပြသနာချင်တဲ့ စုန်းပြူးသူငယ်ချင်းမျိုးလည်းရှိတာ တွေ့ဖူးကြမှာပါ။ ဒါဘာလို့လဲဆို မူးလာတာနဲ့အမျှသူ့စိတ်ကို ထိန်နိုင်စွမ်းမရှိတော့တာပါ။ ကျွန်တော်တို့ကိုယ်တိုင်တောင် တစ်ခါတစ်ခါ မူးလာတာနဲ့ စိတ်တွေကြွလာတာ၊ သွေးတွေကြွလာတာမျိုး ဖြစ်တတ်ပါတယ် အဲဒီအချိန်မှာ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေဆုံကြတယ်ဆိုတာ ပျော်ချင်လို့ဆုံကြတာပါ ကိုယ့်ကြောင့် သူများတွေပျော်နေတဲ့စိတ်ကလေးတွေ ပျက်စီးသွားတာမျိုး မဖြစ်အောင် ကိုယ့်ဘက်က ထိန်းသိမ်းရပါမယ်။
ဒါဟာ မလိုလားအပ်တဲ့ ပြသနာမျိုးတွေကို ကာကွယ်ပြီးသားလည်းဖြစ်မှာပါ။ အဓိက ပေးချင်တဲ့ measage ကတော့ တဒင်္ဂ ဖြစ်လာတဲ့ မကျေနပ်ချက်လေးရယ်၊ ဒေါသရယ်၊ မောဟ ရယ်ကိုခဏလေးထိန်း နိုင်ဖို့ပါပဲခင်ဗျာ။ action နောက်က reaction ကို မှန်ကန်စွာဆုံးဖြတ်နိုင်ကြပါစေ။