မနေ့ က ရုံးမှမိတ်ဆွေတစ်ဦးဖခင် သေဆုံး၍
အေးရိပ်ငြိမ် သုသာန် (ယခင် ကြာနီကန်) သို့
အသုဘရှု ပို့ဆောင်ပါသည်။
သုသာန် တွင် သေဆုံးသူ ၃ ဦး တစ်ပြိုင်နက်တည်း
ရောက်ရှိလေသည်။ မီးစက်အတွင်းထည့်ရန်
တန်းစီစာရင်းပေးရပါသည်။
ထိုသို့ပေးရာတွင် ကျွန်တော်လိုက်ပါပို့ဆောင်သည့်
နာရေးကား မှာ အနည်းငယ်နောက်ကျကာ
နောက်ဆုံးဖြစ်၍နေပါသည်။
သို့သော် ကျွန်တော်ပို့သော နာရေးပိုင်ရှင်သည် ကြားဖြတ်၍ ဒုတိယနေရာယူပါသည်။ အမှန်တကယ် ဒုတိယ
မီးသဂြိုဟ်မည့်နာရေးပိုင်ရှင်
အမျိုးသမီးကြီသည် သူ့ လူအမှတ်ဖြင့်
ကျွန်တော်ပို့သော နာရေးအခေါင်းကိုကြည့်၍
ငိုရန်ပြင်ပါသည်။
ကျွန်တော်တို့အဖွဲ့မှ လူတစ်ဦးက
ဒါ..ဒေါ်ကြီးရဲ့အလောင်းမဟုတ်သေးဘူးဗျ ဒေါ်ကြီးရဲ့
အလောင်းက နောက်မှာဟုပြောလေသည်။
ငိုမည့်ဟန်ပြင်နေသောအဆိုပါအမျိုးသမီးကြီးက
နောက်သို့သွား၍
"အံမလေး ..ကိုသိန်းရဲ့ နောက်ဆုံးခရီးတောင်ရှင်ကြီးက
အနစ်နာခံပြ သူတော်ကောင်ကြီးလုပ်သွားတာလားနော်" တဲ့ဗျ။
ကျွန်တော်တို့ လိုက်ပို့သူ အချင်းချင်း တစ်ဦးမျက်နှာ
တစ်ဦးကြည့်ပြီး ရယ်ရမလို ငိုရမလိုဖြစ်နေကြပါ
တော့သည်။