ဖုန်းထဲမှာ ဖိုင်တွေရှင်းရင်းနဲ့ ရန်ကုန်က အဆောင်မှာ ရိုက်ထားတဲ့ Video ဖိုင်လေးပြန်တွေ့မိလို့ပါ။ ရန်ကုန်မှာနေခဲ့တဲ့ဘ၀လေး ကို ပြန်လွမ်းမိနေတယ်ဗျာ ကျွန်တော့နာမည်ကို ခေါ်ကြတယ် ပုရစ်တဲ့။ ညနေ လေးနာရီခွဲဆို လက်ဗွေနှိပ် Bus ကားမှတ်တိုင်ကိုပြေး နောက်ကျရင် ကားကြပ်တဲ့အတွက် ရုံးကို စောနိုင်သမျှလေး စောဆင်းပါတယ် အဲဒီတုန်းက ဆင်မလိုက်မှာ ဘဏ်ဝန်ထမ်းတွေချည်းစုပြီးတော့ ၅ လွှာမှာ တိုက်ခန်းလေးငှားနေတယ်ခင်ဗျ ။ ညနေကားပေါ်ကဆင်းပြီ ဆိုရင်ဆင်မလိုက်ဈေးက ၀ယ်နေကျအန်တီကြီးဆီကနေ ပဲပင်ပေါက် ၁၀၀ ဖိုး ကြက်ဥ ၁၀၀ တန်တစ်လုံး (၀ယ်နေကျမိုလို့ရတာ အခုများ ၂၀၀ ဖိုးတောင်မရောင်းချင်ကြတော့ဘူး) ရေခဲက ၁၀၀ဖိုး၊ အဲဒီတုန်းက ခရမ်းပြာတောင် မပေါ်သေးဘူး ကိုယ်ကတော့ ဂရမ်းအပြာလေး ၀ယ်လို့ တိုက်ခန်းကိုချီတက်ပါတော့တယ်။ အဲဒီအချိန်က ဂရမ်းပြာ ပရိတ်သတ်လေးပါ။ ပေါင်းအိုးထဲက ထမင်းလေးရယ် ကိုယ်တိုင်ကြော်တဲ့ ငန်တစ်လှည့် တူးတစ်လှည့် ပဲပင်ပေါက်နဲ့ကြက်ဥကြော်လေးရယ် စားခဲ့ရတာ။ ကိုယ်တွေအဆောင်မှာက ၀ါသနာရှင်တွေ အတော်များတာ ညဆို ဂစ်တာသုံးလုံးနဲ့ အော်ပြီ ဘေးအခန်းတွေ မရှိတာ ကျေးဇူးတင်ရမယ်။ လှည်းတန်းဆိုတာ လမ်းလျှောက်ရင် ၁၀ မိနစ်ပေါ့ နေ့တိုင်းမသွားနိုင်ပါဘူး ချွေတာရေးလေ ကိုယ့်ဘာသာကိုပျော်စရာလေးတွေ ကြံဖန်ပြီးပျော်အောင်နေရတာပေါ့။ ကိုယ့်စိတ်ထဲမှာ အဲဒီအချိန်ကို အဆောင်နေ ကျောင်းသားဘ၀လေးရောက်နေသလိုကို ခံစားရတာ။ ရှုပ်ပွနေတဲ့အခန်းလေး ကိုပြောကြတယ် ပုဇွန်တောင် အမှိုက်ပုံကတောင် မင့်အခန်းထက်သားနားဦးမယ်လို့ ပြောကြတယ်။ စိတ်လည်းမဆိုးကြပါဘူး ပြောမနာဆိုမနာ ဆဲမနာတွေ ခုတော့ သတိရပါတယ်။