Steemit မှာ စာရေးရန်အတွက် သတင်းစာ၊
မဂ္ဂဇင်း၊ ဂျာနယ်များ၊ ဝတ္ထု စာအုပ်များနှင့်
တရားတော်များနာယူကာ ကုန်ကြမ်းရှာရသည်။
အဆိုပါ စာများထဲမှ မိမိကြိုက်ရာလေးတွေ၊
ဗဟုသုတဖြစ်စေမည့်အရာလေးတွေမှတ်သားကာ
Steemit မှာ ပို့စ်ပြန်တင်ရေးသားရသည်။
ကိုယ့်စာဖတ်သည့်သူများ စာဖတ်မပျင်းရအောင်
စာမျိုးစုံရေးတင်နိုင်အောင်ကြိုးစားရသည်။
ထိုသို့စာများဖတ်ရင်းဖြင့် တစ်နေ့က မြဝတီမဂ္ဂဇင်း (January 2019) ကိုဖတ်မိသည်။ ထိုမဂ္ဂဇင်း
တွင် ကိုရဲ ရေးသားသည့် အီသီယိုးပီးယားနိုင်ငံ
အကြောင်းဖတ်လိုက်ရသည်။ ကျွန်တော်ငယ်စဉ်ကအီသီယိုးပီးယားဆိုသည်မှာ အင်မတန်ဆင်းရဲ
ပြီး ငတ်မွတ်ခေါင်းပါးကာ အငတ်ဘေးဆိုက်ခဲ့သည့်
နိုင်ငံဖြစ်ခဲ့သည်။ ကမ္ဘာကျော်အောင် အငတ်ဘေး
ဆိုက်ရောက်ခဲ့သည့် နိုင်ငံဖြစ်သည်။ နိုင်ငံတကာက
ကူညီထောက်ပံ့ခဲ့ရသည်။
ကျွန်တော်တို့ငယ်စဉ် အစားအသောက် အငမ်းမရ
စားသူများကို ”ဟ.. အီသီယိုးပီးယား ကလာသလား”
ဟုပြောဆိုတတ်ကြသည်။ သတင်းဓါတ်ပုံများ
တွင် အီသီယိုးပီးယားနိုင်ငံမှ ကလေးငယ်လေးများပုံကို မြင်ရသည်မှာ စိတ်ချမ်းသာစရာမကောင်းပါ။
ကလေးများသည် မျက်လုံးလေးများပြူးကာ
နံရိုးပြိုင်းပြိုင်းဖြင့် အသားမဲမဲလေးများကို မြင်ရ
သည်။ သနားစရာအလွန်ကောင်းခဲ့သည်။
သို့သော် ... သို့သော် ပေါ့ အဆိုပါသနားစရာ
ကောင်းခဲ့သောနိုင်ငံသည် ယခုအခါမှာတော့
ကျွန်တော်တို့က အဆိုပါနိုင်ငံကိုတအံ့တသြ
ဖြစ်ရပါတော့သည်။ ကဲ အီသီယိုပီးယား ရဲ့
တိုးတက်လာမှုတွေကို ကျွန်တော့်အကြိုက်
ထုတ်နှုတ်တင်ပြလိုက်ပါသည်။
အီသီယိုးပီးယားနိုင်ငံသည်အာဖရိကတိုက်
တွင်တည်ရှိသည်။ အာဖရိကတိုက်တွင်
ဒုတိယမြောက် လူဦးရေအများဆုံးဖြစ်ပြီး
အကျယ်အဝန်းမှာ ဒသမမြောက်အကြီးဆုံးနိုင်ငံ
ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး
ကုန်းတွင်ပိတ်နိုင်ငံဖြစ်သည်။
အဲ အဲ ကုန်းတွင်ပိတ်နိုင်ငံဆိုပြီ ဆိပ်ကမ်းတွေက
အများသား အဲ့မှာ မရှင်းဘူးဗျ။
ကမ်းရိုးတန်းဆိပ်ကမ်းပေါင်း ၁၁ ခုရှိသည့်အနက်
ကုန်တင်သင်္ဘောကြီးများဆိုက်ကပ်နိုင်သည့်
ဆိပ်ကမ်း ၉ ခု၊ ရေနံတင်သင်္ဘောကြီးများ
ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း၂ ခုရှိသည် တဲ့။
အီတလီ၏ကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ စစ်တပ်၏အာဏာသိမ်းခြင်းခံခဲ့ရသည်။ ပြည်တွင်း
စစ်ပွဲများလည်းဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး
ရခဲ့သည်။
အီသီယိုးပီးယား သည် ၁၉၉၃ ခုနှစ်မှလွတ်လပ်သော နိုင်ငံအဖြစ်ခွဲထွက်ခွင့်ရခဲ့သည်။
လက်ရှိအချိန်တွင် အီသီယိုးပီးယားနိုင်ငံ၏ အကြီး
အကဲအဖြစ် အမျိုးသမီး သမ္မတ ဖြစ်သူ Shale
Work Zewde က ၂၀၁၈ခုနှစ် အောက်တိုဘာလ
မှယနေ့ထိ တာဝန်ယူထမ်းဆောင်လျှက်ရှိသည်။
စာတတ်မြောက်မှုနှုန်းမှာ အသက် ၁၅နှစ်နှင့်အထက်
ရေးနိုင် ဖတ်နိုင်ပြီး နိုင်ငံတဝှမ်းလူဦးရေအားလုံး၏
၄၉ ဒသမ ၁ ရာခိုင်နှုန်း မှာစာတတ်မြောက်ကြသည်။
၂၀၁၇ ခုနှစ်တွင် လူဦးရေ ၁၀၀ လျှင် တစ်ဦးမှာ
အော်တိုတယ်လီဖုန်းအသုံးပြုနိုင်သည့် အနေအထား
ရှိသည်။ မိုဘိုင်းဖုန်းအသုံးပြုသူက ၁၀၀ လျှင်
၅၉ ဦး သုံးစွဲသည့်အနေအထားဖြစ်သည်။
လေဆိပ်ပေါင်း ၅၇ ခုရှိသည့်အနက် ၁၇ ခုမှာ
အမြဲတမ်းအသုံးပြုသည်။
ကျွန်တော်တို့ဆီမှာ ရန်ကုန်လေဆိပ်နှင့်
မန္တလေး တံတားဦးလေဆိပ် များသာရှိသည်။
Photo tuntunlwin
Myanma railroad
Photo chit htoo
Myanma railroad
မြန်မာနိုင်ငံ မီးရထားသည် ရထားသံလမ်းမိုင်
(၄၂၈၈) မိုင် (၆၉၀၀ ကီလိုမီတာ) ရှိသည်။
ရထားလမ်းအားလုံးကိုအသုံးမပြုနိုင်ပါ။
အီသီယိုးပီးယား၏ရထားလမ်းစုစုပေါင်း
အရှည်မှာ (၆၅၉) ကီလိုမီတာရှိပြီး အမြဲတမ်း
အသုံးပြုနိုင်သည်။
ကားလမ်းစုစုပေါင်း ၁၁၀၄၁၄ ကီလိုမီတာ
ရှည်ရှိပြီး ၎င်းအနက် ၁၄၃၅၄ ကီလိုမီတာ မှာ
အမြဲတမ်းအသုံးပြုနိုင်သည်။
နိုင်ငံ၏ ပြည်တွင်စုစုပေါင်း အသားတင်ထုတ်ကုန်
တန်ဖိုး၏ ၀ ဒသမ ၆၇ ရာခိုင်နှုန်း ကိုသာ
စစ်ဘက်ရေးရာ ကိစ္စရပ်များတွင် သုံးစွဲသည်။
ကျွန်တော်တို့နိုင်ငံ၏ စစ်ဘက်စရိတ်က
ရာခိုင်နှုန်း ဘယ်လောက်သုံးထားလဲဆိုတာတော့
နိုင်ငံရေးတွေ မရေးရဘူးဆိုလို့ မသိတော့ပါဘူး
လို့ ။ နှစ် ၆၀ကျော်ထိ အတ္တတွေနဲ့ နပန်းလုံး
နေကြတဲ့ ကျွန်တော်တို့တွေ တော်တော်လေး
နောက်ကောက်ကျနေပါပြီလေ။