ငထွေးငယ်စဉ်က လောင်းကစားအလွန်ဝါသနာပါခဲ့
သည်။ လောင်းကစားနဲ့ အကျိုးပေးသလားဆိုတော့
အကျိုးမပေးပါဘူး။ ငယ်စဉ် ကလေးတို့သဘာဝ
ကြက်ပေါင်ကွင်းပစ်၊ မြောက်ပန်းလှန်၊ ပေသီးကျင်းလိမ့်၊ ပိုက်ဆံမြေကြီးထောင်ပစ် အစရှိသည့် လောင်း
ကစားနည်းမျိုးစုံကို ဆော့ခဲ့သည်။ အဆိုပါလောင်း
ကစားနည်းများအနက်မှ မြေကြီးပေါ် ပိုက်ဆံအကြွေ
စေ့များဖြင့်ပစ်ခြင်းကို အတော်ကျွမ်းကျင်သည်။
ကြွားပြောတာမဟုတ်ပါဘူး တကယ်ပါ 😁။
ပိုက်ဆံပစ်သည့်အခါ ပိုက်ဆံစေ့များကို ၁၀ပြား၊
တစ်မတ်စေ့များကို မြေကြီးပေါ် အတန်းလိုက်
ထောင်ထားကာ တစ်မတ်စိ၊ ငါးမူးစေ့ပြားများဖြင့်
ပစ်ရသည်။
ပိုက်ဆံကို ပိုက်ဆံဖြင့်ပစ်လျှင် အကြွေစေ့များ
အပွန်းသက်သာသည်။ ကျောက်ပြားများ၊ သံပြား
များနှင့် အခြားမာကျောကြီးမားသည့် အရာများ
ဖြင့် ပစ်ပါလျှင် အကြွေစေ့များပွန်းမှာစိုး၍ ထိုအရာ
များဖြင့် တစ်ခါတလေမှသာပစ်ကြသည်။
လောင်းကစားနှင့်ပတ်သက်၍ ဖဲရိုက်သည့်
အကြောင်းအရာကို ချန်လှပ်ထားခဲ့၍မရပါ။
ကျွန်တော် steemit စတင်ရေးကာစတွင် ဖော်ပြခဲ့
ပြီးဖြစ်မည်ထင်ပါသည်။
ငထွေး ပိုကာဒေါင်းကစားတတ်စက ဖြစ်သည်။
မကစားတတ်ခင် ကစားသူများဘေးမှ ဘေးပေါက်ထိုးရင်း၊ သူတို့ဆော့ကစားတာ ကြည့်၍အတုခိုးခဲ့
သည်။ လူတို့သည် ကောင်းသည့်အရာကိုသာ
မသိ မတတ်ဖြစ်၍သာနေသည်။ မကောင်းမှုကို
တော့ လွယ်ကူစွာတတ်မြောက်လေသည်။
မကောင်းမှု အထူးသဖြင့် လောင်းကစားသည်
မကျွမ်းကျင်စဉ်က အမှန်လပ်ကီးကောင်းသည်။
ကျွမ်းကျင်၍ စွဲလမ်းသွားသည့်အခါ တက်တက်
စင်အောင် မွဲပြာကျပါလေမည်။
မကျွမ်းကျင်စဉ်က အမှန်လပ်ကီးကောင်းခဲ့တာ
ငထွေး လက်တွေ့ပါ။ ပိုကာ မဆော့တတ် ဆော့
တတ်နှင့် ကစားခဲ့သော ကျွန်တော့်ထံသို့ ဂျိုကာ
လေးကောင်ရောက်ရှိလာသည်။ ဖဲကဒေါင်းနေပြီး
မည်သည့်ဖဲကို ပစ်၍ ဒေါင်းရမှန်းမသိဖြစ်ကာ
ဂျိုကာကိုပစ်ဖဲလုပ်ကာ ဒေါင်းခဲ့သည်။ ထိုအခါ
အတူဆော့သူများက ဝိုင်းရီကာ အသာလုပ်ပါ
ငထွေးရယ် ရိုးရိုးဒေါင်းလဲရပါတယ် ဂျိုကာမှ
ပစ်ပြီးဒေါင်းရတယ်လို့ကွာ ရီမောကာ
ကြုံတိုင်းပြောကြသည်။
Steemit က လောင်းကစားတော့မဟုတ်ပါဘူး။
သို့ပေသိ အင်တာနက်မှာ ptc & bitcoin တွေ
လုပ်ပြီး အားပျက်လာတဲ့အချိန်မှာ စတင်တွေ့ရှိ
ခဲ့သည်။ Steemit ကို စတင်မိတ်ဆက်စဉ်က
Steem ဈေးက 2$ 3$ လောက်ခန့်ရှိမည်ထင်ပါ
သည်။ MSC နှင့်ဆက်သွယ်မိသည့်အချိန်မှာတော့
Steem ဈေးများက ထိုးတက်သွားသည်။
ဟုတ်ကဲ့ စတီးဈေးထိုးတက်သွားသည်ဆို
သော်လည်း ကျွန်တော် မသိဘူးဗျ။ ကျွန်တော့်
ရဲ့ wallet ထဲမှာ ဒေါ်လာ 1000 ကနေ
2000 ကျော်ထိ တိုးသွားသည်။
အမှန်အတိုင်းပြောရရင် ၁ဒေါ်လာ၊ ၂ဒေါ်လာရဖို့
ptc & bitcoin တွေကို မျက်လုံးပြာနေအောင်
လုပ်ခဲ့ရသော ကျွန်တော်သည် မယုံနိုင်အောင်
Steemit ကိုဖြစ်ခဲ့ရသည်။ MSC နှင့်တွေ့၍
Promotion ရသောအခါ နည်းနည်းကြီးကျယ်
လာခဲ့သည်။ ပိုစ့်တင်၍ pro ရလျှင် ကိုယ့်ရဲ့
ပိုစ့်မှာ sbd 6 လောက် 7 လောက်ရရင် သိပ်
မကျေနပ်ချင်ဘူးရယ်။ sbd 10 ကျော်လောက်
ကိုယ့်ပိုစ့်က ရမှ ကျေနပ်တာ။ ခုပြန်တွေးရင်း
အဲ့အချိန်တွေက အိမ်မက်လို့ ပြောရမလို
ဖြစ်နေပါပြီလေ။
ခုချိန်မှာတော့ ပြား၅၀ကို မကျော်နိုင်သော
Steem ကို စိတ်နာချင်တယ်သိလား 😁။
အလွန်လှပ ချစ်စရာကောင်းပြီး အိမ်ထောင်မှု
မနိုင်သော အမျိုးသမီး ကိုရရှိထားတဲ့လူလို။
ဒါပေသိပြောတာ ပြောရတာ အဲ့လှတာကိုပဲ
စုပြုံတိုးဝှေ့ ကြိုက်နေကြတော့လည်း
အခက်သားလား စတီးမရယ်.....😁။