မနေ့က ကျွန်တော်တို့ G4 အဖွဲ့ရဲ့ promotion မှာ
SL ကြီးက ရန်ကုန်မြို့ကြီးရဲ့သင်္ကြန်ပွဲတော်ကြီး
အပြီး မြင်ကွင်းကိုပိုစ့်တင်ရေးထားတွေ့မြင်
ဖတ်လိုက်ရပါသည်။ ကျွန်တော်လဲ မန္တလေးသား
ဆိုတော့ကား သင်္ကြန်ကျ ပြီး မန္တလေးကျုံးဘေး
အခြေအနေလေးကို ဓာတ်ပုံလေးသွားရိုက်ပြီး
မှတ်တမ်းတင်ဖို့ စိတ်ကူးလေးရှိတာ SL ကြီးကြောင့်
ချက်ချင်းအကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
ဖုန်းလေးယူ အိမ်ကနေခပ်သွက်သွက်လေးထွက်
ညနေ ၅း၃၀ နာရီရှိနေပြီ နေဝင်ရင်ပုံထွက် သိပ်မကောင်ဘူးဗျ။ နေအုံးပေါ့ SL ရယ်
ရန်ကုန် နဲ့ မန္တလေး အမှိုက်များမများ
ပြိုင်ကြတာပေါ့။ သို့်ပေသိ သူ့ ပုံထဲက ရန်ကုန်အမှိုက်တွေကတော့
လန်ထွက် မာန်တက်နေတာမြင်ပြီးပြီ။ ကိုယ်လဲမနေ့က သင်္ကြန်နောက်ဆုံးနေ့ 
လမ်းလျှောက်ရင်း အမှိုက်တွေတွေ့ ခဲ့တာပဲ အားမငယ်ပါဘူး။
သို့သော် သင်္ကြန်နောက်ဆုံးနေ့ 
နန်းမြို့ သူ မဏ္ဍပ်မှာ ကြည့်နေစဉ်
အမျိုးသမီးအချို့ နှင့် အမျိုးသား အချို့သည်
ကဒ်ပြားများကို မြောက်ပြီးကိုင်ဆောင်၍
ရေဆော့သူလူအုပ်ကြီးအတွင်း တိုးဝှေ့ ကာ
တန်းစီဝင်ရောက်လာတာတွေ့ မြင်ရပါတယ်။
အို ဘာတွေလဲ ဘာဖြစ်တာလဲပေါ့
သူတို့ ကိုင်ထားတဲ့ ကဒ်တွေဆီ မျက်လုံးက
ရောက်ရှိသွားပါတယ်။
အိုး...ဘာတဲ့
လေးစားပြီလေ
အမှိုက်များကို အမှိုက်ပုံးအတွင်း
စနစ်တကျစွန့်ပစ်ပါတဲ့
သူတို့ လက်က ကဒ်ပြားများမှာရေးထားတာပါ။
ဒါပေမယ့် လဲ ကျွန်တော်ပြန်ခဲ့တဲ့
ကျုံးဘေးလမ်းတစ်လျှောက်မှာတော့
ဖော့ဘူး ပုလင်းခွံ အချိုရည်ဗူးခွံတွေက
ဗရပွ ပါဗျာ။
နို့မို့ ဆို မနက်ဖန်မှ သဘက်ခါမှ သွားရိုက်မယ်
စိတ်ကူးနေတာ သွားဖို့ ပျင်းနေတာ။ သူ့ပိုစ့်မြင်မှ
သူ့ ရန်ကုန် က အမှိုက်တွေကိုပြိုင်ချင်တာနဲ့ 
ကမန်းကတန်း ကျုံးဘေးကို အပြေးအလွှာ ဖုန်းလေးနဲ့ဓာတ်ပုံသွားရိုက်ခဲ့ပါသည်။ အဲ့မှာ
တွေ့ တာပဲဗျို့ မန္တလေးမြို့တော်ဝန်နှင့် မန္တလေးသားများ လက်သွက်ချက်က ပုံမှာ
မြင်တဲ့အတိုင်းပဲ ကျုံးဘေးက အမှိုက်ကို
မနည်းရှာပြီးရိုက်ခဲ့ရတယ်။
မန်းစည်ပင်ကလူတွေ ဘယ်အချိန်က အမှိုက်
တွေကို သိမ်းနေလဲမသိဘူး အမှိုက်အနည်းငယ်သာ
မန်းကျုံးဘေးမှာတွေ့ ရတော့တယ်။ မနေ့က
အတက်နေ့ လမ်းလျောက်တုန်းကမြင်ခဲ့တဲ့
အမှိုက်တွေ ဘယ်ရောက်သွားပါလိမ့်
မန္တလေးသားတွေ လက်သွက်ချက်က
မျက်လှည့်ပြလိုက်သလိုပါပဲဗျာ။
အဲ.. အဲ ဒါနဲ့ ဘယ်လိုဖြစ်တာလဲပေါ့ဗျာ
နည်းနည်း သတင်းလေးစုံစမ်းလိုက်တော့
တွေ့ပါပြီဗျာ ဖေ့စ်ဘွတ်မှာ တစ်ကိုယ်တော်
အမှိုက်ကောက်သမလေးတဲ့။ နောက်တစ်ခု
စဉ်းစားမိတာ ကိုယ်ကျွေးမွေးတဲ့နေရာ ကိုယ်ရှင်းသွားကြသလား။
ကိုယ့်နေရာကိုယ်ရှင်းသွားကြသလား။
မန်းစည်ပင်ကပဲ ဦးစွာရှင်းလင်းသွား
သလားပေါ့ဗျာ။
အော်.. ရေးဖို့ကျန်သွားပ စီးပွားရေးသမား
ငါးရောင်းချသူများကလည်း နှစ်ဆန်းတစ်ရက်
ကုသိုလ်ပြုလုပ်သူများကို ငါးအိတ်များ
ရောင်းချပါသည်။ ငါးအိတ် တစ်အိတ်မှာ
ငါးကောင်ရေ ၃ ၄ ၅ ကောင်ခန့်သာပါတယ်
တစ်အိတ် ငွေငါးထောင်ဖြင့် ရောင်းချတယ်ဗျ။
ဆိုတော့ကာ ငါးရောင်းသူတို့ကလည်း
သူတို့ နေရာများကို ရှင်းလင်းပြီးရောင်းကြတော့
မန်းကျုံးဘေး နေရာအချို့ မှာ ပြောင်ရှင်းလင်း
နေတာကိုပင်တွေ့ မြင်ရပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ
မန်းလေးသားတွေ လက်သွက်ချက်က
SL ရေ.. ရန်ကုန် ကို ကျုပ်တို့ မန်းလေး
အနိုင်ပေးလိုက်ပါတယ်လို့ ...။