အလောင်းကစားကံ
ကျွန်တော့်ပတ်ဝန်းကျင်မှာ အလောင်းကစားနှင့်ပတ်သတ်လို့ အကျိုးပေးတဲ့သူတွေ ချမ်းသာတဲ့သူတွေ အများကြီးပဲတွေ့ရတဲ့အခါ ကျွန်တော့်ရင်ထဲမှာလဲ အားကျမိတဲ့စိတ်မျိုး ဖြစ်ခဲ့ဖူးတယ်။ကျွန်တော်လဲသူတို့လို ကံကောင်းမယ်ထင်ပြီး စွန့်စားခဲ့ဖူးတယ်။ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အလောင်းကစားနဲ့ပါတ်သတ်လို့ တွေ့အကြုံလေး ပြောပြချင်ပါတယ်။ ကျွန်တော် ပထမနှစ် ကျောင်းသားဘ၀တုန်း ကပေါ့။ အဆောင်နားမှာ ဘောလုံးပွဲဒိုင်ရှိတယ်၊ နှစ်လုံး၊ သုံးလုံး ဒိုင်တွေရှိတယ်။ ကျွန်တော်နဲ့ တစ်ဆောင်တည်းနေတဲ့ သူငယ်ချင်းတွေက ဘောလုံးပွဲလောင်းတဲ့ သူငယ်ချင်းရှိတယ် နှစ်လုံးထီထိုးတာ ၀ါသနာပါတဲ့သူငယ်ချင်းရှိတယ်။ ကျွန်တော်တို့က သောကြာနေ့ညနေဆို အိမ်ပြန်တယ် တနင်္ဂနွေနေ့ ညနေဆိုစားစရိတ် အသုံးစရိတ်တောင်းလို့ အဆောင်ကို ပြန်လာပါတယ်။
အဲဒီနေ့က တနင်္ဂနွေနေ့ညနေခင်းပေါ့ ဘောလုံးသမားသူငယ်ချင်းနဲ့ လဘက်ရည်ဆိုသွားထိုင်ဖြစ်ကြတယ်။ သူကတော့ထုံးစံအတိုင်း ဘောလုံးပွဲအကြောင်းပေါ့ သူလောင်းလိုက်တာဘယ်လိုနိုင်တယ်ဆိုတဲ့အကြောင်းတွေပြောတော့ အားကျလာရော။ အဲဒီမှာ စိတ်ဝင်စားသွားတာက အာဆင်နယ်(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘူး ဒီတစ်ပွဲလည်းအပိုင်ပဲ ဆိုပဲ အိုကေလေ ပါလာတဲ့ ငွေလေးပွားလိုက်ဦးမဟ ဆိုပြီး ရှိသမျှအကုန် အောလို့ ဘော်ဒီလောင်းလိုက်ပါတော့တယ်။ ညရောက်တော့ ရင်တစ်ထိပ်ထိပ်နဲ့ လဘက်ရည်ဆိုင်လေးမှာ ကော်ဖီလေးတစ်ခွက်မှာလို့ အားပေးပါတယ်။ ဒါပေမယ့်ဗျာ (၇)ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့ အသင်း အဲဒီပွဲကျမှ (6း0) နဲ့ရှုံးတယ်တဲ့ဗျာ။ အဲဒီညက အိပ်လို့တောင်မပျော်ဘူး။ မနက်လင်းတော့ အဆောင်ရှေ့က ဖုန်းဆိုင်လေးကနေ အိမ်ကိုဖုန်းဆက်ပြီး လန်ကျုပ်ဇတ်လမ်းလေးခင်းရတော့တာပေါ့။ အမေရေ သားတော့ ပိုက်ဆံအိတ်ထွက်ကျလို့ သုံးစရာ တစ်ပြားမှမရှိတော့ဘူး အမေ ဆိုပြီးပိုက်ဆံထပ်တောင်းရတော့တာပေါ့။ ဒါနဲ့လဲ မမှတ်သေးဘူး နောက်ထပ် ရွှေမောင်းလောင်းတယ်ဆိုလား အဲဒါလေးလဲ လုပ်ကြည့်တယ် ကိုယ်အမှန်ခြစ်လိုက်တဲ့ အသင်းက ရှုံးဖို့များ ဖြစ်သွားသလားမသိပါဘူး။ အဲဒီနောက် ဘောလုံးပွဲလောကကို ကျောခိုင်းလိုက်ပါတော့တယ်။
နှစ်လုံးထီသူငယ်ချင်းနဲ့ ပေါင်းတော့ 35 နဲ့ 68 ဆိုတဲ့ ဂဏန်းနှစ်ကွက် ကိုမွေးထိုးခိုင်းတယ်ဗျ။ နှစ်ပါတ်လောက်ထိုးပြီးတဲ့နောက် စိတ်ပျက်ပြီဆိုပြီးရပ်လိုက်တယ်။ အဲဒီနေ့မှာပဲ ထွက်သွားရော။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ကြည့်တယ်။ အော် ငါဟာ အချောင်ရမယ့် ကံမပါဘူးဟ ပေါ့နော်။ အိမ်က ကျွန်တော်ငယ်စဉ်တုန်းက မိုးယံ ထီကိုယ်စားလှယ်ယူရောင်းပါတယ်။ ထီဆိုင်တို့ရဲ့ထုံးစံအတိုင်း ထီကျန်ရင် ကိုယ်ထိုးရတာပေါ့ စကားပုံတောင်ရှိသေး “ တစ်ရွက်ကျန် တစ်သက်စံ “ ဆိုတာ ကြားဖူးကြမှာပေါ့။ အဲဒီခေတ်က ထီတစ်စောင်ကို ၅၀ နဲ့ရောင်းရတဲ့ခေတ်ဗျ။ အမြင့်ဆုံးထီဆုက သိန်း ၁၅၀၀ ။ နာဂစ်ဖြစ်တဲ့လမှာတော့ ထီ ၂၀၀,၀၀၀ (နှစ်သိန်း)ဖိုး လောက်ကျန်တယ်ဗျ။ အဖေက ဘယ်သူ့မှ မရောင်းတော့ဘူး ငါ့သားရေ ထီထွက်ရင် ထိုင်တိုက်ပေတော့ ပေါက်ရင် ယူကွာဆိုပြီးပြီး ပုံးလိုက်ကြီးပေးတော့ ကျွန်တော်ကလည်းအနည်းဆုံးတော့ တွတ်လေးတစ်ဆုတော့ မလွတ်ဘူးဆိုပြီး တစ်နေကုန်ထိုင်တိုက်တာ ညနေစောင်းတဲ့အထိသာရောက်သွားတယ် တစ်စောင်မှ မပေါက်ဘူး။ အခုလည်းထီထိုးပါတယ်လစဉ် ထီတိုက်တဲ့အခါ ကျွန်တော်ထိုးလိုက်တဲ့ ဂဏန်းက ထီပေါက်စဉ်ထဲမှာ ထိပ်စီး ကစပျောက်ပျောက်သွားတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ကူးထဲကလို ထီလေးဘာလေးပေါက်ဖူးချင်သား။ တစ်ချို့လူတွေကျတော့လည်း ကံအရမ်းကောင်းကြတာတွေ့ဖူးပါတယ်။ဆုကြေးတွေပါတွေစုတဲ့အချိန်မဲနှိုက်ရင်အမြဲ တမ်းနောက်ဆုံးဖြစ်နေကျ ဒါဟာမထူးဆန်းတဲ့အရာ။ အခုတော့ သင်ခန်းစာတွေရပြီးတဲ့နောက် အလောင်းကစားဆို ဘာမှမလုပ်တော့ပါဘူး လုပ်တိုင်းလည်း ရှုံးတာကိုး။ ဒါပေမယ့် ထီအစောင်ရေနည်းနည်းလေးကတော့ လစဉ်ထိုးဖြစ်ပါတယ် တော်ကြာ ကံကြမ္မာက ပေးချင်တဲ့အချိန် ပေးစရာလမ်းမရှိမှာ စိုးလို့ပါဗျာ။ Myanmar Steemit မှ မိတ်ဆွေများအားလုံး ကံကောင်းကြပါစေဗျာ။
Photos credit ;google
Author by
(7:05am)
MSC_203