အချိန်ကျတော့လည်း ပိုစ့်တင်ဖို့ စာရေးရပြန်ပါသည်။ hive ဈေးကကျတော့ စာရေးဖို့
ပျင်းသည့်စိတ်က ဦးဆောင်နေသည်။
ဈေးကျသော်လည်း အားတင်းရေးရပါအုံးမည်။
2020 ပြည့်နှစ်မှာ ဈေးတက်မည်ဟု
ဟိုတစ်ချိန်က ပြောကြားခဲ့သည့် ကိုဟင့်
စကားကိုမမေ့သေးပါ။ ဟုတ်ကဲ့ 2020
ကလည်း နှစ်မကုန်သေးပါ။
နှစ်မကုန်သေးသည့်အတွက် မျှော်လင့်ချက်
လည်းမကုန်သေးပါ။ တနေ့နေ့မှာတော့
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို ပိုင်ပိုင်နိုင်နိုင်
ဆုပ်ကိုင်နိုင်မည်ဟု ယုံကြည်သည်။
အဆိုပါယုံကြည်ချက်ဖြင့် ကျွန်တော် စာရေးနေ
ပါသည်။ ပိုစ့်တင်နေပါအုံးမည်။ ကျွန်တော်တို့ရဲ့
ပန်းတိုင် သိပ်မဝေးတော့ဟု ယုံကြည်နေသည်။
ကိုဗစ်ရောဂါဆိုးကြီးနှင့်အတူ ဈေးကျခြင်းများ
သည် နှစ်ကုန်ဆုံးချိန်မှာ ပြီးဆုံးသွားပါလိမ့်မည်။
ကျွန်တော်တို့သည် နှစ်သစ်မှာ စိတ်သစ်လူသစ်
ဈေးနှုန်းအတက်ဖြင့် ရင်ခုန်ကြရပေမည်။
ကမ္ဘာလောကကြီးက သာယာနေပေမည်။
ကဲ ကျွန်တော်ရဲ့ မျှော်လင့်ချက် ခန့်မှန်းချက်
ဘယ်လောက်များ မှန်မည်လဲဆိုတာ
နှစ်ကုန်ရင် စောင့်ကြည့်လိုက်ပါ။
ကျွန်တော်ထင်တယ် အမေရိကန်နဲ့
တရုတ်တို့ရဲ့ အားပြိုင်မှုက စစ်ရေး
မဟုတ်တော့ပဲ Crytocurrency ဖက်ကို
ပြောင်းလဲယိမ်းယိုင်လာမယ်ဆိုရင်။
ဘယ်သူပြောနိုင်မှာလဲ ကဲ အဲ့မှာ
တွေ့ကြတာပ။ အဲ့အချိန်မှ ပိုစ့်တင်ဖို့
နှောင့်နှေးတဲ့မိတ်ဆွေတွေ
နောက်ကောက်ကျ ကျန်နေမှာ
မြင်ရောင်သေးသဗျို့။